သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ဆႏၵျပပြဲကို အၾကမ္းဖက္ႏွိမ္နင္းမႈ ကုလလက္ခံမည္မဟုတ္


(Zawgyi/Unicode)

ျမန္မာနုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပသူေတြ အေပၚ အင္အား အလြန္အကြြ်ံသံုး ၿဖိဳးခြင္းတာဟာ လက္သင့္ခံႏုိင္စရာ မရွိေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာ ဌာေနကိုယ္စားလွယ္ Ola Almgren က ေျပာဆိုထားပါတယ္။

ျမန္မာ လံုၿခံဳေရး တပ္ဖြဲ႔ေတြ လူထုရဲ႕ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္ လြတ္လပ္စြာ ဆႏၵျပခြင့္ အပါအ၀င္ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြကို ေလးစားလုိက္နာဖို႔ ကုလသမဂၢရဲ႕ ျမန္မာ ဌာေနကိုယ္စားလွယ္ Ola Almgren ေတာင္းဆိုထားပါတယ္လု႔ိ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။ ျမန္မာ စစ္ေခါင္းေဆာင္ေတြ အေနန႔ဲ ဒီမုိကေရစီ စံႏႈန္းေတြကို ေလးစားလိုက္နာၿပီး ျမန္မာ ျပည္သူလူထုရဲ႕ ဆႏၵကို ေလးစားၿပီး မေက်လည္မႈေတြကို ၿငိမ္းခ်မ္းစြာ ေဆြးေႏြး အေျဖရွာ ၾကဖို႔ ကုလသမဂၢရဲ႕ ျမန္မာ ဌာေနကိုယ္စားလွယ္က ေတာင္းဆိုထားပါတယ္။

တခ်ိန္တည္းမွာဘဲ ျမန္မာျပည္တြင္း စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္ရတဲ႔ ပဋိပကၡေတြ အတြင္း ကေလးငယ္ေတြကို ထိခိုက္မွာကို အထူးစိုးရိမ္ေၾကာင္း ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြ အဖြဲ႔ UNICEF ကလည္း ေျပာဆိုထားပါတယ္။ ဆႏၵျပၾကတဲ႔ ကေလးေတြရဲ႕ ေဘးကင္းလံုၿခံဳေရး ၊ သူတို႔ကို ကာကြယ္ေပးေရးကို အဓိကထား ေဆာင္ရြက္ဖို႔၊ မေက်နပ္တာေတြကို ေအးေအးေဆးေဆး ညွိၾကဖို႔၊ အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ၾကဖို႔ လံုၿခံဳေရး အဖြဲ႔တြ အပါအ၀င္ ပတ္သက္ပါ၀င္ေနၾကသူေတြ အားလံုးကို ျမန္မာ ဆိုင္ရာ UNICEF ရံုးက ေတာင္းဆိုထားပါတယ္။

..............

ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းမှု ကုလလက်ခံမည်မဟုတ်
(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေ အပေါ် အင်အား အလွန်အကွျွံသုံး ဖြိုးခွင်းတာဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ် Ola Almgren က ပြောဆိုထားပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ လူထုရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် လွတ်လပ်စွာ ဆန္ဒပြခွင့် အပါအဝင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ် Ola Almgren တောင်းဆိုထားပါတယ်လု့ိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လေးစားလိုက်နာပြီး မြန်မာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာ ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။

တချိန်တည်းမှာဘဲ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ရတဲ့ ပဋိပက္ခတွေ အတွင်း ကလေးငယ်တွေကို ထိခိုက်မှာကို အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ကလည်း ပြောဆိုထားပါတယ်။ ဆန္ဒပြကြတဲ့ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေး ၊ သူတို့ကို ကာကွယ်ပေးရေးကို အဓိကထား ဆောင်ရွက်ဖို့၊ မကျေနပ်တာတွေကို အေးအေးဆေးဆေး ညှိကြဖို့၊ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ လုံခြုံရေး အဖွဲ့တွ အပါအဝင် ပတ်သက်ပါဝင်နေကြသူတွေ အားလုံးကို မြန်မာ ဆိုင်ရာ UNICEF ရုံးက တောင်းဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG