(Zawgyi/Unicode)
ကုလသမဂၢ လူ ့အခြင့္အေရးေကာင္စီမွာ ေလ့လာအကဲခတ္သူအျဖစ္ ျပန္လည္ ပါ၀င္သြားမယ္လို ့ အေမရိကန္နိုင္ငံျခားေရး၀န္ႀကီး Antony Blinken က တနလၤာေန ့က ေၾကညာပါတယ္။
ဒီမိုကေရစီ၊ လူ ့အခြင့္အေရးနဲ ႔ သာတူညီမွ်မွုေတြကို အေျချပဳဖို႔ သႏၷိ႒ာန္ခ်ထားတဲ့ Biden အစိုးရအဖြဲ႔ရဲ့ နိုင္ငံျခားေရးမူ၀ါဒရဲ့ အစိတ္ပိုင္းတရပ္ျဖစ္တယ္လို ့လည္း Blinken ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒီလူ႔အခြင့္ေရးေကာင္စီဟာ အစၥေရးအေပၚ ဆန္႔က်င္တဲ့ ဘက္လိုက္မႈေတြရွိေနသလို တရုတ္၊ က်ဴးဘားနဲ႔ ဗင္နီဇြဲလား တို႔လို လူ႔အခြင့္ေရးခ်ိဳးေဖါက္တဲ့ ႏိုင္ငံအမ်ားအျပားလည္း အဖြဲ႔ဝင္ အျဖစ္ပါေနတာေၾကာင့္ ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ဖုိ႔လိုတယ္လုိ႔ ေျပာၿပီး အရင္သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္ ၂၀၁၈ ခုနွစ္ မွာ အေမရိကန္ျပည္ေထာင္စုက ဒီေကာင္စီကေန ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။
Blinken က အလားတူစိုးရိမ္မွႈ ရွိေၾကာင္း ေျပာၾကားလိုက္ၿပီး အခုလို ႏုတ္ထြက္ၿပီး အေမရိကန္ဦးေဆာင္မႈေပးရမယ့္ ေနရာမွာ အာဏာရွင္အစိုးရေတြ အစားဝင္လာေအာင္ လမ္းဖြင့္ ေပးမယ့္အစား လူ႔အခြင့္ေရးေကာင္စီမွာ အေျပာင္းအလဲေတြျဖစ္ဖို ့အားေပးလုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
ဒါ့အျပင္ ေကာင္စီရဲ့ အားနည္းခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုျပီး ေကာင္စီ လိုက္နာရမယ့္ လုပ္ပိုင္ခြင့္ေဘာင္အတြင္းမွာ ပဲလုပ္ေဆာင္လာေအာင္ အေမရိကန္ျပည္ေထာင္စုဟာ သူ ့ရဲ့ သံတမန္ဦးေဆာင္မွု အျပည့္အ၀ကို အသံုးခ်ဖို ့စားပြဲ၀ိုင္းမွာ ျပန္လည္ေရာက္ရွိရမွာျဖစ္ပါတယ္ လို ့Blinken က ေျပာပါတယ္။
အခုလို ေၾကညာခ်က္မထုတ္ျပန္ခင္ ကလည္း လူ႔အခြင့္ေရးေကာင္စီမွာ အေမရိကန္ျပည္ေထာင္စုအေနနဲ ့ မဲေပးခြင့္မရွိတဲ့ ေလ့လာသူအဆင့္ထက္ပိုၿပီး အဖြဲ ့၀င္နိုင္ငံအျဖစ္ကို ျမွင့္တင္သြားမယ္လို ့ အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ၾကတာပါ။ အဖြဲ ့၀င္နို္င္ငံေတြရဲ့ ေရြးေကာက္ပြဲကို ေတာ့ ဒီနွစ္ကုန္ပိုင္းမွာ ျပဳလုပ္မွာျဖစ္ပါတယ္။
.............
လူ့အခွင့်အရေးကောင်စီမှာ လေ့လာသူအဖြစ် ကန် ပြန်လည်ပါဝင်မည်
(Unicode)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လေ့လာအကဲခတ်သူအဖြစ် ပြန်လည် ပါဝင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့က ကြေညာပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ သာတူညီမျှမှုတွေကို အခြေပြုဖို့ သန္နိဋ္ဌာန်ချထားတဲ့ Biden အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အစိတ်ပိုင်းတရပ်ဖြစ်တယ်လို့လည်း Blinken ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီလူ့အခွင့်ရေးကောင်စီဟာ အစ္စရေးအပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှုတွေရှိနေသလို တရုတ်၊ ကျူးဘားနဲ့ ဗင်နီဇွဲလား တို့လို လူ့အခွင့်ရေးချိုးဖေါက်တဲ့ နိုင်ငံအများအပြားလည်း အဖွဲ့ဝင် အဖြစ်ပါနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်လို့ ပြောပြီး အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ် မှာ အမေရိကန်ပြည်ထောင်စုက ဒီကောင်စီကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
Blinken က အလားတူစိုးရိမ်မှှု ရှိကြောင်း ပြောကြားလိုက်ပြီး အခုလို နုတ်ထွက်ပြီး အမေရိကန်ဦးဆောင်မှုပေးရမယ့် နေရာမှာ အာဏာရှင်အစိုးရတွေ အစားဝင်လာအောင် လမ်းဖွင့် ပေးမယ့်အစား လူ့အခွင့်ရေးကောင်စီမှာ အပြောင်းအလဲတွေဖြစ်ဖို့အားပေးလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ကောင်စီရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုပြီး ကောင်စီ လိုက်နာရမယ့် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှာ ပဲလုပ်ဆောင်လာအောင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ သံတမန်ဦးဆောင်မှု အပြည့်အဝကို အသုံးချဖို့စားပွဲဝိုင်းမှာ ပြန်လည်ရောက်ရှိရမှာဖြစ်ပါတယ် လို့Blinken က ပြောပါတယ်။
အခုလို ကြေညာချက်မထုတ်ပြန်ခင် ကလည်း လူ့အခွင့်ရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မဲပေးခွင့်မရှိတဲ့ လေ့လာသူအဆင့်ထက်ပိုပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ကို မြှင့်တင်သွားမယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ကြတာပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲကို တော့ ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။