သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ဆန္႔က်င္ေရး ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္မႈေတြကုိ NLD ေထာက္ခံသည္


ရန္ကုန္ၿမိဳ႕တြင္ စစ္အာဏာသိမ္းတာကုိ ကန္႔ကြက္ ဆႏၵျပေနၾကစဥ္။ (ေဖေဖာ္၀ါရီ ၆ ရက္)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို မေက်နပ္လို႔ နည္းလမ္းမ်ိဳးစုံနဲ႔ ၿငိမ္းခ်မ္းစြာ ကန႔္ကြက္၊ ဆႏၵေဖာ္ထုတ္ေနတာေတြကို NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ပူးေပါင္းပါဝင္ၿပီး ေထာက္ခံအားေပးသြားမယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေဆြက ေျပာလိုက္ပါတယ္။ ဦးသိန္းေဆြကို ကိုေဇာ္ဝင္းလႈိင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ေမး။ အခု ဦးသိန္းေဆြကို က်ေနာ္ ေမးေနတဲ့အခ်ိန္မွာကိုဘဲ ရန္ကုန္ၿမိဳ႕က လွည္းတန္းေဒသတဝိုက္မွာ ဆႏၵျပေနၾကတာေတြ ရွိပါတယ္။ အဲဒီအေပၚမွာ ဦးသိန္းေဆြအေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ ခင္ဗ်။

ဦးသိန္းေဆြ။ “ဆႏၵျပတာကေတာ့ ၾကားရတာေတာ့ လွည္းတန္းတဝိုက္တင္ မဟုတ္ဘူးဗ်။ သကၤန္းကြၽန္းဘက္ေတြမွာလည္း ျပတယ္။ ၾကည့္ျမင္တိုင္ဘက္ေတြမွာလည္း ျပတယ္။ ျပတဲ့ေနရာေတြက ေသာင္းခ်ီတယ္။ လူထုကိုယ္တိုင္ကကို မခံမရပ္ႏိုင္ျဖစ္လာၿပီးေတာ့ ၿငိမ္းခ်မ္းစြာနဲ႔ ဆႏၵေဖာ္ထုတ္ေနၾကတဲ့ အေနအထား ျဖစ္လာတယ္။ က်ေနာ္တို႔က ျပည္သူနဲ႔တသားတည္းရွိတဲ့ ပါတီ အဖြဲ႕အစည္းျဖစ္တယ္။ ျပည္သူ႔ဆႏၵကို က်ေနာ္တို႔က အေလးထားတဲ့ပါတီျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီကေန႔ ေဆာင္႐ြက္ေနၾကတဲ့ ျပည္သူလူထုရဲ႕ ၿငိမ္းခ်မ္းစြာ ထုတ္ေဖာ္ ျပသမႈေတြ၊ ထုတ္ေဖာ္ ဆႏၵျပမႈေတြ၊ ေနာက္တခါ ဒီ ၿငိမ္းခ်မ္းစြာနဲ႔ လုပ္ေဆာင္ေနတဲ့ လုပ္ရပ္မွန္သမွ်အတြက္ က်ေနာ္တို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ေထာက္ခံတယ္၊ အားေပးတယ္။”

ေမး။ ဟုတ္ကဲ့ခင္ဗ်၊ ဒါနဲ႔ပတ္သက္လို႔ ၾကားေနရတာေတြလည္း အမ်ိဳးစုံျဖစ္ေနပါတယ္။ အခုဟာက ဒီဆႏၵျပပြဲေတြ၊ လမ္းမထြက္တာေတြကို NLD က မႀကိဳက္ဘူးတို႔၊ ေဒၚေအာင္ဆန္းစုၾကည္က လက္မခံဘူးတို႔ အဲဒီလိုမ်ိဳး သေဘာထားေတြလည္း ၾကားေနရတာေတြ ရွိပါတယ္။ ဦးသိန္းေဆြကေရာ၊ NLD က တာဝန္ရွိတဲ့သူတဦးအေနနဲ႔ အခုလို လမ္းမေတြေပၚထြက္ ဆႏၵျပတာေတြအေပၚမွာ ဘယ္လို သေဘာရပါသလဲ ခင္ဗ်။

ဦးသိန္းေဆြ။ “က်ေနာ္ ပြင့္ပြင့္လင္းလင္းပဲ ေျပာမယ္ဗ်။ အခုဟာ သတင္းမွားေတြ ထုတ္လႊင့္ေနတာေတြ ရွိတယ္။ သတင္းမွား ထုတ္လႊင့္ေနတာေတြကလည္း တကယ္တန္းေတာ့ ဒါကို သတိျပဳရမွာ။ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လြတ္တယ္ဆိုၿပီးေတာ့ မေန႔ကလည္း အုံးအုံးနဲ႔ ျဖစ္ၾကတယ္။ ျပန္မလြတ္ေသးဘူး။ လြတ္တယ္ဆိုရင္ က်ေနာ္တို႔ျပည္သူကို အသိေပးမွာ။ ျပန္လြတ္တာနဲ႔ ျပည္သူလူထုကို အသိေပးမွာ။ အဲဒီလို သတင္းမွားေတြကို မယုံၾကည္ပါနဲ႔။ ျပန္မလြတ္ေသးဘူး။ ေနာက္ က်ေနာ္တို႔ CEC ေတြကိုလည္း ဆက္လက္ၿပီးေတာ့ ဖမ္းဆီး ထိန္းသိမ္းထားဆဲဘဲ ရွိတယ္။ ဒါကို သတင္းမွားေတြကို မယုံၾကည္ဖို႔ က်ေနာ္တို႔ ေျပာခ်င္တယ္။ ေနာက္တခုက ဒီကေန႔ လမ္းမေပၚမွာ ထြက္လာတဲ့ က႑ေပါင္းစုံကပုဂၢိဳလ္ေတြ၊ ျပည္သူေတြ၊ ဒီပုဂၢိဳလ္ေတြနဲ႔အတူ က်ေနာ္တို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကလည္း ပါဝင္ ပူးေပါင္းၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ ေဆာင္႐ြက္ၾကတာ ျဖစ္တယ္။ အဲဒီအေပၚမွာ ဒီ ဆႏၵျပမႈနဲ႔ပတ္သက္ၿပီးေတာ့ မလုပ္ရဘူး၊ မျပဳရဘူးဆိုတဲ့ ၫြန္ၾကားခ်က္မ်ိဳး က်ေနာ္တို႔ မရွိခဲ့ဘူး။ ဒါေၾကာင့္မို႔လို႔ ဒီအေပၚမွာ သတင္းမွားေတြကို မယုံၾကည္ပါနဲ႔။ က်ေနာ္တို႔ ေျပာခ်င္တာကေလ ေနာ္။ က်ေနာ္တို႔ အခုလက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားျပဳမႈ ေကာ္မီတီေတြ CRPH ကို က်ေနာ္တို႔ ဖြဲ႕ထားတယ္။ ဒီကေနၿပီးေတာ့မွ ဆက္သြယ္ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းစဥ္ေတြ ရွိမယ္။ ေနာက္တခါ အခု လမ္းမေတြေပၚမွာထြက္ၿပီးေတာ့ ဆႏၵျပေနၾကတဲ့ ျပည္သူေတြ၊ ဒါဟာ က်ေနာ္တို႔အေနနဲ႔ ဒီလူေတြနဲ႔အတူ တသားတည္းရွိတယ္ဆိုတာကို က်ေနာ္တို႔ ေျပာခ်င္တယ္။”

ေမး။ ေနာက္တခု အခု ျပည္သူေတြၾကားထဲမွာ စိုးရိမ္မႈျဖစ္ေနတာက စစ္အာဏာသိမ္းတာကို မေက်နပ္လို႔ ကန႔္ကြက္ ဆႏၵျပၾကတာေတာ့ ဟုတ္ပါၿပီ၊ အခုခ်ိန္ထိေတာ့ ၂ ရက္ရွိၿပီေပါ့ေနာ္။ မေန႔ကျပတယ္၊ ဒီကေန႔ျပတယ္။ အခုလဲ ျပေနၾကတယ္ေပါ့။ ဒါေပမယ့္ အဲဒီ ဆႏၵျပတဲ့လူေတြကို အၾကမ္းဖက္တုန႔္ျပန္တာမ်ိဳး ဘာညာ ျဖစ္လာခဲ့ရင္ ဘယ္လို ေရွ႕ဆက္သြားမလဲဆိုတာမ်ိဳး။ ေနာက္ အခု ဆႏၵျပေနၾကတဲ့လူေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနၾကေပမယ့္ အဲဒီအထဲမွာ အုတ္ေရာေရာ၊ ေက်ာက္ေရာေရာနဲ႔ သူ႔လူ ကိုယ့္ဘက္သားေတြ ပါလာၿပီးေတာ့ အၾကမ္းဖက္မႈ မျဖစ္ ျဖစ္ေအာင္ ဖန္တီးတာေတြ ဘာေတြမ်ား ျဖစ္လာမလားဆိုၿပီး စိုးရိမ္မႈေတြ ထြက္ေနၾကတာေတြလည္း ရွိပါတယ္။ အဲဒါေတြနဲ႔ ပတ္သက္လို႔ေရာ ဆႏၵျပေနၾကတဲ့သူေတြအေပၚမွာ ဘာမ်ား ေျပာခ်င္ပါသလဲ။

ဦးသိန္းေဆြ။ “က်ေနာ္တို႔ကေတာ့ ဒီ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈ၊ ဆႏၵျပမႈေတြကို သေဘာတူတယ္။ ေနာက္တခုက အခု က်န္းမာေရးဝန္ထမ္းေတြ အပါအဝင္ ဝန္ထမ္းေပါင္းစုံကေနၿပီးေတာ့မွ ေဆာင္႐ြက္ေနၾကတဲ့ အုပ္ခ်ဳပ္တဲ့စစ္အစိုးရ၊ စစ္အာဏာရွင္ေတြရဲ႕ အာဏာသိမ္းမႈကို လက္မခံဘူးဆိုတာကို က်န္းမာေရးဝန္ထမ္းေတြ အပါအဝင္ ဝန္ထမ္းေပါင္းစုံကလည္း ဒါကို ဆန႔္က်င္ေနၾကတယ္။ အဲဒီေတာ့ ဒီလိုမ်ိဳးအခ်ိန္အခါမွာ က်ေနာ္တို႔အေနနဲ႔ ၿငိမ္းခ်မ္းစြာနဲ႔ ေဆာင္႐ြက္မႈမွန္သမွ်ကို၊ စစ္အာဏာသိမ္းမႈကို နည္းလမ္းေပါင္းစုံနဲ႔ ၿငိမ္းခ်မ္းစြာ ေဖာ္ထုတ္မႈေတြကို က်ေနာ္တို႔အေနနဲ႔ ေထာက္ခံတယ္။ အဲဒီေနရာမွာ NLD ေခါင္းစဥ္နဲ႔ အၾကမ္းဖက္မႈေတြကို အျပင္မွာ ေဆာင္႐ြက္လာရင္ အဲဒါက ျပည္သူရဲ႕ ရန္သူဘဲျဖစ္တယ္။ ဒါကို က်ေနာ္တို႔အေနနဲ႔ ျပတ္ျပတ္သားသား ေျပာခ်င္တယ္။ ျပည္သူနဲ႔ တသားတည္းရွိတယ္။ ျပည္သူနဲ႔ တသားတည္း ရပ္တည္ေနတယ္။ အဲဒီအတြက္ ျပည္သူရဲ႕ ၿငိမ္းခ်မ္းစြာလုပ္ေဆာင္တဲ့ လုပ္ေဆာင္မႈမွန္သမွ်ကို ဟန႔္တားတဲ့ပုဂၢိဳလ္တိုင္းသည္ ဒါသည္ က်ေနာ္တို႔ NLD ကေနၿပီးေတာ့ ၫြန္ၾကားတာ မဟုတ္ဘူးဆိုတာကို က်ေနာ္တို႔ ျပတ္ျပတ္သားသား ေျပာခ်င္တယ္။”

ေမး။ အခု လမ္းမေပၚထြက္ ဆႏၵျပတာအပါအဝင္ေပါ့၊ အခုလက္ရွိ ဒီ စစ္အာဏာသိမ္းမႈအေပၚမွာ Civil Disobedience ဆိုၿပီးေတာ့ ေစာေစာက ဦးသိန္းေဆြေျပာသလို အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳဘဲ လုပ္ေနၾကတဲ့သူေတြ၊ ဒီအေပၚမွာ မေက်မခဲျဖစ္ေနတဲ့ ျပည္သူေတြကို NLD ပါတီအေနနဲ႔ ေနာက္ထပ္ ဘာမ်ား မွာခ်င္တာ ရွိပါေသးလဲ ခင္ဗ်။

ဦးသိန္းေဆြ။ “က်ေနာ့္အေနနဲ႔ကေတာ့ ဒီ ၿငိမ္းခ်မ္းစြာနဲ႔ ဆႏၵေဖာ္ထုတ္ေနတဲ့သူေတြ၊ ေနာက္အခု ဒီ Civil Disobedience နဲ႔ ပတ္သက္ၿပီးေတာ့ ေဆာင္႐ြက္ေနၾကတဲ့ပုဂၢိဳလ္ေတြကို တတ္ႏိုင္သမွ် ကူညီေပးၾကပါ။ တတ္ႏိုင္သမွ် အားေပး ေထာက္ပံ့ေပးၾကပါ။ ဒီပုဂၢိဳလ္ေတြရဲ႕ လိုအပ္တဲ့ကိစၥအ၀၀ကိုလည္း လုပ္ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ ဝိုင္းဝန္းၿပီးေတာ့ ျဖည့္ဆည္းေပးၾကပါ၊ အားေပးေပးၾကပါ။ အဲဒီေတာ့ အဓိကေျပာခ်င္တာကေတာ့ ျပည္သူအခ်င္းခ်င္း ဝိုင္းဝန္း ပူးေပါင္း ကူညီေပးၾကပါ၊ အားေပး ေထာက္ခံေပးၾကပါ။”

ေမး။ အခု ျပည္သူေတြက Civil Disobedience တို႔၊ ဆႏၵျပတာတို႔ လုပ္တာကို NLD အေနနဲ႔ ၿငိမ္းခ်မ္းစြာ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းတယ္၊ ေနာက္ၿပီးေတာ့ Civil Disobedience ကိစၥကို အားေပးတယ္ ဆိုေပမယ့္လည္း ေရရွည္မွာ ဒီ စစ္အာဏာရွင္ျပဳတ္က်ေအာင္ ဘယ္လိုလုပ္မယ္ဆိုတဲ့ဟာမ်ိဳး NLD ေခါင္းေဆာင္ပိုင္းမွာ စဥ္းစားေနတာေတြ ရွိပါၿပီလား။ ဘယ္လို ေရွ႕ဆက္ ခရီးသြားၾကဖို႔ စီစဥ္ထားပါသလဲ။

ဦးသိန္းေဆြ။ “အသီးသီးကိုယ္စီ သိပါလိမ့္မယ္။ ဒီအတြက္ အေျဖတခုကို က်ေနာ္တို႔ ထုတ္ပါလိမ့္မယ္။ ဒီမွာေတာ့ က်ေနာ့္တဦးတည္း သေဘာထားနဲ႔လည္း က်ေနာ္ ေျပာလို႔ မရပါဘူး။ ေနာက္တခု က်ေနာ္ေျပာခ်င္တာက UN ကေနၿပီးေတာ့မွလည္း ႏိုင္ငံအားလုံးဟာ တသေဘာတည္း သေဘာတူညီၿပီးေတာ့ Resolution (ဆုံးျဖတ္ခ်က္) ထြက္လာတယ္။ ဒီဟာကလည္း ထပ္မံၿပီးေတာ့ ႏိုင္ငံတကာကိုလည္း က်ေနာ္တို႔အေနနဲ႔ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္တယ္။ ေနာက္တခုက ႏိုင္ငံတကာမွာရွိတဲ့ UN အပါအဝင္၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ေနာက္တခါ ႏိုင္ငံတကာေရာက္ေနတဲ့၊ ျပည္ပမွာရွိေနတဲ့ ဒီမိုကေရစီလိုလားတဲ့ အင္အားစုေတြ အားလုံးကလည္း ဒီ စစ္အုပ္ခ်ဳပ္မႈကို လက္မခံဘဲနဲ႔ တတ္ႏိုင္တဲ့ဘက္က၊ လုပ္ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ ဝိုင္းဝန္း ပူးေပါင္း ေဆာင္႐ြက္ေပးၾကပါ။ အားေပး ေထာက္ခံ ကူညီေပးၾကပါလို႔ တိုက္တြန္းခ်င္တယ္။ ေနာက္ဆုံး ေျပာခ်င္တာကေတာ့ ဒီကေန႔ဟာ ျပည္သူလူထုအတြက္ ဒီကာလဟာ အင္မတန္မွ အေရးႀကီးတဲ့ကာလ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူအားလုံးရဲ႕ ၿငိမ္းခ်မ္းစြာ ေဆာင္႐ြက္ေနမႈမွန္သမွ်ကို ျပည္သူတရပ္လုံးက အျပန္အလွန္ ပူးေပါင္း ေဆာင္႐ြက္ၾကရင္းနဲ႔ က်ေနာ္တို႔ရဲ႕ ေဆာင္႐ြက္ေနၾကတဲ့ စစ္အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးကို ဝိုင္းဝန္း ပူးေပါင္း ေဆာင္႐ြက္ေပးၾကပါလို႔ဘဲ တိုက္တြန္းခ်င္ပါတယ္။”

ဦးသိန္းေဆြဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာ္ပြဲမွာလည္း ဧရာဝတီတိုင္းေဒႀကီး မဲဆႏၵနယ္ ၁၀ ကို ကိုယ္စားျပဳၿပီး အမ်ိဳးသားလႊတ္ေတာ္အမတ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရသူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[[Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို မကျေနပ်လို့ နည်းလမ်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ကန့်ကွက်၊ ဆန္ဒဖော်ထုတ်နေတာတွေကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းပါဝင်ပြီး ထောက်ခံအားပေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။ ဦးသိန်းဆွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ အခု ဦးသိန်းဆွေကို ကျနော် မေးနေတဲ့အချိန်မှာကိုဘဲ ရန်ကုန်မြို့က လှည်းတန်းဒေသတဝိုက်မှာ ဆန္ဒပြနေကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဦးသိန်းဆွေအနေနဲ့ ဘာများပြောချင်ပါသလဲ ခင်ဗျ။

ဦးသိန်းဆွေ။ “ဆန္ဒပြတာကတော့ ကြားရတာတော့ လှည်းတန်းတဝိုက်တင် မဟုတ်ဘူးဗျ။ သင်္ကန်းကျွန်းဘက်တွေမှာလည်း ပြတယ်။ ကြည့်မြင်တိုင်ဘက်တွေမှာလည်း ပြတယ်။ ပြတဲ့နေရာတွေက သောင်းချီတယ်။ လူထုကိုယ်တိုင်ကကို မခံမရပ်နိုင်ဖြစ်လာပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်နေကြတဲ့ အနေအထား ဖြစ်လာတယ်။ ကျနော်တို့က ပြည်သူနဲ့တသားတည်းရှိတဲ့ ပါတီ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူ့ဆန္ဒကို ကျနော်တို့က အလေးထားတဲ့ပါတီဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ဆောင်ရွက်နေကြတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော် ပြသမှုတွေ၊ ထုတ်ဖော် ဆန္ဒပြမှုတွေ၊ နောက်တခါ ဒီ ငြိမ်းချမ်းစွာနဲ့ လုပ်ဆောင်နေတဲ့ လုပ်ရပ်မှန်သမျှအတွက် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ထောက်ခံတယ်၊ အားပေးတယ်။”

မေး။ ဟုတ်ကဲ့ခင်ဗျ၊ ဒါနဲ့ပတ်သက်လို့ ကြားနေရတာတွေလည်း အမျိုးစုံဖြစ်နေပါတယ်။ အခုဟာက ဒီဆန္ဒပြပွဲတွေ၊ လမ်းမထွက်တာတွေကို NLD က မကြိုက်ဘူးတို့၊ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးတို့ အဲဒီလိုမျိုး သဘောထားတွေလည်း ကြားနေရတာတွေ ရှိပါတယ်။ ဦးသိန်းဆွေကရော၊ NLD က တာဝန်ရှိတဲ့သူတဦးအနေနဲ့ အခုလို လမ်းမတွေပေါ်ထွက် ဆန္ဒပြတာတွေအပေါ်မှာ ဘယ်လို သဘောရပါသလဲ ခင်ဗျ။

ဦးသိန်းဆွေ။ “ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျ။ အခုဟာ သတင်းမှားတွေ ထုတ်လွှင့်နေတာတွေ ရှိတယ်။ သတင်းမှား ထုတ်လွှင့်နေတာတွေကလည်း တကယ်တန်းတော့ ဒါကို သတိပြုရမှာ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တယ်ဆိုပြီးတော့ မနေ့ကလည်း အုံးအုံးနဲ့ ဖြစ်ကြတယ်။ ပြန်မလွတ်သေးဘူး။ လွတ်တယ်ဆိုရင် ကျနော်တို့ပြည်သူကို အသိပေးမှာ။ ပြန်လွတ်တာနဲ့ ပြည်သူလူထုကို အသိပေးမှာ။ အဲဒီလို သတင်းမှားတွေကို မယုံကြည်ပါနဲ့။ ပြန်မလွတ်သေးဘူး။ နောက် ကျနော်တို့ CEC တွေကိုလည်း ဆက်လက်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်းထားဆဲဘဲ ရှိတယ်။ ဒါကို သတင်းမှားတွေကို မယုံကြည်ဖို့ ကျနော်တို့ ပြောချင်တယ်။ နောက်တခုက ဒီကနေ့ လမ်းမပေါ်မှာ ထွက်လာတဲ့ ကဏ္ဍပေါင်းစုံကပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ၊ ဒီပုဂ္ဂိုလ်တွေနဲ့အတူ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါဝင် ပူးပေါင်းပြီးတော့ ကျနော်တို့အနေနဲ့ ဆောင်ရွက်ကြတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ ဒီ ဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့ မလုပ်ရဘူး၊ မပြုရဘူးဆိုတဲ့ ညွန်ကြားချက်မျိုး ကျနော်တို့ မရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီအပေါ်မှာ သတင်းမှားတွေကို မယုံကြည်ပါနဲ့။ ကျနော်တို့ ပြောချင်တာကလေ နော်။ ကျနော်တို့ အခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားပြုမှု ကော်မီတီတွေ CRPH ကို ကျနော်တို့ ဖွဲ့ထားတယ်။ ဒီကနေပြီးတော့မှ ဆက်သွယ် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ရှိမယ်။ နောက်တခါ အခု လမ်းမတွေပေါ်မှာထွက်ပြီးတော့ ဆန္ဒပြနေကြတဲ့ ပြည်သူတွေ၊ ဒါဟာ ကျနော်တို့အနေနဲ့ ဒီလူတွေနဲ့အတူ တသားတည်းရှိတယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။”

မေး။ နောက်တခု အခု ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုဖြစ်နေတာက စစ်အာဏာသိမ်းတာကို မကျေနပ်လို့ ကန့်ကွက် ဆန္ဒပြကြတာတော့ ဟုတ်ပါပြီ၊ အခုချိန်ထိတော့ ၂ ရက်ရှိပြီပေါ့နော်။ မနေ့ကပြတယ်၊ ဒီကနေ့ပြတယ်။ အခုလဲ ပြနေကြတယ်ပေါ့။ ဒါပေမယ့် အဲဒီ ဆန္ဒပြတဲ့လူတွေကို အကြမ်းဖက်တုန့်ပြန်တာမျိုး ဘာညာ ဖြစ်လာခဲ့ရင် ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာမျိုး။ နောက် အခု ဆန္ဒပြနေကြတဲ့လူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြပေမယ့် အဲဒီအထဲမှာ အုတ်ရောရော၊ ကျောက်ရောရောနဲ့ သူ့လူ ကိုယ့်ဘက်သားတွေ ပါလာပြီးတော့ အကြမ်းဖက်မှု မဖြစ် ဖြစ်အောင် ဖန်တီးတာတွေ ဘာတွေများ ဖြစ်လာမလားဆိုပြီး စိုးရိမ်မှုတွေ ထွက်နေကြတာတွေလည်း ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ရော ဆန္ဒပြနေကြတဲ့သူတွေအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဦးသိန်းဆွေ။ “ကျနော်တို့ကတော့ ဒီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု၊ ဆန္ဒပြမှုတွေကို သဘောတူတယ်။ နောက်တခုက အခု ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းပေါင်းစုံကနေပြီးတော့မှ ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်တဲ့စစ်အစိုးရ၊ စစ်အာဏာရှင်တွေရဲ့ အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာကို ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းပေါင်းစုံကလည်း ဒါကို ဆန့်ကျင်နေကြတယ်။ အဲဒီတော့ ဒီလိုမျိုးအချိန်အခါမှာ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းစွာနဲ့ ဆောင်ရွက်မှုမှန်သမျှကို၊ စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ ဖော်ထုတ်မှုတွေကို ကျနော်တို့အနေနဲ့ ထောက်ခံတယ်။ အဲဒီနေရာမှာ NLD ခေါင်းစဉ်နဲ့ အကြမ်းဖက်မှုတွေကို အပြင်မှာ ဆောင်ရွက်လာရင် အဲဒါက ပြည်သူရဲ့ ရန်သူဘဲဖြစ်တယ်။ ဒါကို ကျနော်တို့အနေနဲ့ ပြတ်ပြတ်သားသား ပြောချင်တယ်။ ပြည်သူနဲ့ တသားတည်းရှိတယ်။ ပြည်သူနဲ့ တသားတည်း ရပ်တည်နေတယ်။ အဲဒီအတွက် ပြည်သူရဲ့ ငြိမ်းချမ်းစွာလုပ်ဆောင်တဲ့ လုပ်ဆောင်မှုမှန်သမျှကို ဟန့်တားတဲ့ပုဂ္ဂိုလ်တိုင်းသည် ဒါသည် ကျနော်တို့ NLD ကနေပြီးတော့ ညွန်ကြားတာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ ပြတ်ပြတ်သားသား ပြောချင်တယ်။”

မေး။ အခု လမ်းမပေါ်ထွက် ဆန္ဒပြတာအပါအဝင်ပေါ့၊ အခုလက်ရှိ ဒီ စစ်အာဏာသိမ်းမှုအပေါ်မှာ Civil Disobedience ဆိုပြီးတော့ စောစောက ဦးသိန်းဆွေပြောသလို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ လုပ်နေကြတဲ့သူတွေ၊ ဒီအပေါ်မှာ မကျေမခဲဖြစ်နေတဲ့ ပြည်သူတွေကို NLD ပါတီအနေနဲ့ နောက်ထပ် ဘာများ မှာချင်တာ ရှိပါသေးလဲ ခင်ဗျ။

ဦးသိန်းဆွေ။ “ကျနော့်အနေနဲ့ကတော့ ဒီ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်နေတဲ့သူတွေ၊ နောက်အခု ဒီ Civil Disobedience နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေကို တတ်နိုင်သမျှ ကူညီပေးကြပါ။ တတ်နိုင်သမျှ အားပေး ထောက်ပံ့ပေးကြပါ။ ဒီပုဂ္ဂိုလ်တွေရဲ့ လိုအပ်တဲ့ကိစ္စအ၀၀ကိုလည်း လုပ်နိုင်တဲ့ဘက်ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ဖြည့်ဆည်းပေးကြပါ၊ အားပေးပေးကြပါ။ အဲဒီတော့ အဓိကပြောချင်တာကတော့ ပြည်သူအချင်းချင်း ဝိုင်းဝန်း ပူးပေါင်း ကူညီပေးကြပါ၊ အားပေး ထောက်ခံပေးကြပါ။”

မေး။ အခု ပြည်သူတွေက Civil Disobedience တို့၊ ဆန္ဒပြတာတို့ လုပ်တာကို NLD အနေနဲ့ ငြိမ်းချမ်းစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းတယ်၊ နောက်ပြီးတော့ Civil Disobedience ကိစ္စကို အားပေးတယ် ဆိုပေမယ့်လည်း ရေရှည်မှာ ဒီ စစ်အာဏာရှင်ပြုတ်ကျအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာမျိုး NLD ခေါင်းဆောင်ပိုင်းမှာ စဉ်းစားနေတာတွေ ရှိပါပြီလား။ ဘယ်လို ရှေ့ဆက် ခရီးသွားကြဖို့ စီစဉ်ထားပါသလဲ။

ဦးသိန်းဆွေ။ “အသီးသီးကိုယ်စီ သိပါလိမ့်မယ်။ ဒီအတွက် အဖြေတခုကို ကျနော်တို့ ထုတ်ပါလိမ့်မယ်။ ဒီမှာတော့ ကျနော့်တဦးတည်း သဘောထားနဲ့လည်း ကျနော် ပြောလို့ မရပါဘူး။ နောက်တခု ကျနော်ပြောချင်တာက UN ကနေပြီးတော့မှလည်း နိုင်ငံအားလုံးဟာ တသဘောတည်း သဘောတူညီပြီးတော့ Resolution (ဆုံးဖြတ်ချက်) ထွက်လာတယ်။ ဒီဟာကလည်း ထပ်မံပြီးတော့ နိုင်ငံတကာကိုလည်း ကျနော်တို့အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ နောက်တခုက နိုင်ငံတကာမှာရှိတဲ့ UN အပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နောက်တခါ နိုင်ငံတကာရောက်နေတဲ့၊ ပြည်ပမှာရှိနေတဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ အားလုံးကလည်း ဒီ စစ်အုပ်ချုပ်မှုကို လက်မခံဘဲနဲ့ တတ်နိုင်တဲ့ဘက်က၊ လုပ်နိုင်တဲ့ဘက်ကနေပြီးတော့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါ။ အားပေး ထောက်ခံ ကူညီပေးကြပါလို့ တိုက်တွန်းချင်တယ်။ နောက်ဆုံး ပြောချင်တာကတော့ ဒီကနေ့ဟာ ပြည်သူလူထုအတွက် ဒီကာလဟာ အင်မတန်မှ အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်နေမှုမှန်သမျှကို ပြည်သူတရပ်လုံးက အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ကြရင်းနဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်နေကြတဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ဘဲ တိုက်တွန်းချင်ပါတယ်။”

ဦးသိန်းဆွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကော်ပွဲမှာလည်း ဧရာဝတီတိုင်းဒေကြီး မဲဆန္ဒနယ် ၁၀ ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG