သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်စီးပွားရေးအကြံပေး Sean Turnell ဖမ်းဆီးခံရ


ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ သြစတြေးလျနိုင်ငံသား Sean Turnell က သူ အဖမ်းခံထားရတဲ့အကြောင်း စနေနေ့မှာ ရိုက်တာသတင်းဌာနကို မက်ဆေ့ပို့ပြီး ပြောပါတယ်။

"သိပ်မကြာခင်မှာ ကြားကြရမယ်လို့ ခန့်မှန်းတာပါပဲ၊ ကျနော် အဖမ်းခံထားရပါတယ်" လို့ Sean Turnell ကပြောပါတယ်။

"တခုခုနဲ့ တရားစွဲခံထားရပါတယ်၊ ဘာဆိုတာတော့ သေချာမသိပါဘူး။ ကျနော် နေကောင်းပြီး ကြံ့ကြံ့ခိုင်ခိုင်ပဲ ရှိနေပါတယ်။ ဘာအတွက်မှ အပြစ်မရှိပါဘူး" ဆိုတဲ့မက်ဆေ့ကိုလည်း ပြုံးနေတဲ့ သင်္ကေတပုံလေးနဲ့အတူ Sean Turnell က ပို့ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက သူ့ကိုဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ဒါဟာဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားသားတစ်ဦး အဖမ်းခံထားရတယ်ဆိုတဲ့ ပထမဆုံးအတည်ပြုချက်ပါပဲ။

ဒါနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံခြားရေးဌာကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘာမှ မှတ်ချက်ပေးပြောဆိုတာ မရှိခဲ့ပါဘူး။

Sean Turnell ဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့၊ Macquarie တက္ကသိုလ်က စီးပွားရေးဘာသာရပ် ပါမောက္ခတစ်ဦးဖြစ်ပြီး စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေတာ နှစ်အတော်ကြာပါပြီ။

စစ်အာဏာသိမ်းတဲ့နေ့ကတည်းကဆိုရင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေ စသည်အားဖြင့် ဖမ်းဆီးခံထားရသူပေါင်း ၁၄၇ ယောက်ထက်မနည်းရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်စီးပွားရေးအကြံပေး Sean Turnell ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်









#MyanmarMilitaryCoup #MyanmarPOlitics #VOABurmese #SeanTurnell

XS
SM
MD
LG