သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပ ပစ္ခတ္လူစုခြဲ အေျခအေန


Myanmar Military coup protest in Yangon

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ လမ္းေပၚထြက္ ကန္႔ကြက္ဆႏၵျပပဲြေတြ ေပၚေပါက္ေနတာ ၄ ရက္ေျမာက္ ေန႔မွာေတာ့ အာဏာပုိင္ေတြက အင္အားသုံးႏွိမ္နင္းတာ ဖမ္းဆီးတာေတြလည္း ရွိလာပါတယ္။ ေနျပည္ေတာ္မွာ ဆုိရင္လည္း ဆႏၵျပသူေတြကုိ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရသူေတြ ရွိသလုိ၊ မႏၱေလးနဲ႔ တျခားၿမိဳ႕ေတြမွာလည္း ဖမ္းဆီးမႈေတြ ရွိေနပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

လူစုလူေ၀းမလုပ္ဖုိ႔ အာဏာပုိင္ေတြက သတိေပးထားေပမဲ့ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ေနရာအႏွံ႔ ဆက္လက္ျဖစ္ပြားေနပါတယ္။ အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္မွာေတာ့ ရဲတပ္ဖဲြ႔က ဆႏၵျပသူေတြကုိ မီးသတ္ပုိက္ေတြသုံးၿပီး လူစုခဲြဖုိ႔ ႀကိဳးစားခဲ့သလုိ၊ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူ ၂၀ ေလာက္ ရွိခဲ့ေၾကာင္းလည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒီအထဲက ၂ ေယာက္ကေတာ့ ထိခုိက္မႈျပင္းထန္တယ္လုိ႔လည္း ဒဏ္ရာရသူေတြကုိ ကုသမႈေပးေနတဲ့ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံက က်န္းမာေရး ၀န္ထမ္းတဦးက ေျပာပါတယ္။

“ဘယ္သူမွ မေသေသးဘူးခင္ဗ်။ တစ္ေယာက္က ရင္ဘတ္ကို ထုတ္ခ်င္းေပါက္သြားတာပါ။ တစ္ေယာက္ကေတာ့ ေခါင္းကို က်ည္ထိတဲ့ တစ္ေယာက္ကေတာ့ ခုထိ အသက္ရွင္ပါေသးတယ္။ သူကို ေသၿပီဆိုေတာ့ အျပင္မွာပ်ံ႕ေနတယ္။ ဒါေပမယ့္ အေနအထားက ရွင္းရွင္းေျပာလို႔ရွိရင္ ဒါက ေသၿပီလိုေျပာလို႔ရတဲ့ အေနအထားပဲ။ ကြၽန္ေတာ္တို႔က အသက္ရႈရပ္တန္႔ေနတာကို အသက္ရႈစက္ ႐ိုက္ထားေပးတာ။ ကြၽန္ေတာ္တို႔ကေတာ့ အခုအေနအထားကေတာ့ ရာဘာက်ည္ဆန္နဲ႔ဆိုရင္ ဒီေလာက္ထိ ထိခိုက္ဒဏ္ရာမရႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္။ ေျပာလို႔ေတာ့မရေသးဘူး။ ဦးေခါင္းကိုထိတဲ့ က်ည္ဆန္ကေတာ့ ဦးေခါင္းခြံထဲမွာပဲ ရွိေနေသးတယ္လို႔ထင္ပါတယ္။ ဦးေခါင္းဓာတ္မွန္ေတြအရေလ။”

ေနျပည္ေတာ္က ဆႏၵျပပြဲအတြင္း အသက္ ၂၀ ၀န္းက်င္ လူငယ္ ၂ ဦး ျပင္းထန္ဒဏ္ရာရခဲ့ၾကတဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္လုိ႔ ဒဏ္ရာရသူ တဦးရဲ႕ သူငယ္ခ်င္းျဖစ္သူကလည္း မ်က္ျမင္ကုိယ္တုိင္ႀကံဳခဲ့ရတဲ့ အျဖစ္ကုိ အခုလိုေျပာျပပါတယ္။

“လူေတြကို စိတ္မဆိုးဆိုးေအာင္လုပ္ၿပီးတဲ့ အခ်ိန္မွာ ရာဘာေသနတ္ေတြနဲ႔လည္းေဖာက္ Water Gun ေတြနဲ႔လည္းပစ္ေနတယ္။ ကြၽန္ေတာ္ကလည္း ကြၽန္ေတာ္တို႔ဖက္က က်သြားတဲ့သူေတြကို သြားဆြဲထုတ္ေနတယ္။ ကြၽန္ေတာ္သူငယ္ခ်င္းကိုလည္း ကြၽန္ေတာ္ သြားဆြဲထုတ္ခဲ့တယ္၊ ထုတ္ၿပီးေတာ့ ဒီေကာင့္ကို မပစ္ပါနဲ႔ဆိုတာကို သူက စစ္အာဏာရွင္ အလိုမရွိဆိုၿပီးေတာ့ ေလာ္နဲ႔ေအာ္ၿပီးေတာ့ ျပန္ေျပးတဲ့အခ်ိန္မွာ သူ႔ကိုေနာက္ကေန ရည္႐ြယ္ခ်က္ရွိရွိ ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ ေနာက္ေက်ာကို ပစ္သြားတာဗ်ာ။”

မႏၱေလးၿမိဳ႕မွာလည္း ဒီကေန႔ ဆႏၵျပပဲြအတြင္း ရဲတပ္ဖဲြ႔နဲ႔ ဆႏၵျပသူေတြၾကား ထိပ္တုိက္အေျခအေနေတြ ႀကံဳခဲ့ရပါတယ္။ မႏၲေလးၿမိဳ႕က ၃၈ လမ္းနဲ႔ ၇၈ လမ္းေထာင့္မွာ ဆႏၵျပေနသူေတြက ရဲတပ္ဖြဲ႔က မီးသတ္ပုိက္ေတြ၊ မ်က္ရည္ယိုဗုံးေတြသုံးၿပီး လူစုခဲြဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးထားသူေတြ ရွိေပမဲ့ အေျခအေနက တည္တည္ၿငိမ္ၿငိမ္ ရွိေနေၾကာင္းလည္း မႏၲေလးတိုင္း ရဲတပ္ဖဲြ႔က ဒုရဲမႈးႀကီး ေမာင္ေမာင္က ဗြီအုိေအကုိ ေျပာပါတယ္။

“၅၀ ေက်ာ္ေလာက္ရွိပါတယ္။ အေျခအေနေအးေအးေဆးေဆးပါပဲ။ ၃၈ လမ္း ၇၃ လမ္းဖက္မွာေတာ့ သူတို႔ေတြက ခဲေတြနဲ႔ ျပန္ပစ္လို႔ ရဲတပ္ဖြဲ႕ဝင္ေတြ ဒဏ္ရာရသြားတာရွိပါတယ္။ မႏၲေလးျပည္သူျပည္သားေတြ ေအးေအးေဆးေဆး ေအးေအးခ်မ္းခ်မ္းပါပဲ။”

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ေနရာအႏွံ႔ေပၚေပါက္ေနတဲ့အထဲက ပဲခူးတုိင္း၊ မေကြးတုိင္းနဲ႔ ရခုိင္ျပည္နယ္ အပါအ၀င္ တုိင္းနဲ႔ျပည္နယ္ တခ်ဳိ႕မွာလည္း အာဏာပုိင္ေတြက လူစုခဲြ၊ ႏွိမ္နင္းဖုိ႔ ႀကိဳးပမ္းတာေတြ၊ ဖမ္းဆီးမႈေတြလည္း ရွိပါတယ္။ ေရြးေကာက္ပဲြမွာ အႏုိင္ရထားတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြနဲ႔ ဖဲြ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳ ေကာ္မတီကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔နဲ႔ ႏုိင္ငံသားေတြရဲ႕ အေျခခံအခြင့္အေရးကုိ အကာအကြယ္ေပးဖုိ႔ ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္ တုိက္တြန္းခ့ဲတာပါ။

ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကန္႔ကြက္ဆႏၵျပေနသူေတြကုိ အင္အားသုံး ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔နဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္နဲ႔ စုေ၀းခြင့္ေတြကုိ ေလးစားဖုိ႔ သတိေပးထားပါတယ္။ ဆႏၵျပသူေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြက အင္အားသုံးႏွိမ္နင္းတဲ့ သတင္းေတြ အလြန္အမင္း စုိးရိမ္ေၾကာင္းလည္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ႐ုံးက ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့တာပါ။ ဆႏၵျပသူေတြအေပၚ အင္အားအလြန္အကၽြံသုံးတာကုိ လက္မခံႏုိင္ေၾကာင္းနဲ႔ လြတ္လပ္စြာ စုေ၀းခြင့္၊ ထုတ္ေဖာ္ေျပာဆုိခြင္ အပါအ၀င္ အေျခခံလြတ္လပ္ခြင့္ေတြကုိ ေလးစားဖုိ႔လည္း ကုလသမဂၢဌာေန ညႇိႏႈိင္းေရးမႉးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး Mr. Ola Almgren ကတုိက္တြန္းထားပါတယ္ရွင္။

.............................................

ဆႏၵျပ ပစ္ခတ္လူစုခြဲ အေျခအေန
please wait

No media source currently available

0:00 0:03:13 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၄ ရက်မြောက် နေ့မှာတော့ အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာ ဖမ်းဆီးတာတွေလည်း ရှိလာပါတယ်။ နေပြည်တော်မှာ ဆိုရင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ မန္တလေးနဲ့ တခြားမြို့တွေမှာလည်း ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက သတိပေးထားပေမဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့သလို၊ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့ကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။ ဒီအထဲက ၂ ယောက်ကတော့ ထိခိုက်မှုပြင်းထန်တယ်လို့လည်း ဒဏ်ရာရသူတွေကို ကုသမှုပေးနေတဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတဦးက ပြောပါတယ်။

“ဘယ်သူမှ မသေသေးဘူးခင်ဗျ။ တစ်ယောက်က ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားတာပါ။ တစ်ယောက်ကတော့ ခေါင်းကို ကျည်ထိတဲ့ တစ်ယောက်ကတော့ ခုထိ အသက်ရှင်ပါသေးတယ်။ သူကို သေပြီဆိုတော့ အပြင်မှာပျံ့နေတယ်။ ဒါပေမယ့် အနေအထားက ရှင်းရှင်းပြောလို့ရှိရင် ဒါက သေပြီလိုပြောလို့ရတဲ့ အနေအထားပဲ။ ကျွန်တော်တို့က အသက်ရှုရပ်တန့်နေတာကို အသက်ရှုစက် ရိုက်ထားပေးတာ။ ကျွန်တော်တို့ကတော့ အခုအနေအထားကတော့ ရာဘာကျည်ဆန်နဲ့ဆိုရင် ဒီလောက်ထိ ထိခိုက်ဒဏ်ရာမရနိုင်ဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ ပြောလို့တော့မရသေးဘူး။ ဦးခေါင်းကိုထိတဲ့ ကျည်ဆန်ကတော့ ဦးခေါင်းခွံထဲမှာပဲ ရှိနေသေးတယ်လို့ထင်ပါတယ်။ ဦးခေါင်းဓာတ်မှန်တွေအရလေ။”

နေပြည်တော်က ဆန္ဒပြပွဲအတွင်း အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒဏ်ရာရသူ တဦးရဲ့ သူငယ်ချင်းဖြစ်သူကလည်း မျက်မြင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်ကို အခုလိုပြောပြပါတယ်။

“လူတွေကို စိတ်မဆိုးဆိုးအောင်လုပ်ပြီးတဲ့ အချိန်မှာ ရာဘာသေနတ်တွေနဲ့လည်းဖောက် Water Gun တွေနဲ့လည်းပစ်နေတယ်။ ကျွန်တော်ကလည်း ကျွန်တော်တို့ဖက်က ကျသွားတဲ့သူတွေကို သွားဆွဲထုတ်နေတယ်။ ကျွန်တော်သူငယ်ချင်းကိုလည်း ကျွန်တော် သွားဆွဲထုတ်ခဲ့တယ်၊ ထုတ်ပြီးတော့ ဒီကောင့်ကို မပစ်ပါနဲ့ဆိုတာကို သူက စစ်အာဏာရှင် အလိုမရှိဆိုပြီးတော့ လော်နဲ့အော်ပြီးတော့ ပြန်ပြေးတဲ့အချိန်မှာ သူ့ကိုနောက်ကနေ ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်သူငယ်ချင်းရဲ့ နောက်ကျောကို ပစ်သွားတာဗျာ။”

မန္တလေးမြို့မှာလည်း ဒီကနေ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်အခြေအနေတွေ ကြုံခဲ့ရပါတယ်။ မန္တလေးမြို့က ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်မှာ ဆန္ဒပြနေသူတွေက ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့တာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူတွေ ရှိပေမဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေကြောင်းလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဒုရဲမှုးကြီး မောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“၅၀ ကျော်လောက်ရှိပါတယ်။ အခြေအနေအေးအေးဆေးဆေးပါပဲ။ ၃၈ လမ်း ၇၃ လမ်းဖက်မှာတော့ သူတို့တွေက ခဲတွေနဲ့ ပြန်ပစ်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသွားတာရှိပါတယ်။ မန္တလေးပြည်သူပြည်သားတွေ အေးအေးဆေးဆေး အေးအေးချမ်းချမ်းပါပဲ။”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နေရာအနှံ့ပေါ်ပေါက်နေတဲ့အထဲက ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာလည်း အာဏာပိုင်တွေက လူစုခွဲ၊ နှိမ်နင်းဖို့ ကြိုးပမ်းတာတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့ ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြနေသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို လေးစားဖို့ သတိပေးထားပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းတဲ့ သတင်းတွေ အလွန်အမင်း စိုးရိမ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံသုံးတာကို လက်မခံနိုင်ကြောင်းနဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင် အပါအဝင် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကတိုက်တွန်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG