{{Zawgyi/Unicode}}
စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲတာကြောင့် ဆန္ဒပြ လူငယ်တွေနဲ့ လူထုက အလေ ျှာ့ပေးမှာမဟုတ်ဘူးလို့ မြင်တဲ့အကြောင်း ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့မှာ ဖွဲ့စည်းလိုက်တဲ့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပြောခွင့်ရ တဦးဖြစ်သူ ကိုသူအောင်က ဗွီအိုအေကိုပြောပါတယ်။
လက်ရှိ လူငယ်တွေမြင်ထားတာက အခုမျိုးဆက်သာ ထပ်ပြီးရှုံးနိမ့်မယ်ဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက် ရောက်လိမ့်မယ်၊ ဒီပွဲမှာ ရှုံးလို့မဖြစ်ဘူး၊ နိုင်အောင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လမ်းပေါ်ထွက်လာကြတာဖြစ်တယ်လို့လည်း ကိုသူအောင်ကပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
.........................................
{{Unicode}}