သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္ရျခင္း အေၾကာင္းရင္း


(Zawgyi/Unicode)
ဖမ္းဆီးခံေနရတဲ့ ျမန္မာ့ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရဲတပ္ဖြဲ႕က အမႈဖြင့္ စြဲခ်က္တင္လိုက္တယ္လို႔ ဗုဒၶဟူးေန႔က NLD ပါတီ တာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီ စြဲဆိုခ်က္နဲ႔ ဥပေဒအရ စစ္တပ္အာဏာပိုင္ေတြက ေဒၚေအာင္ဆန္းစုၾကည္ကို အနည္းဆုံး ေဖေဖာ္ဝါရီ လလယ္အထိ ဆက္ၿပီး ဖမ္းဆီးထားနိုင္မွာ ျဖစ္ပါတယ္။ ဒီအေၾကာင္း ကိုရဲမင္းထြန္းက ေျပာျပမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တင္လိုက္တဲ့ စြဲဆိုခ်က္က တရားမဝင္ တင္သြင္းလာတဲ့ ေဝၚကီေတာ္ကီ စကားေျပာစက္ေတြ ပိုင္တာေၾကာင့္လို႔ ဆိုပါတယ္။ အာဏာသိမ္းပြဲမွာ ဖမ္းဆီးအၿပီး ၂ရက္အၾကာမွာ ဒီစြဲခ်က္ ထြက္ေပၚလာတာပါ။ ဒါက ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္ၿပီး ဖမ္းဆီး ထားနိုင္ေရး ပုဒ္မတစ္ခုကို ရွာလိုက္ပုံ ရပါတယ္။ အရင္ကလည္း စစ္ဗိုလ္ခ်ဳပ္ေတြက ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ကာလ အေတာ္ၾကာ ဖမ္းဆီး ထိန္းသိမ္းခဲ့ဖူးတာပါ။

ဒီလို တရားစြဲလိုက္တာက စိတ္အေႏွာက္အယွက္ ျဖစ္စရာပါလို႔ အေမရိကန္နိုင္ငံက ေျပာပါတယ္။

“နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို အမႈဖြင့္လိုက္တာနဲ႔ အမ်ိဳးသား ဒီမိုကေရစီပါတီက လႊတ္ေတာ္ကိုယ္စား လွယ္ေတြကို ေနျပည္ေတာ္ကေန ဖယ္ရွားေပးဖို႔ အမိန္႔ေပးတဲ့ သတင္းေတြကို ၾကားရပါတယ္။ စိတ္ အေႏွာက္အယွက္ျဖစ္စရာပါ။ ဖမ္းဆီးထားတဲ့လူေတြအားလုံးကို ျပန္လႊတ္ေပးဖို႔ ကၽြန္ေတာ္တို႔ ေတာင္းဆိုပါတယ္။” လို ့အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price ေျပာသြားတာပါ။

ကုလသမဂၢအဖြဲ႕ႀကီးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုတာက ဥပေဒ စိုးမိုးေရးကို အားနည္းေစတယ္လို႔ ေျပာပါတယ္။

“ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ဖမ္းဆီးထိန္းသိမ္းခံေနရသူေတြ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားသလို၊ ဆက္လက္ ေတာင္းဆို သြားမွာလည္း ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို တရားစြဲတာဟာ ျမန္မာနိုင္ငံမွာ တရားဥပေဒ စိုးမိုးေရးနဲ႔ ဒီမိုကေရစီ ျဖစ္စဥ္ကို ထပ္ေလာင္း အားနည္းယုတ္ေလ်ာ့ေစပါတယ္။ ဖမ္းဆီးခံထားရသူေတြရဲ့ အေျခအေနေတြ အေပၚမွာလည္း အမ်ားႀကီး စိုးရိမ္ပူပန္မိပါတယ္။ ကပ္ေရာဂါ ျဖစ္ေနခ်ိန္မို႔ ပိုၿပီး စိတ္ပူပန္ရေစပါတယ္။”
လို ့ကုလ ေျပာခြင့္ရ Stephane Dujarric က ေျပာတာပါ။

ျမန္မာ့အေရး ေလ့လာ သုံးသပ္သူ Larry Jagan ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို အမႈဆင္လိုက္တာက မအံ့ဩဘူးလို႔ ေျပာပါတယ္။

“ဒါကို မေမၽွာ္လင့္ပဲေနခဲ့တာေတာ့ မဟုတ္ပါဘူး။ စစ္တပ္က NLD ကို အထူးသျဖင့္ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈဆင္ဖို႔ လုပ္မယ္ဆိုတာထင္ရွားပါတယ္။ ဒါက အာဏာကို လုယူလိုက္တာပါ။ ဆက္သြယ္ေရးကိရိယာ ေဝၚကီေတာ္ကီ တရားမဝင္တင္သြင္းတယ္ ဆို ၿပီး သူ႔ကို စြပ္စြဲ ပါတယ္။ မႀကီးေလးတဲ့ အျပစ္ တစ္ခုပါ။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ ၁၂ လအတြင္း ေရြးေကာက္ပြဲ မဝင္နိုင္ဘူးဆိုတဲ့ အဓိပၸါယ္လည္း ရွိေနပါတယ္။”

Amnesty International အဖြဲ႕က ေဒသဆိုင္ရာ တာဝန္ရွိသူ Emerlynne Gil ကေတာ့ စစ္တပ္က တိုင္းျပည္ကို အေၾကာက္တရားနဲ႔ ၿခိမ္းေျခာက္ မႈနဲ႔ အုပ္စိုးဖို႔ လုပ္ေနတာလို႔ေျပာပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ကို ဒီ အမႈေတြနဲ႔ အမႈဖြင့္တာ ေတြ႕ရေတာ့ စစ္တပ္က နိုင္ငံေရး ပေယာဂနဲ႔ ဒီလို စြဲခ်က္တင္လိုက္တာဆိုတာ တကယ္ကို ပဲ ျမင္လာရပါတယ္။ ဒါက စစ္တပ္အေနနဲ႔ သူ႔ကိုယ္သူ အျပစ္ကင္းလြတ္ဖို႔အေရး အနိုင္က်င့္ၿပီး ေၾကာက္ရြံ့ေအာင္ လုပ္ေနတာပါ။"

တကယ္ေတာ့ ဒီအမႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ႏႈတ္ဆိတ္ေအာင္ လုပ္ဖို႔ ႀကိဳးစားလိမ့္မယ္လို႔လည္း Larry Jagan က ေျပာပါတယ္။

"သူတို႔ စီစဥ္ထားတာက ေဒၚေအာင္ဆန္းစုၾကည္ကို ႏႈတ္ဆိတ္ေအာင္လုပ္ဖို႔ဆိုတာ သံသယရွိစရာ မလိုပါဘူး။ သူ႔ရဲ့ အနာဂတ္ နိုင္ငံေရးကို ပိတ္ ပင္ၿပီး ေနာက္လုပ္မယ့္ ေရြးေကာက္ပြဲအေပၚ သူ႔ ဩဇာ မရွိေအာင္ လုပ္တာ ျဖစ္ပါတယ္။ ဒါက စစ္တပ္ရဲ့ တကယ့္ mindset ပဲ။ စာအုပ္ႀကီး အတိုင္းျဖစ္ေပမယ့္ ဥပေဒကို အေျခခံထားတယ္။"

ေပါက္ၾကားလာတဲ့ ရဲတပ္ဖြဲ႕ရဲ့ စာအရ အခု ဆင္ထားတဲ့ အမႈေတြအရ စစ္တပ္အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ကို ေဖေဖာ္ ဝါရီ ၁၅ ရက္ေန႔အထိ ရမန္ခ်ဳပ္နဲ႔ ဖမ္းဆီးထားနိုင္ဖို႔ ေဖာ္ျပထားပါတယ္။

............................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ရခြင်း အကြောင်းရင်း

(Unicode)

ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲတပ်ဖွဲ့က အမှုဖွင့် စွဲချက်တင်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ စွဲဆိုချက်နဲ့ ဥပဒေအရ စစ်တပ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အနည်းဆုံး ဖေဖော်ဝါရီ လလယ်အထိ ဆက်ပြီး ဖမ်းဆီးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုရဲမင်းထွန်းက ပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်လိုက်တဲ့ စွဲဆိုချက်က တရားမဝင် တင်သွင်းလာတဲ့ ဝေါ်ကီတော်ကီ စကားပြောစက်တွေ ပိုင်တာကြောင့်လို့ ဆိုပါတယ်။ အာဏာသိမ်းပွဲမှာ ဖမ်းဆီးအပြီး ၂ရက်အကြာမှာ ဒီစွဲချက် ထွက်ပေါ်လာတာပါ။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီး ထားနိုင်ရေး ပုဒ်မတစ်ခုကို ရှာလိုက်ပုံ ရပါတယ်။ အရင်ကလည်း စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကာလ အတော်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့ဖူးတာပါ။

ဒီလို တရားစွဲလိုက်တာက စိတ်အနှောက်အယှက် ဖြစ်စရာပါလို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အမှုဖွင့်လိုက်တာနဲ့ အမျိုးသား ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စား လှယ်တွေကို နေပြည်တော်ကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးတဲ့ သတင်းတွေကို ကြားရပါတယ်။ စိတ် အနှောက်အယှက်ဖြစ်စရာပါ။ ဖမ်းဆီးထားတဲ့လူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။” လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ပြောသွားတာပါ။

ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာက ဥပဒေ စိုးမိုးရေးကို အားနည်းစေတယ်လို့ ပြောပါတယ်။

“ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို၊ ဆက်လက် တောင်းဆို သွားမှာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို ထပ်လောင်း အားနည်းယုတ်လျော့စေပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေ အပေါ်မှာလည်း အများကြီး စိုးရိမ်ပူပန်မိပါတယ်။ ကပ်ရောဂါ ဖြစ်နေချိန်မို့ ပိုပြီး စိတ်ပူပန်ရစေပါတယ်။”
လို့ကုလ ပြောခွင့်ရ Stephane Dujarric က ပြောတာပါ။

မြန်မာ့အရေး လေ့လာ သုံးသပ်သူ Larry Jagan ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမှုဆင်လိုက်တာက မအံ့ဩဘူးလို့ ပြောပါတယ်။

“ဒါကို မမျှော်လင့်ပဲနေခဲ့တာတော့ မဟုတ်ပါဘူး။ စစ်တပ်က NLD ကို အထူးသဖြင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ လုပ်မယ်ဆိုတာထင်ရှားပါတယ်။ ဒါက အာဏာကို လုယူလိုက်တာပါ။ ဆက်သွယ်ရေးကိရိယာ ဝေါ်ကီတော်ကီ တရားမဝင်တင်သွင်းတယ် ဆို ပြီး သူ့ကို စွပ်စွဲ ပါတယ်။ မကြီးလေးတဲ့ အပြစ် တစ်ခုပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နောက် ၁၂ လအတွင်း ရွေးကောက်ပွဲ မဝင်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ရှိနေပါတယ်။”

Amnesty International အဖွဲ့က ဒေသဆိုင်ရာ တာဝန်ရှိသူ Emerlynne Gil ကတော့ စစ်တပ်က တိုင်းပြည်ကို အကြောက်တရားနဲ့ ခြိမ်းခြောက် မှုနဲ့ အုပ်စိုးဖို့ လုပ်နေတာလို့ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဒီ အမှုတွေနဲ့ အမှုဖွင့်တာ တွေ့ရတော့ စစ်တပ်က နိုင်ငံရေး ပယောဂနဲ့ ဒီလို စွဲချက်တင်လိုက်တာဆိုတာ တကယ်ကို ပဲ မြင်လာရပါတယ်။ ဒါက စစ်တပ်အနေနဲ့ သူ့ကိုယ်သူ အပြစ်ကင်းလွတ်ဖို့အရေး အနိုင်ကျင့်ပြီး ကြောက်ရွံ့အောင် လုပ်နေတာပါ။"

တကယ်တော့ ဒီအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆိတ်အောင် လုပ်ဖို့ ကြိုးစားလိမ့်မယ်လို့လည်း Larry Jagan က ပြောပါတယ်။

"သူတို့ စီစဉ်ထားတာက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆိတ်အောင်လုပ်ဖို့ဆိုတာ သံသယရှိစရာ မလိုပါဘူး။ သူ့ရဲ့ အနာဂတ် နိုင်ငံရေးကို ပိတ် ပင်ပြီး နောက်လုပ်မယ့် ရွေးကောက်ပွဲအပေါ် သူ့ ဩဇာ မရှိအောင် လုပ်တာ ဖြစ်ပါတယ်။ ဒါက စစ်တပ်ရဲ့ တကယ့် mindset ပဲ။ စာအုပ်ကြီး အတိုင်းဖြစ်ပေမယ့် ဥပဒေကို အခြေခံထားတယ်။"

ပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ရဲ့ စာအရ အခု ဆင်ထားတဲ့ အမှုတွေအရ စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖေဖော် ဝါရီ ၁၅ ရက်နေ့အထိ ရမန်ချုပ်နဲ့ ဖမ်းဆီးထားနိုင်ဖို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG