သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOA သတင္းေထာက္ေျပာခဲ့တဲ့ ရန္ကုန္ေနာက္ဆံုးအေျခအေန


ရန္ကုန္ၿမိဳ႕ ဆႏၵျပသူေတြနဲ႔ ဆႏၵျပျမင္ကြင္းအား ၾကည့္႐ႈေနသူမ်ား။ (၀၆၊ ၀၂၊ ၂၀၂၁)

ကိုသားညြန္႔ဦး။ ။

ဆႏၵျပတာေတြျဖစ္ၿပီးတဲ့ေနာက္မွာ တယ္လီဖံုးလိုင္းေတြ ျပတ္ေတာက္သြားပါတယ္။ တခ်ဳိ႕ေနရာေတြပဲ ေခၚလို႔ရပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ေနာက္ဆံုးအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ရန္ကုန္မွာရွိတဲ့ က်ေနာ္တို႔သတင္းေထာက္ေတြကို ဌာနမႉး ဦးသန္းလြင္ထြန္းက ေနာက္ဆံုးအခ်ိန္မွာ ဖံုးနဲ႔ဆက္သြယ္ၿပီးေတာ့ ေမးျမန္းခြင့္ရခဲ့ပါတယ္။ အဲဒီေတာ့ ဦးသန္းလြင္ထြန္းခင္ဗ်ား - အခု ေနာက္ဆံုးသိရတဲ့ ရန္ကုန္ဘက္က အေျခအေနေလးကို ေျပာျပပါအံုး။

ဦးသန္းလြင္ထြန္း။ ။ ဟုတ္ကဲ့၊ တယ္လီဖံုးေတြက မ်ားေသာအားျဖင့္ေတာ့ အလုပ္မလုပ္ေတာ့ဘူး ဗ်။ ဒါေပမယ့္လည္း လြန္ခဲ့တဲ့မိနစ္ပိုင္းအတြင္းကပဲ က်ေနာ္တို႔ဆီက သတင္းေထာက္တေယာက္နဲ႔ တယ္လီဖံုးတလံုး အဆက္အသြယ္ရတယ္။ သိပ္ေတာ့ အခ်ိန္အၾကာႀကီး မရလိုက္ဘူးခင္ဗ်။ ၂ မိနစ္ေလာက္ပဲ ရလိုက္တယ္။ အဲဒီအခ်ိန္အတြင္းမွာေတာ့ သူတို႔အေနနဲ႔ လက္ရွိ ဗမာျပည္ထဲမွာ ျဖစ္တဲ့အေျခအေနကေတာ့ အခု ညဘက္မွာေတာ့ ဗမာျပည္မွာ - ရန္ကုန္ၿမိဳ႕မွာေပါ့ေနာ္- အျပင္မွာ လမ္းမေပၚမွာထြက္ၿပီး ဆႏၵျပလႈပ္ရွားတဲ့သတင္းေတြေတာ့ သူမသိရဘူး။ ပံုမွန္အတုိင္းပဲ သံပံုးတီးဆႏၵျပတဲ့ကိစၥေတြေတာ့ ဆက္လုပ္ေနၾကတယ္။ ေန႔လည္ဘက္၊ မနက္ဘက္ပိုင္းက ဆႏၵျပပြဲေတြမွာလည္း အဓိကအားျဖင့္ေတာ့ သမုိင္းဘက္ကေနၿပီးေတာ့ လွည္းတန္းအထိ စၿပီးေတာ့ လမ္းေလွ်ာက္တယ္ဆိုတဲ့အေၾကာင္း သူေျပာျပတယ္။ စစခ်င္းမွာေတာ့ လူ ၃၀၀ ေလာက္ရွိတယ္။ ေနာက္ပိုင္းမွာ လမ္းတေလွ်ာက္မွာ လူေတြတိုးလာၿပီးေတာ့ သံုး-ေလး ေထာင္ေလာက္အထိ ျဖစ္လာတယ္။ ဒါေပမယ့္ ရဲေတြနဲ႔က ပထမစည္း၊ ဒုတိယစည္း၊ တတိယစည္းဆိုၿပီး စည္းတားထားၿပီး ေရွ႕ဆက္မတိုးဖို႔ ထိပ္တိုက္ေတြ႔တယ္။ ေတြ႔တ့ဲအခါက်ေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ဆႏၵျပသူေတြဘက္က ပထမစည္းအထိ တိုးလာၿပီးေတာ့ ရဲေတြကို သူတို႔နဲ႔ပူးေပါင္းဖို႔ကိစၥ၊ ေနာက္ၿပီးေတာ့ သူတို႔လိုခ်င္တဲ့ကိစၥေတြကို နည္းနည္း ေျပာဆိုေအာ္ဟစ္ၿပီးေတာ့ ညေနက်ေတာ့ သူတို႔ ေနာက္ေၾကာင္းျပန္ လမ္းေလွ်ာက္သြားတယ္။

ၿပီးေတာ့ သူ႔ဖာသူ လူစုခြဲသြားၾကတယ္။ ေနာက္ေန႔မွာ ျပန္ဆံုမယ္ဆိုတဲ့သေဘာမ်ဳိးေတြ ေျပာဆိုသြားၾကတယ္လို႔ပဲေျပာတယ္။

အဓိကကေတာ့ ၂ ေနရာေပါ့ေနာ္ ရန္ကုန္မွာေတာ့။ သမုိင္းကေန လွည္းတန္းအထိ၊ ေနာက္တခုကေတာ့ တာေမြကေနၿပီးေတာ့ ေက်ာက္တံတားအထိနဲ႔တူတယ္။ အဲဒီလိုအေၾကာင္းမ်ဳိးေလးေတြကို ေျပာျပတာရွိတယ္။ အဲဒါၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ အထူးသျဖင့္ ညဘက္ပိုင္းမွာေတာ့ အျပင္ထြက္ၿပီးလူစုတာတို႔၊ တျခား ဆႏၵျပတာတို႔ မရွိဘူးလို႔ ေျပာပါတယ္။ ဒါေလာက္ပဲ က်ေနာ့္အေနနဲ႔သိရတယ္။တယ္လီဖံုးလိုင္းေတြကေတာ့ အခုအခ်ိန္အထိ က်ေနာ္တို႔ထပ္ၿပီးႀကိဳးစားေနေပမယ့္ မရဘူးခင္ဗ်။

unicode

တိုက္႐ိုက္ လင့္ခ္

မြန်မာပြည်နဲ့ တယ်လီဖုံးအဆက်အသွယ် နောက်ဆုံးရလိုက်တဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း နောက်ဆုံးသိထားသမျှ ဗွီအိုအေပရိသတ်ကို သတင်းမျှဝေဖို့ ကိုသားညွန့်ဦးက ဦးသန်းလွင်းကို မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။

ဆန္ဒပြတာတွေဖြစ်ပြီးတဲ့နောက်မှာ တယ်လီဖုံးလိုင်းတွေ ပြတ်တောက်သွားပါတယ်။ တချို့နေရာတွေပဲ ခေါ်လို့ရပါတယ်။ အဲဒါကြောင့်မို့လို့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့သတင်းထောက်တွေကို ဌာနမှူး ဦးသန်းလွင်ထွန်းက နောက်ဆုံးအချိန်မှာ ဖုံးနဲ့ဆက်သွယ်ပြီးတော့ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီတော့ ဦးသန်းလွင်ထွန်းခင်ဗျား - အခု နောက်ဆုံးသိရတဲ့ ရန်ကုန်ဘက်က အခြေအနေလေးကို ပြောပြပါအုံး။

ဦးသန်းလွင်ထွန်း။။ ဟုတ်ကဲ့၊ တယ်လီဖုံးတွေက များသောအားဖြင့်တော့ အလုပ်မလုပ်တော့ဘူး ဗျ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်းကပဲ ကျနော်တို့ဆီက သတင်းထောက်တယောက်နဲ့ တယ်လီဖုံးတလုံး အဆက်အသွယ်ရတယ်။ သိပ်တော့ အချိန်အကြာကြီး မရလိုက်ဘူးခင်ဗျ။ ၂ မိနစ်လောက်ပဲ ရလိုက်တယ်။ အဲဒီအချိန်အတွင်းမှာတော့ သူတို့အနေနဲ့ လက်ရှိ ဗမာပြည်ထဲမှာ ဖြစ်တဲ့အခြေအနေကတော့ အခု ညဘက်မှာတော့ ဗမာပြည်မှာ - ရန်ကုန်မြို့မှာပေါ့နော်- အပြင်မှာ လမ်းမပေါ်မှာထွက်ပြီး ဆန္ဒပြလှုပ်ရှားတဲ့သတင်းတွေတော့ သူမသိရဘူး။ ပုံမှန်အတိုင်းပဲ သံပုံးတီးဆန္ဒပြတဲ့ကိစ္စတွေတော့ ဆက်လုပ်နေကြတယ်။ နေ့လည်ဘက်၊ မနက်ဘက်ပိုင်းက ဆန္ဒပြပွဲတွေမှာလည်း အဓိကအားဖြင့်တော့ သမိုင်းဘက်ကနေပြီးတော့ လှည်းတန်းအထိ စပြီးတော့ လမ်းလျှောက်တယ်ဆိုတဲ့အကြောင်း သူပြောပြတယ်။ စစချင်းမှာတော့ လူ ၃၀၀ လောက်ရှိတယ်။ နောက်ပိုင်းမှာ လမ်းတလျှောက်မှာ လူတွေတိုးလာပြီးတော့ သုံး-လေး ထောင်လောက်အထိ ဖြစ်လာတယ်။ ဒါပေမယ့် ရဲတွေနဲ့က ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းဆိုပြီး စည်းတားထားပြီး ရှေ့ဆက်မတိုးဖို့ ထိပ်တိုက်တွေ့တယ်။ တွေ့တဲ့အခါကျတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြသူတွေဘက်က ပထမစည်းအထိ တိုးလာပြီးတော့ ရဲတွေကို သူတို့နဲ့ပူးပေါင်းဖို့ကိစ္စ၊ နောက်ပြီးတော့ သူတို့လိုချင်တဲ့ကိစ္စတွေကို နည်းနည်း ပြောဆိုအော်ဟစ်ပြီးတော့ ညနေကျတော့ သူတို့ နောက်ကြောင်းပြန် လမ်းလျှောက်သွားတယ်။

ပြီးတော့ သူ့ဖာသူ လူစုခွဲသွားကြတယ်။ နောက်နေ့မှာ ပြန်ဆုံမယ်ဆိုတဲ့သဘောမျိုးတွေ ပြောဆိုသွားကြတယ်လို့ပဲပြောတယ်။

အဓိကကတော့ ၂ နေရာပေါ့နော် ရန်ကုန်မှာတော့။ သမိုင်းကနေ လှည်းတန်းအထိ၊ နောက်တခုကတော့ တာမွေကနေပြီးတော့ ကျောက်တံတားအထိနဲ့တူတယ်။ အဲဒီလိုအကြောင်းမျိုးလေးတွေကို ပြောပြတာရှိတယ်။ အဲဒါပြီးတော့ နောက်ပိုင်းမှာတော့ အထူးသဖြင့် ညဘက်ပိုင်းမှာတော့ အပြင်ထွက်ပြီးလူစုတာတို့၊ တခြား ဆန္ဒပြတာတို့ မရှိဘူးလို့ ပြောပါတယ်။ ဒါလောက်ပဲ ကျနော့်အနေနဲ့သိရတယ်။တယ်လီဖုံးလိုင်းတွေကတော့ အခုအချိန်အထိ ကျနော်တို့ထပ်ပြီးကြိုးစားနေပေမယ့် မရဘူးခင်ဗျ။

#MyanmarMilitaryCoup #MyanmarPOlitics #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG