(Zawgyi/Unicode)
ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်အရပ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ကို အင်္ဂါနေ့ညမှာ ရဲတွေက သော့ဖျက်ပြီး ဝင်စီးခဲ့တဲ့တယ်လို့ NLD ဗဟိုသုတေသနဌာန အတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ဗွီအိုအေ ကိုပြောပါတယ်။ NLD ရုံးချုပ် ဝင်စီးခံရတဲ့ နောက်ဆုံးအခြေအနေကိုတော့ ကိုဇော်ထက်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးကျော်ဝဏ္ဏ။ ။ ကျနော်တို့လည်း ရုံးကို မနေ့ကမှ စဖွင့်တာ ၊ မနေ့ကတောင်မှ နေ့လည်ပိုင်းလောက်မှ စဖွင့်တာ ။ စဖွင့်တယ် နောက် ကျနော်တို့က ညနေ ရုံးကို ၄ နာရီခွဲလောက် ရုံးပိတ်ကြတယ်ပေါ့နော်။ ဒီနေ့ကတော့ ကျနော်တို့ ၉ ခွဲ ၁၀ နာရီလောက်က စဖွင့်တာပေါ့နော်။ ဖွင့်ပြီးတော့ ၅ နာရီလောက် ရုံးပိတ်ပြီး ပြန်ကြတယ်ပေါ့နော်။ပြန်ကြတော့ ကျနော်တို့ရုံးမှာ CCTV တပ်ထားတာပေါ့နော်။ ည ၉ နာရီကျော်လောက်မှာ တပ်နဲ့ ရဲနဲ့က အပြင်မှာသူတို့ ၊ ကျနော်တို့ကြားရသလောက်ဆိုရင် စစ်ကားနဲ့ လမ်းမှာ ။ အခုက ၉ နာရီကျော်ဆိုရင် Curfew ထုတ်ထားတော့ အခုက လမ်းမှာလည်း လူမရှိတော့ဘူးပေါ့နော်။ အဲဒီအချိန်မှာ ပိတ်ချပြီးတော့ တံခါးသော့ကို ဖျက်တယ်။ တံခါးသော့ကို ဖျက်ပြီးတော့ ဝင်တယ်။ အဲဒါကတော့ ကျနော်တို့ CCTV စောင့်ကြည့်နေတဲ့ ကျနော်တို့အဖွဲ့ထဲက တယောက်က လှမ်းတွေ့ပြီးတော့ ကျနော်တို့ကို ဖုန်းဆက်ပြောတယ်။ ဒီမှာ ရုံးချုပ်ကိုတော့ သူတို့ဝင်နေပြီ၊ အခုအချိန်အထိ ဝင်တုန်းပါပဲခင်ဗျ အခုဖုန်းဆက်တဲ့အချိန် သူတို့ဝင်တုန်းပဲ။
ကိုဇော်ထက်။ ။ ဟုတ်ကဲ့ သူတို့ အင်အားဘယ်လောက်ရှိသလဲ။
ဦးကျော်ဝဏ္ဏ။ ။ အဲဒါတော့ ကျနော်တို့က အသေးစိတ်တော့ အခုအချိန်အထိ မသိရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က Curfew ဧရိယာဖြစ်တော့ ၊ ကျနော်တို့ CCTV သမားကလည်း သူ ကြည့်လို့ရသလောက်ကို ကြည့်ပြီးတော့ပြောနေတာ။ ကျနော်တို့ အထဲကြည့်နေတာမဟုတ်ဘူး ၊ ကျနော်တို့ဆီမှာ ကင်မရာကို ရီမုတ်နဲ့ စောင့်ကြည့်တဲ့သူရှိတယ်။ သူပြောပြတာကတော့ ဓါတ်မီးတွေနဲ့ ထိုးပြီးတော့ ဝင်ရှာဖွေနေတာတော့ တွေ့ရတယ်လို့ ပြောတယ်။
ကိုဇော်ထက်။ ။ ဟုတ်ကဲ့ ဟိုတလောကလည်း အောက်ခြေရုံးခွဲတွေမှာလည်း ဒီလို ကိစ္စတွေလုပ်ခဲ့တယ်။ အခု ရုံးချုပ်အထိ သူတို့ ဒီလိုလုပ်လာတဲ့ ကိစ္စအပေါ်မှာ ဆရာတို့ ဘာများသုံးသပ်ချင်ပါသလဲ လက်ရှိအခြေအနေအရ။
ဦးကျော်ဝဏ္ဏ။ ။ ကျနော်တို့ ပြောချင်တဲ့တာ တချက်ပဲ ကျနော်တို့သည် တရားဝင်ပါတီ၊ UEC မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီ။ ပါတီ သက်တမ်းလည်း နှစ် ၃၀ ကျော်ပြီ။ ကျနော်တို့ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရပါတီဖြစ်တယ်။ တကယ်တမ်းသာ ကျနော်တို့ ပါတီကို ရှာဖွေချင်တယ်၊ ဘာညာဆိုရင် ဥပဒေအတိုင်းဆောင်ရွက်ဖို့ကောင်းတယ်။ ကျနော်တို့ ရုံးဖွင့်ထားတဲ့အချိန်မှာ တရားဝင် သူတို့ ရဲတပ်ဖွဲ့လာလို့ရတယ်။ နောက်ပြီး သူတို့ ဘာရှာချင်ပါတယ်ဆိုတာ ခွင့်တောင်းပြီးတော့ ကျနော်တို့ကို လုပ်လို့ရတယ်။ အခုကျတော့ ရုံးပိတ်ထားတဲ့အချိန်၊ ဘယ်သူမှ မရှိတဲ့အချိန်မှာ ဓါးပြတိုက်သလိုမျိုး အိမ်ကို သော့ဖျက်ပြီးတော့ ဥပဒေမဲ့လုပ်တာ၊ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လေ။ ဒါသည် ကျနော်တို့ လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒီကိစ္စကို ကျနော်တို့ ဥပဒေအတိုင်း ဆက်လက်ဆောာင်ရွက်ဖို့တော့ ကျနော်တို့ မနက်ဖြန်မှာ ကျနော်တို့ရဲ့ ကျန်ရှိနေသေးတဲ့ လူကြီးတွေကို အကြောင်းကြားပြီးတော့ ကျနော်တို့ ဆက်လက်ဆောင်ရွက်မှာပါ။
NLD ဗဟိုသုတေသနဌာန အတွင်းရေးမှူး ဦးကျော်ဝဏ္ဏကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ဆက်သွယ်မေးမြန်းခဲ့တာပါ။
............................................
(Unicode)
ကိုဇောျထကျ။ ။ ဟုတျကဲ့ ဟိုတလောကလညျး အောကျခွရေုံးခှဲတှမှောလညျး ဒီလို ကိစ်စတှလေုပျခဲ့တယျ။ အခု ရုံးခြုပျအထိ သူတို့ ဒီလိုလုပျလာတဲ့ ကိစ်စအပေါျမှာ ဆရာတို့ ဘာမြားသုံးသပျခငြျပါသလဲ လကျရှိအခွအေနအေရ။