သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ႏုိင္ငံသား ဖမ္းခံရတယ္ဆုိတဲ့သတင္းအတြက္ စုိးရိမ္ေၾကာင္း ၾသစေတးလ်ေျပာ


ၾသစေၾတးလ်ား ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne January 10, 2019. REUTERS/ Athit Perawongmetha/File Photo

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေနာက္ Australia နဲ႔ တျခား ႏိုင္ငံျခားသားေတြပါ က်ပမ္း အဖမ္းဆီးခံေနရတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ Australia အစိုးရက အထူးစိုးရိမ္ စိတ္ပူေၾကာင္း ေဖေဖၚဝါရီ ၆ ရက္ စေနေန႔မွာ Australia ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ 

Zawgyi/Unicode

(Zawgyi)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေနာက္ Australia နဲ႔ တျခား ႏိုင္ငံျခားသားေတြပါ က်ပမ္း အဖမ္းဆီးခံေနရတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ Australia အစိုးရက အထူးစိုးရိမ္ စိတ္ပူေၾကာင္း ေဖေဖၚဝါရီ ၆ ရက္ စေနေန႔မွာ Australia ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။


ျမန္မာႏိုင္ငံရဲ့ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အႀကံေပးေနတဲ့ Australia ႏိိုင္ငံသား အမ်ာအျပား ျမန္မာႏုိင္ငံမွာ ရွိေနေၾကာင္းနဲ႔ အထူးသျဖင့္ ရဲစခန္းမွာ အဖမ္းခံေနရတဲ့ Australia ႏိုင္ငံသား တဦးအတြက္ အထူးစိုးရိမ္ေၾကာင္း ေဖၚျပထားပါတယ္။ ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး Australia အစိုးရက အထူးစိုးရိမ္ေၾကာင္းလည္း ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚ အေၾကာင္းၾကားခဲ့တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္မွာရွိတဲ့ Australia သံရံုးကလည္း ျမန္မာႏုိင္ငံမွာရွိတဲ့ Australia ႏိုင္ငံသားေတြ လံုၿခံဳစိတ္ခ်ရေရး အတြက္ တတ္ႏိုင္သမ ွ် ဆက္သြယ္ေဆာင္ရြက္ ေပးေနေၾကာင္းလည္း ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စီးပြားေရးဆိုင္ရာ မူဝါဒေတြနဲ႔ပတ္သက္ၿပီး အႀကံေပးေနတဲ့ ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒ္နီၿမိဳ႕၊ Macquarie တကၠသိုလ္က စီးပြားေရးဘာသာရပ္ ပါေမာကၡတစ္ဦးျဖစ္ တဲ့ Sean Turnell ဟာ သူအဖမ္းခံေနရေၾကာင္း ရိုက္တာသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

အခုအခ်ိန္အထိေတာ့ သူဘယ္ေရာက္ေနတယ္၊ အေျခေနဘယ္လို ဆိုတာ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ သူဟာ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ တရက္ စစ္တပ္အာဏာ သိမ္းၿပီးခ်ိန္က စၿပီး အဖမ္းခံေၾကာင္း အတည္ျပဳတဲ့ ပထမဆံုး ႏုိင္ငံျခားသား ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အရပ္သား အစိုးရတာဝန္ရွိသူေတြကို ဖမ္းဆီးၿပီး ႏိုင္ငံေတာ္ အေရးေပၚ အေျခေန ေၾကညာထားသလို ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ တျခားေဒသေတြအတြက္ ဆက္သြယ္ေရး ကလည္း မေရမရာ ျဖစ္ေနတာပါ။ ဒါ့အျပင္ လမ္းေတြ ပိတ္ဆို႔တာ လံုၿခံဳေရးေတြ တိုးျမွင့္ထားတာနဲ႔ ရန္ကုန္ကေန ထြက္ခြါတဲ့ ေလယာဥ္ ခရီးစဥ္ကလည္း အကန္႔သတ္ေတြ ရွိတာေၾကာင့္ ျမန္မာႏုိင္ငံတြင္းမွာ ေရာက္ေနတဲ့ Australia ႏိုင္ငံသားေတြ အေနနဲ႔ မလိုအပ္ရပ္ အျပင္မထြက္ၾကဖို႔ နဲ႔ တစံုတခု ျဖစ္ရင္ သံရံုးကို အေၾကာင္းၾကားဖုိ႔ လည္း Australia အစိုးရက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက် Australia နဲ့ တခြား နိုင်ငံခြားသားတွေပါ ကျပမ်း အဖမ်းဆီးခံနေရတယ် ဆိုတဲ့ သတင်းတွေကြောင့် Australia အစိုးရက အထူးစိုးရိမ် စိတ်ပူကြောင်း ဖေဖေါ်ဝါရီ ၆ ရက် စနေနေ့မှာ Australia နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေတဲ့ Australia နိုင်ငံသား အမျာအပြား မြန်မာနိုင်ငံမှာ ရှိနေကြောင်းနဲ့ အထူးသဖြင့် ရဲစခန်းမှာ အဖမ်းခံနေရတဲ့ Australia နိုင်ငံသား တဦးအတွက် အထူးစိုးရိမ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး Australia အစိုးရက အထူးစိုးရိမ်ကြောင်းလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ Australia သံရုံးကလည်း မြန်မာနိုင်ငံမှာရှိတဲ့ Australia နိုင်ငံသားတွေ လုံခြုံစိတ်ချရရေး အတွက် တတ်နိုင်သမ ျှ ဆက်သွယ်ဆောင်ရွက် ပေးနေကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီး အကြံပေးနေတဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့၊ Macquarie တက္ကသိုလ်က စီးပွားရေးဘာသာရပ် ပါမောက္ခတစ်ဦးဖြစ် တဲ့ Sean Turnell ဟာ သူအဖမ်းခံနေရကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ သူဘယ်ရောက်နေတယ်၊ အခြေနေဘယ်လို ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ သူဟာ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ တရက် စစ်တပ်အာဏာ သိမ်းပြီးချိန်က စပြီး အဖမ်းခံကြောင်း အတည်ပြုတဲ့ ပထမဆုံး နိုင်ငံခြားသား ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား အစိုးရတာဝန်ရှိသူတွေကို ဖမ်းဆီးပြီး နိုင်ငံတော် အရေးပေါ် အခြေနေ ကြေညာထားသလို နေပြည်တော်၊ ရန်ကုန်နဲ့ တခြားဒေသတွေအတွက် ဆက်သွယ်ရေး ကလည်း မရေမရာ ဖြစ်နေတာပါ။ ဒါ့အပြင် လမ်းတွေ ပိတ်ဆို့တာ လုံခြုံရေးတွေ တိုးမြှင့်ထားတာနဲ့ ရန်ကုန်ကနေ ထွက်ခွါတဲ့ လေယာဉ် ခရီးစဉ်ကလည်း အကန့်သတ်တွေ ရှိတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ရောက်နေတဲ့ Australia နိုင်ငံသားတွေ အနေနဲ့ မလိုအပ်ရပ် အပြင်မထွက်ကြဖို့ နဲ့ တစုံတခု ဖြစ်ရင် သံရုံးကို အကြောင်းကြားဖို့ လည်း Australia အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG