သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုများ ရန်ကုန်မြို့ပေါ်ဖြစ်ပွား


ရန်ကုန်မြို့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူများ။ (၀၆၊ ၀၂၊ ၂၀၂၁)
ရန်ကုန်မြို့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူများ။ (၀၆၊ ၀၂၊ ၂၀၂၁)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ ရန်ကုန်မြို့တွင်း နေရာ ၃ နေရာထက်မနည်းမှာ ဒီကနေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲတွေမှာ လူငယ်တွေ၊ အမျိုးသမီး၊ အမျိုးသားတွေသာမက သံဃာတော်တွေပါ ပါဝင်ပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာရှိတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ရေးထားပါတယ်။

ဆန္ဒပြသူတွေဟာ ၁၉၈၈ ခုနှစ်၊ ၈ လေးလုံး လူထုအရေးတော်ပုံကာလအတွင်းက ပေါ်ထွက်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေကို သီဆိုကြသလို စစ်အာဏာရှင်စနစ် အလိုမရှိဆိုတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ် ကြွေးကျော်ခဲ့ကြပါတယ်။

အစောပိုင်းမှာတော့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ထိပ်တိုက်ရင်ဆိုင်ပြီး ပိတ်ဆို့တာပဲလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြောဆိုပြီး တချို့ကဆိုရင် နှင်းဆီပန်းတွေကိုတောင်မှ သွားပေးကြပါတယ်။

မန္တလေးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်သူအမျိုးသမီးတဦး အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်ကို နှင်းဆီပန်းပေး။ (၀၅၊ ၀၂၊ ၂၁)
မန္တလေးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်သူအမျိုးသမီးတဦး အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်ကို နှင်းဆီပန်းပေး။ (၀၅၊ ၀၂၊ ၂၁)

ရန်ကုန်မြို့အပြင် မုံရွာနဲ့ ထားဝယ်အပါအဝင် တခြားမြို့တွေမှာလည်း ဒီကနေ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။

လူထုကလည်း နေအိမ်တွင်းကနေ သံပုံးတီးတာ၊ ဖယောင်းတိုင်ထွန်းတာ စသည်အားဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ညစဉ်တိုင်း ပြသကြပါတယ်။

တိုက်ရိုက် လင့်ခ်







#MyanmarMilitaryCoup #MyanamrPolitics #VOABurmese

XS
SM
MD
LG