ZawGyi/Unicode
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းေကာင္စီက အင္တာနက္ဆက္သြယ္ေရးကို ျဖတ္ေတာက္လိုက္ၿပီျဖစ္ပါတယ္။
စစ္အာဏာသိမ္းယူခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းကဆိုရင္ အႀကီးမားဆံုးဆႏၵျပကန္႔ကြက္ပြဲတစ္ခု ဒီကေန႔ ရန္ကုန္ၿမို႕မွာ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ အင္တာနက္ကို ျဖတ္လိုက္တာပါ။
ၿပီးခဲ့တဲ့ရက္ေတြက Facebook ကို စပိတ္ခဲ့ၿပီး အဲဒီေနာက္ Twitter ၊ Instgram အစရွိတဲ့ လူမႈဆက္သြယ္ေရးမီဒီယာေတြကို ဆက္တိုက္လို ပိတ္ခဲ့ေပမယ့္လည္း စစ္အာဏာသိမ္းမႈအေပၚ ဆန္႔က်င္ကန္႔ကြက္တာေတြ အရွိန္ေလ်ာ့မသြားခဲ့သလို လမ္းေပၚထြက္ဆႏၵျပပြဲေတြပါ ျဖစ္လာတာပါ။
အင္တာနက္မပိတ္ခင္မွာေတာ့ hashtag #SaveMyanmar ဆိုတာနဲ႔ #RespectOurVotes ဆိုတာေတြ အြန္လိုင္းမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေတြ႔ခဲ့ၾကရပါတယ္။
အင္တာနက္ျဖတ္ေတာက္တာနဲ႔ပတ္သက္ၿပီး ဆက္သြယ္ေရးဝန္ႀကီးဌာနကို ႐ိုက္တာသတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ေျဖဆိုဖို႔ ျငင္းပါတယ္။ အေစာပိုင္းတုံးကေတာ့ တည္ၿငိမ္မႈရွိဖို႔ Facebook ကို ပိတ္တာလို႔ အေၾကာင္းျပထားတာပါ။
Instagram ပိတ္တယ္ဆိုတာကို Facebook ကုမၸဏီရဲ႕ ေျပာခြင့္ရတဦးက ႐ို္က္တာသတင္းဌာနကို အတည္ျပဳပါတယ္။
Twitter ကုမၸဏီရဲ႕ ေျပာခြင့္ရ အမ်ဳိးသမီးတဦးကေတာ့ "အစိုးရကိုယ္တိုင္က ဖ်က္လိုဖ်က္ဆီးနဲ႔ ပိတ္ပစ္တာေတြကို အဆံုးသတ္ဖို႔ ဆက္ၿပီး လႈံ႔ေဆာ္ လုပ္ေဆာင္သြားပါမယ္" လုိ႔ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ ဆက္သြယ္ေရးဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြထဲက အႀကီးဆံုးတစ္ခုျဖစ္တဲ့ ေနာ္ေဝးအေျခစိုက္ Telenor ကုမၸဏီက အခုလိုပိတ္တာေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ ဒီလိုပိတ္ပစ္ဖို႔ ၫႊန္ၾကားတာက လိုအပ္ရဲ႕လားဆိုတာ အာဏာပိုင္ေတြကို ေစာဒကတက္ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။
အင္တာနက္နဲ႔ တယ္လီဖုန္းဆက္သြယ္ေရးေတြ ျဖတ္ေတာက္ထားတဲ့အတြက္ အဆက္အသြယ္လုပ္လို႔ရတာနဲ႔ မိသားစုဝင္ေတြဆီ အေၾကာင္းၾကားၾကဖို႔နဲ႔ အထူးသတိျပဳေနထိုင္ၿပီး လုိအပ္တာေတြျပင္ဆင္ထားဖို႔ ျမန္မာႏုိင္ငံမွာေရာက္ေနတဲ့ အေမရိကန္ႏုိင္ငံသားေတြကို ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ံုးက ႏိႈးေဆာ္ထားပါတယ္။
#MyanmarMilitaryCoup #MyanmarPolitics #VOABurmese
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကောင်စီက အင်တာနက်ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် အကြီးမားဆုံးဆန္ဒပြကန့်ကွက်ပွဲတစ်ခု ဒီကနေ့ ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပြီးတဲ့နောက် အင်တာနက်ကို ဖြတ်လိုက်တာပါ။
ပြီးခဲ့တဲ့ရက်တွေက Facebook ကို စပိတ်ခဲ့ပြီး အဲဒီနောက် Twitter ၊ Instgram အစရှိတဲ့ လူမှုဆက်သွယ်ရေးမီဒီယာတွေကို ဆက်တိုက်လို ပိတ်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်တာတွေ အရှိန်လျော့မသွားခဲ့သလို လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေပါ ဖြစ်လာတာပါ။
အင်တာနက်မပိတ်ခင်မှာတော့ hashtag #SaveMyanmar ဆိုတာနဲ့ #RespectOurVotes ဆိုတာတွေ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့ကြရပါတယ်။
အင်တာနက်ဖြတ်တောက်တာနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းပါတယ်။ အစောပိုင်းတုံးကတော့ တည်ငြိမ်မှုရှိဖို့ Facebook ကို ပိတ်တာလို့ အကြောင်းပြထားတာပါ။
Instagram ပိတ်တယ်ဆိုတာကို Facebook ကုမ္ပဏီရဲ့ ပြောခွင့်ရတဦးက ရိုက်တာသတင်းဌာနကို အတည်ပြုပါတယ်။
Twitter ကုမ္ပဏီရဲ့ ပြောခွင့်ရ အမျိုးသမီးတဦးကတော့ "အစိုးရကိုယ်တိုင်က ဖျက်လိုဖျက်ဆီးနဲ့ ပိတ်ပစ်တာတွေကို အဆုံးသတ်ဖို့ ဆက်ပြီး လှုံ့ဆော် လုပ်ဆောင်သွားပါမယ်" လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေထဲက အကြီးဆုံးတစ်ခုဖြစ်တဲ့ နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီက အခုလိုပိတ်တာတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဒီလိုပိတ်ပစ်ဖို့ ညွှန်ကြားတာက လိုအပ်ရဲ့လားဆိုတာ အာဏာပိုင်တွေကို စောဒကတက်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့အတွက် အဆက်အသွယ်လုပ်လို့ရတာနဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားကြဖို့နဲ့ အထူးသတိပြုနေထိုင်ပြီး လိုအပ်တာတွေပြင်ဆင်ထားဖို့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံးက နှိုးဆော်ထားပါတယ်။