သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ႏိုင္ငံေတာ္အတိုင္ပင္ခံဥပေဒကို ငါးႏွစ္ထပ္မံျပဌာန္း


ႏိုင္ငံေတာ္အတိုက္ပင္ခံပုဂိၢဳလ္ေဒၚေအာင္ဆန္းစုၾကည္ဓာတ္ပံုေတြ ကိုင္ၿပီး စစ္အာဏာ ဆန္႔က်င္ဆႏၵျပတဲ့ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ဆႏၵျပပဲြတခု။ (ေဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ငါးႏွစ္သက္တမ္းအတြက္ ျပည္ေထာင္စုလႊတ္ေတာ္က တာဝန္ေပးအပ္တဲ့ ဥပေဒကို ျပဌာန္းလိုက္တဲ့အေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာပါတယ္။

"၂၀၂၀ ခုႏွစ္ ပါတီစံု ဒီမိုကေရစီေရြးေကာက္ပဲြသည္ ျပည္သူမ်ား၏ ယံုၾကည္အားကိုးမႈျဖင့္ တခဲနက္ေထာက္ခံမႈ ရရွိခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂိၢဳလ္အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္က တာဝန္ေပးအပ္လိုက္သည္။"

ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ဆိုင္ရာ ဥပေဒ ၂၀၂၁၊ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒ အမွတ္ ၁ အျဖစ္ ျပဌာန္းတဲ့ ဒီဥပေဒကို ရန္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္ ဦးလြင္ကိုကုိလတ္က CRPH ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာတင္ထားတဲ့ ေၾကညာခ်က္ထဲမွာ ဖတ္ျပသြားတာပါ။

ဒီဥပေဒဟာ ဧၿပီလ ၁ ရက္ေန႔မွာ စတင္အာဏာတည္မွာျဖစ္ၿပီး အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ရာထူးသက္တမ္းဟာ အဲဒီေန႔ကေန ေနာက္ငါးႏွစ္အထိျဖစ္တယ္လို႔ ဥပေဒထဲမွာ ေဖာ္ျပထားပါတယ္။

ဥပေဒကိုေတာ့ သမၼတဦးဝင္းျမင့္က လက္မွတ္ေရးထိုးထုတ္ျပန္တယ္လို႔လည္း ပါရွိပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ ၃၀၀ နီးပါး အြန္လုိင္းကေနေဆြးေႏြးၿပီး ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကို ဖြဲ႔စည္းထားတာပါ။

ဒီေကာ္မတီအေနနဲ႔ သံတမန္နည္းလမ္းအရ၊ တျခား လႊတ္ေတာ္ေခၚယူေရးလုပ္ငန္းစဥ္အရ၊ လိုအပ္ရင္ အစိုးရဖြဲ႔တဲ့အထိ ေဆာင္ရြက္သြားဖို႔ ရွိတယ္လို႔ ဦးလြင္ကိုလတ္က ဗီြအိုေအကိုေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လွှတ်တော်ကိုယ်စားပြုကော်မတီက နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ငါးနှစ်ထပ်မံပြဌာန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ငါးနှစ်သက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်တဲ့ ဥပဒေကို ပြဌာန်းလိုက်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

"၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲသည် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တခဲနက်ထောက်ခံမှု ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လိုက်သည်။"

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁ အဖြစ် ပြဌာန်းတဲ့ ဒီဥပဒေကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးလွင်ကိုကိုလတ်က CRPH ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့ ကြေညာချက်ထဲမှာ ဖတ်ပြသွားတာပါ။

ဒီဥပဒေဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်အာဏာတည်မှာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းဟာ အဲဒီနေ့ကနေ နောက်ငါးနှစ်အထိဖြစ်တယ်လို့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။

ဥပဒေကိုတော့ သမ္မတဦးဝင်းမြင့်က လက်မှတ်ရေးထိုးထုတ်ပြန်တယ်လို့လည်း ပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါး အွန်လိုင်းကနေဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းထားတာပါ။

ဒီကော်မတီအနေနဲ့ သံတမန်နည်းလမ်းအရ၊ တခြား လွှတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်အရ၊ လိုအပ်ရင် အစိုးရဖွဲ့တဲ့အထိ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးလွင်ကိုလတ်က ဗွီအိုအေကိုပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG