သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အေမရိကန္တ၀ွမ္း ျမန္မာစစ္အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အရွိန္ျမင့္ ျပဳလုပ္


ဝါရွင္တန္ဒီစီ ျမန္မာ စစ္သံ႐ုံးေရွ႕ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပဲြ

[ Zawgyi/ Unicode ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ကိစၥကို ဆန္႔က်င္ဖို႔နဲ႔ ျပည္တြင္းက ၿငိမ္းခ်မ္းတဲ့ ဆႏၵျပလႈပ္ရွားမႈေတြကို ေထာက္ခံအားေပးဖို႔ အေမရိကန္ျပည္ေထာင္စုေရာက္ ျမန္မာေတြ ျပည္နယ္တခ်ဳိ႕မွာ တနဂၤေႏြေန႔က ထပ္မံ ဆႏၵျပၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပ ထားပါတယ္။

ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္ ျမန္မာစစ္သံရုံးေရွ႕ ဆႏၵျပပဲြကိုေတာ့ ကရင္တုိင္းရင္းသားေတြနဲ႔ ခ်င္းတုိင္းရင္းသားအဖြဲ႔အစည္းေတြအျပင္ အျခားျမန္မာႏိုင္ငံသားေတြလည္း လာေရာက္ၾကၿပီး လူရာေက်ာ္ ရွိတယ္လို႔ ဆႏၵျပပဲြမွာ ကိုယ္တုိင္သတင္းယူေနတဲ့ VOA သတင္းေထာက္ မအင္ၾကင္းႏိုင္က ရွင္းျပပါတယ္။

" ဟုတ္ကဲ့ အခုဆႏၵျပပဲြကေတာ့ ေမရီလန္း ဗာဂ်ီးနီးယား ဝါရွင္တန္ဒီစီ တဝိုက္မွာေနတဲ့ တိုင္းရင္းသားႏြယ္ဖြားေတြ ျမန္မာႏြယ္ဖြားေတြ လာေရာက္ပူးေပါင္း ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ လူအင္အား အနည္းဆုံး၂၀၀ ေလာက္ ရွိပါတယ္။ ေနာက္ၿပီးေတာ့ ဒီပဲြရဲ႕ ထူးျခားခ်က္က အထူးသျဖင့္ ခ်င္းတိုင္းရင္းသားေတြကေန ဦးေဆာင္ၿပီးက်င္းပတဲ့ ေနရာမွာ ျမန္မာႏြယ္ဖြားေတြကလည္း စုစုစည္းစည္းနဲ႔ ပါဝင္လာၾကတယ္။ ေနာက္ၿပီး လူငယ္မ်ဳိးဆက္သစ္ေတြလည္း အမ်ားႀကီး ေတြ႕ရပါတယ္။ ဒီေန႔ဆႏၵျပပဲြမွာ မနက္ပိုင္းကဆုိရင္ ျပည္နယ္ေပါင္းစုံကလာတဲ့ ကရင္တုိင္းရင္းသားေတြလည္း ဒီမွာ ဆႏၵျပၾကပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာ သိမ္းလုိက္တဲ့အေပၚ သူတို႔ မခံမရပ္ႏိုင္ျဖစ္လို႔ ပူးေပါင္းပါဝင္တာျဖစ္တယ္ဆိုၿပီး VOA ကို ေျပာပါတယ္။ သူတို႔ေျပာတဲ့အထဲမွာ လက္ရွိ ျမန္မာႏိုင္ငံက လမ္းမေတြေပၚ မေၾကာက္မရြံ႕ ဆန္႔က်င္ဆႏၵျပတာေတြနဲ႔ အတူေပါ့ေနာ္ တညီတညြတ္ထဲရွိတယ္ဆိုတာ ျပသတဲ့အေနနဲ႔ သူတို႔ခုလိုလာၿပီး ဆႏၵျပၾကတာ ျဖစ္ပါတယ္။ "

" အခု ဒီဆႏၵျပပဲြမွာပါတဲ့ ေမရီလန္းျပည္နယ္က ကိုရင္ေအးက ဆႏၵျပပဲြအတြင္း သူတို႔ ေတာင္းဆိုခ်က္ေတြကို ခုလို ေျပာပါတယ္။ "

" ျမန္မာႏိုင္ငံမွာ မတရား စစ္အာဏာသိမ္းမႈကို က်ေနာ္တို႔ အေနနဲ႔ လုံးဝ လက္မခံေၾကာင္း ၊ မတရား ဖမ္းဆီးထားတဲ့ ျပည္သူ႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတႀကီး ဦးဝင္းျမင့္အပါအဝင္ ျပည္သူ႔ ကုိယ္စားလွယ္ေတြအားလုံး အျမန္ဆုံးျပန္လႊတ္ေပးဖို႔ က်ေနာ္တို႔ ေတာင္းဆုိပါတယ္။ ဒါ့အျပင္ ျပည္တြင္းမွာ တုိက္ပဲြဝင္ေနၾကတဲ့ ျပည္သူလူထုရဲ႕ လႈပ္ရွားမႈအားလုံးနဲ႔ က်ေနာ္တို႔ တသားတည္းရွိေၾကာင္း၊ အားလုံးကို အျပည့္ဝ ေထာက္ခံေၾကာင္း ၊ လိုအပ္တာကုိ တတ္ႏိုင္သမွ် အစြမ္းကုန္ က်ေနာ္တို႔ေဆာင္ရြက္သ ြားမယ္။ အထူးသျဖင့္ေတာ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကို က်ေနာ္တုိ႔ အျပည့္အဝ ေထာက္ခံေၾကာင္း လာေရာက္ဆႏၵေဖၚထုတ္တာ ျဖစ္ပါတယ္။ "

တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမဳိ႕မွာရွိတဲ့ ျပည္နယ္လႊတ္ေတာ္ အေဆာက္အဦေရွ႕ ဆႏၵျပပဲြနဲ႔ ပတ္သက္လို႔ ခ်င္းတုိင္းရင္းသား ဂ်ဳိးဇက္ ပန္ဂယုိ႔ ေျပာတာက -

" စစ္အစိုးရက မတရား အႏိုင္က်င့္ၿပီးေတာ့မွ အာဏာသိမ္းလိုက္တာကုိ က်ေနာ္တို႔ ဆန္႔က်င္ေနတာျဖစ္တယ္။ ေနာက္ၿပီး ဒီစစ္အစိုးရရဲ႕ ေနာက္မွာ အေထာက္အပံ့ လုပ္ေပးေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားကိုလည္း က်ေနာ္တုိ႔ ရႈတ္ခ်ရင္းဆႏၵျပတာျဖစ္တယ္။ အထူးသျဖင့္ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမုိကေရစီ လြတ္လပ္ခြင့္ကို က်ေနာ္တုိ႔ ျပန္လုိခ်င္လို႔ ခုလို ဆႏၵျပၾကတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲက ဆႏၵျပျပည္သူေတြ အားမေလ်ာ့နဲ႔ အားမငယ္ပါနဲ႔ .. ကမၻာအႏံွ႔မွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ခင္ဗ်ားတို႔နဲ႔အတူတူ တိုက္ပဲြဝင္ေနပါတယ္။ "

ျမန္မာ့ ဒီမုိကေရစီေရးကို အစဥ္တစိုက္ ေထာက္ခံအားေပးတဲ့ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ Mitch McConnell ရဲ႕ ကန္တပ္ကီျပည္နယ္ Louisville ၿမဳိ႕က ရုံးေရွ႕ ဆႏၵထုတ္ေဖၚပဲြမွာ ပါဝင္သူ ဆလိုင္းေဌးေအာင္မနာ့ က ခုလိုေျပာပါတယ္။

" ယူအက္စ္ အထက္လႊတ္ေတာ္အမတ္ မစ္ရွ္-မက္ေကာနားရဲ႕ ရုံးေရွ႕မွာ က်ေနာ္တို႔ ဆႏၵျပတာ ျဖစ္တယ္။ ျမန္မာျပည္မွာ အာဏာသိမ္းတာကို ကန္႔ကြက္ဆႏၵျပတာျဖစ္တယ္။ လႊတ္ေတာ္အမတ္ မစ္ရွ္-မက္ေကာနား ကေနတဆင့္ အေမရိကန္အစိုးရေသာ္၄င္း ဒီႏိုင္ငံတကာ ဒီမုိကေရစီ အင္အားစု ႏုိင္ငံေတြကေနတဆင့္ ျမန္မာစစ္အစိုးရကို ဖိအားေပးေရး လိုခ်င္လို႔ ဆႏၵျပရတာပါ။ "

ေျမာက္ကယ္လို႐ိုင္းနားျပည္နယ္ ရွားေလ့ာၿမဳိ႕ ၿမဳိ႕ေတာ္ခမ္းမေရွ႕မွာ ဆႏၵျပေနၾကတဲ့အေၾကာင္းကိုေတာ့ ျမန္မာ့အေရးလႈပ္ရွားသူ ကိုထက္ေဇာ္က ေျပာျပပါတယ္။

" ဒီက တိုင္းရင္းသားေပါင္းစုံကလည္း သူတုိ႔ရဲ႕ဘာသာစကားနဲ႔ေရာ ဗမာလိုေရာ ေနာက္ၿပီးေတာ့ ႏိုင္ငံျခားသားေတြလည္း ပါတယ္ေပါ့ေနာ္။ သူတို႔ရဲ႕ခံစားခ်က္ေတြနဲ႔ အကုန္လုံး ဒီမွာလာၿပီး ဆႏၵျပၾကတာပါ။ လူဦးေရ အားလုံးေပါင္း ၁,၂၀၀ ေလာက္ရွိမယ္။ စစ္အာဏာသိမ္းမႈကို က်ေနာ္တုိ႔ လက္မခံဘူး။ ဖမ္းဆီးထားတဲ့ က်ေနာ္တုိ႔ရဲ႕ အေရြးခ်ယ္ခံ ေခါင္းေဆာင္ေတြကို ျပန္လလႊတ္ေပးေရး အဓိက ေတာင္းဆုိပါတယ္။ ေနာက္ၿပီး ျမန္မာျပည္ထဲမွာ အင္တာနက္ေရာ ဖုန္းေတြကအစ မတရား ႏွိပ္ကြပ္ ပိတ္ပင္ခံေနရတဲ့ကိစၥကို ႏိုင္ငံတကာကလည္း သိေအာင္လို႔ တင္ျပေနတာပါ။ "

အင္ဒီယားနားျပည္နယ္ အင္ဒီယာနာပုလိဇ္ၿမဳိ႕ World Memorial အေရွ႕မွာ လူေထာင္ေက်ာ္နဲ႔ ဆႏၵျပခဲ့ေၾကာင္း ႏိုင္ငံေရးတက္ၾကြ လႈပ္ရွားသူ ေဒါက္တာ ႐ုိဒင္းငါက ေျပာပါတယ္။

" စစ္အုပ္စုက မတရား အာဏာသိမ္းယူတာကို ဆန္႔က်င္တဲ့အေနနဲ႔ အင္ဒီယားနားျပည္နယ္ေရဂာက္ ျမန္မာျပည္သားေတြက ဘာအဖဲ႔ြအစည္းရယ္လို႔ မဟုတ္ပဲနဲ႔ Free Myanmar Campaign USA ဆိုၿပီးမွ ဖဲြ႔လုိက္တယ္။ ဒီေန႔က ဒုတိယေျမာက္ ဆႏၵျပပဲြလုပ္တာပါ။ လူ(၁,၀၀၀)ေက်ာ္ေလာက္ လာတာ ေတြ႔ရပါတယ္။ က်ေနာ္တုိ႔က ဖိႏွိပ္ခံ ျမန္မာ ျပည္သူျပည္သားေတြနဲ႔အတူ ရပ္တည္ေနတယ္ဆိုတာကို ျပသတယ္။ ကုလသမဂၢ အပါအဝင္ အေမရိကန္ျပည္ေထာင္စုက ျပည္သူလူထုရယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရယ္ သမၼတ ဂ်ဳိးဘုိင္ဒန္ကအစ စစ္အာဏာရွင္ ျပဳတ္က်ေရးအတြက္ ေဆာင္ရြက္ေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုတယ္။ "

ဆန္ဖရန္စစၥကို UN Plaza ေရွ႕ စစ္အာဏာသိမ္း ဆန္႔က်င္ေရးဆႏၵျပပဲြ
ဆန္ဖရန္စစၥကို UN Plaza ေရွ႕ စစ္အာဏာသိမ္း ဆန္႔က်င္ေရးဆႏၵျပပဲြ


အေမရိကန္ အေနာက္ဖက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕က ကုလသမဂၢ UN Plaza ေရွ႕ ဆႏၵျပပဲြမွာ ပါဝင္သူ အမ်ဳိးသမီးတဦး ေျပာတာက -

" အေမစုအတြက္ တုိက္ပဲြလာဝင္တာပါ။ အေမစု က်န္းမာၿပီး တုိင္းျပည္အတြက္ ပိုၿပီးေတာ့ အလုပ္လုပ္ႏိုင္ပါေစ။ ျမန္မာျပည္ႀကီး တိုးတက္တာ ျမင္ခ်င္ပါတယ္ ေနာက္ထပ္ စစ္ဖိနပ္ေအာက္မွာ ျပားျပားမဝပ္ဖို႔အတြက္ ဒီမွာ အေလးအနက္ထား ဆႏၵထုတ္ေဖၚ ေနပါတယ္။ "

ဆန္ဖရန္ၿမဳိ႕ ဆႏၵျပပဲြမွာ လူ(၁,၀၀၀)ဝန္းက်င္ လာေရာက္ၾကၿပီး ေနာက္တပတ္ စေနေန႔ ဒီေနရာမွာပဲ ထပ္မံ ဆႏၵျပၾကဖုိ႔ရွိတယ္လို႔ သိရပါတယ္။

= = = = = = = = =

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

အမေရိကန်တဝှမ်း မြန်မာစစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့် ပြုလုပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ကိစ္စကို ဆန့်ကျင်ဖို့နဲ့ ပြည်တွင်းက ငြိမ်းချမ်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံအားပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ ပြည်နယ်တချို့မှာ တနင်္ဂနွေနေ့က ထပ်မံ ဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြ ထားပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲကိုတော့ ကရင်တိုင်းရင်းသားတွေနဲ့ ချင်းတိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အခြားမြန်မာနိုင်ငံသားတွေလည်း လာရောက်ကြပြီး လူရာကျော် ရှိတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်သတင်းယူနေတဲ့ VOA သတင်းထောက် မအင်ကြင်းနိုင်က ရှင်းပြပါတယ်။

" ဟုတ်ကဲ့ အခုဆန္ဒပြပွဲကတော့ မေရီလန်း ဗာဂျီးနီးယား ဝါရှင်တန်ဒီစီ တဝိုက်မှာနေတဲ့ တိုင်းရင်းသားနွယ်ဖွားတွေ မြန်မာနွယ်ဖွားတွေ လာရောက်ပူးပေါင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ လူအင်အား အနည်းဆုံး၂၀၀ လောက် ရှိပါတယ်။ နောက်ပြီးတော့ ဒီပွဲရဲ့ ထူးခြားချက်က အထူးသဖြင့် ချင်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးကျင်းပတဲ့ နေရာမှာ မြန်မာနွယ်ဖွားတွေကလည်း စုစုစည်းစည်းနဲ့ ပါဝင်လာကြတယ်။ နောက်ပြီး လူငယ်မျိုးဆက်သစ်တွေလည်း အများကြီး တွေ့ရပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ မနက်ပိုင်းကဆိုရင် ပြည်နယ်ပေါင်းစုံကလာတဲ့ ကရင်တိုင်းရင်းသားတွေလည်း ဒီမှာ ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းလိုက်တဲ့အပေါ် သူတို့ မခံမရပ်နိုင်ဖြစ်လို့ ပူးပေါင်းပါဝင်တာဖြစ်တယ်ဆိုပြီး VOA ကို ပြောပါတယ်။ သူတို့ပြောတဲ့အထဲမှာ လက်ရှိ မြန်မာနိုင်ငံက လမ်းမတွေပေါ် မကြောက်မရွံ့ ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ အတူပေါ့နော် တညီတညွတ်ထဲရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သူတို့ခုလိုလာပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ "

" အခု ဒီဆန္ဒပြပွဲမှာပါတဲ့ မေရီလန်းပြည်နယ်က ကိုရင်အေးက ဆန္ဒပြပွဲအတွင်း သူတို့ တောင်းဆိုချက်တွေကို ခုလို ပြောပါတယ်။ "

" မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းမှုကို ကျနော်တို့ အနေနဲ့ လုံးဝ လက်မခံကြောင်း ၊ မတရား ဖမ်းဆီးထားတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ပြည်သူ့ ကိုယ်စားလှယ်တွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုအားလုံးနဲ့ ကျနော်တို့ တသားတည်းရှိကြောင်း၊ အားလုံးကို အပြည့်ဝ ထောက်ခံကြောင်း ၊ လိုအပ်တာကို တတ်နိုင်သမျှ အစွမ်းကုန် ကျနော်တို့ဆောင်ရွက်သ ွားမယ်။ အထူးသဖြင့်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ကျနော်တို့ အပြည့်အဝ ထောက်ခံကြောင်း လာရောက်ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။ "

တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာရှိတဲ့ ပြည်နယ်လွှတ်တော် အဆောက်အဦရှေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ချင်းတိုင်းရင်းသား ဂျိုးဇက် ပန်ဂယို့ ပြောတာက -

" စစ်အစိုးရက မတရား အနိုင်ကျင့်ပြီးတော့မှ အာဏာသိမ်းလိုက်တာကို ကျနော်တို့ ဆန့်ကျင်နေတာဖြစ်တယ်။ နောက်ပြီး ဒီစစ်အစိုးရရဲ့ နောက်မှာ အထောက်အပံ့ လုပ်ပေးနေတဲ့ တရုတ်နဲ့ ရုရှားကိုလည်း ကျနော်တို့ ရှုတ်ချရင်းဆန္ဒပြတာဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်ကို ကျနော်တို့ ပြန်လိုချင်လို့ ခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ဆန္ဒပြပြည်သူတွေ အားမလျော့နဲ့ အားမငယ်ပါနဲ့ .. ကမ္ဘာအနံှ့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ခင်ဗျားတို့နဲ့အတူတူ တိုက်ပွဲဝင်နေပါတယ်။ "

မြန်မာ့ ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ ကန်တပ်ကီပြည်နယ် Louisville မြို့က ရုံးရှေ့ ဆန္ဒထုတ်ဖေါ်ပွဲမှာ ပါဝင်သူ ဆလိုင်းဌေးအောင်မနာ့ က ခုလိုပြောပါတယ်။

" ယူအက်စ် အထက်လွှတ်တော်အမတ် မစ်ရှ်-မက်ကောနားရဲ့ ရုံးရှေ့မှာ ကျနော်တို့ ဆန္ဒပြတာ ဖြစ်တယ်။ မြန်မာပြည်မှာ အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတာဖြစ်တယ်။ လွှတ်တော်အမတ် မစ်ရှ်-မက်ကောနား ကနေတဆင့် အမေရိကန်အစိုးရသော်၎င်း ဒီနိုင်ငံတကာ ဒီမိုကရေစီ အင်အားစု နိုင်ငံတွေကနေတဆင့် မြန်မာစစ်အစိုးရကို ဖိအားပေးရေး လိုချင်လို့ ဆန္ဒပြရတာပါ။ "

မြောက်ကယ်လိုရိုင်းနားပြည်နယ် ရှားလေ့ာမြို့ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြနေကြတဲ့အကြောင်းကိုတော့ မြန်မာ့အရေးလှုပ်ရှားသူ ကိုထက်ဇော်က ပြောပြပါတယ်။

" ဒီက တိုင်းရင်းသားပေါင်းစုံကလည်း သူတို့ရဲ့ဘာသာစကားနဲ့ရော ဗမာလိုရော နောက်ပြီးတော့ နိုင်ငံခြားသားတွေလည်း ပါတယ်ပေါ့နော်။ သူတို့ရဲ့ခံစားချက်တွေနဲ့ အကုန်လုံး ဒီမှာလာပြီး ဆန္ဒပြကြတာပါ။ လူဦးရေ အားလုံးပေါင်း ၁,၂၀၀ လောက်ရှိမယ်။ စစ်အာဏာသိမ်းမှုကို ကျနော်တို့ လက်မခံဘူး။ ဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ အရွေးချယ်ခံ ခေါင်းဆောင်တွေကို ပြန်လလွှတ်ပေးရေး အဓိက တောင်းဆိုပါတယ်။ နောက်ပြီး မြန်မာပြည်ထဲမှာ အင်တာနက်ရော ဖုန်းတွေကအစ မတရား နှိပ်ကွပ် ပိတ်ပင်ခံနေရတဲ့ကိစ္စကို နိုင်ငံတကာကလည်း သိအောင်လို့ တင်ပြနေတာပါ။ "

အင်ဒီယားနားပြည်နယ် အင်ဒီယာနာပုလိဇ်မြို့ World Memorial အရှေ့မှာ လူထောင်ကျော်နဲ့ ဆန္ဒပြခဲ့ကြောင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဒေါက်တာ ရိုဒင်းငါက ပြောပါတယ်။

" စစ်အုပ်စုက မတရား အာဏာသိမ်းယူတာကို ဆန့်ကျင်တဲ့အနေနဲ့ အင်ဒီယားနားပြည်နယ်ရေဂာက် မြန်မာပြည်သားတွေက ဘာအဖဲ့ွအစည်းရယ်လို့ မဟုတ်ပဲနဲ့ Free Myanmar Campaign USA ဆိုပြီးမှ ဖွဲ့လိုက်တယ်။ ဒီနေ့က ဒုတိယမြောက် ဆန္ဒပြပွဲလုပ်တာပါ။ လူ(၁,၀၀၀)ကျော်လောက် လာတာ တွေ့ရပါတယ်။ ကျနော်တို့က ဖိနှိပ်ခံ မြန်မာ ပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ပြသတယ်။ ကုလသမဂ္ဂ အပါအဝင် အမေရိကန်ပြည်ထောင်စုက ပြည်သူလူထုရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ် သမ္မတ ဂျိုးဘိုင်ဒန်ကအစ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆောင်ရွက်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ "

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့က ကုလသမဂ္ဂ UN Plaza ရှေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ အမျိုးသမီးတဦး ပြောတာက -

" အမေစုအတွက် တိုက်ပွဲလာဝင်တာပါ။ အမေစု ကျန်းမာပြီး တိုင်းပြည်အတွက် ပိုပြီးတော့ အလုပ်လုပ်နိုင်ပါစေ။ မြန်မာပြည်ကြီး တိုးတက်တာ မြင်ချင်ပါတယ် နောက်ထပ် စစ်ဖိနပ်အောက်မှာ ပြားပြားမဝပ်ဖို့အတွက် ဒီမှာ အလေးအနက်ထား ဆန္ဒထုတ်ဖေါ် နေပါတယ်။ "

ဆန်ဖရန်မြို့ ဆန္ဒပြပွဲမှာ လူ(၁,၀၀၀)ဝန်းကျင် လာရောက်ကြပြီး နောက်တပတ် စနေနေ့ ဒီနေရာမှာပဲ ထပ်မံ ဆန္ဒပြကြဖို့ရှိတယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG