သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈကို အၾကမ္းမဖက္တဲ့နည္းနဲ႔ ဆန္႔က်င္တဲ့ ျပည္သူေတြကို NLD ေက်းဇူးတင္


ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ (ကရင္အမ်ိဳးသားမီဒီယာ)

(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းမႈကို အၾကမ္းမဖက္ဘဲ ဆန္႔က်င္တဲ့ Civil Disobedience လႈပ္ရွားမႈမွာ ပါ၀င္ၾကတဲ့ အစုိးရ၀န္ထမ္းေတြ နဲ႔ ျပည္သူအားလုံးကို ေက်းဇူးတင္တယ္လို႔ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔၀င္တဦးက ေျပာလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က စစ္တပ္က ၂၀၂၀ ေရြးေကာက္ပဲြအႏုိင္ရ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီဆီကေန အာဏာသိမ္းလိုက္တဲ့အေပၚ အခုအခါမွာ ႏုိင္ငံတ၀န္း ျပည္သူေတြက လက္မခံဘဲ ဆန္႔က်င္ကန္႔ကြက္မႈ မ်ိဳးစုံ နဲ႔ တုံ႔ျပန္လာေနၾကပါတယ္။ က်န္းမာေရး၀န္ထမ္းေတြ အပါအ၀င္ အစိုးရဌာနအသီးသီးက၀န္ထမ္းေတြ၊ ေက်ာင္းသားေက်ာင္းသူေတြ နဲ႔ ျပည္သူေတြက အၾကမ္းမဖက္ဘဲ ဆန္႔က်င္အံတုတဲ့ Civil Disobedience နည္းအမ်ိဳးမ်ိဳး နဲ႔ ပါ၀င္ၿပီးေတာ့ ကန္႔ကြက္ဆႏၵျပလာေနၾကတာပါ။ အခုလိုမ်ိဳး၀န္ထမ္းေတြအပါအ၀င္ ျပည္သူေတြက အာဏာသိမ္းစစ္အစိုးရကို အၾကမ္းမဖက္တဲ့နည္းနဲ႔ ကန္႔ကြက္လာေနတဲ့အေပၚမွာ အထူးပဲအားရၿပီး ေက်းဇူးတယ္လို႔ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔၀င္လည္းျဖစ္ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ေဒၚနန္းခင္ေထြးျမင့္က ဗီြအိုေအကို ေျပာပါတယ္။

“က်မေျပာထားပါတယ္ က်မ ေက်းဇူးတင္တယ္လို႔ လူထုကိုေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ တာ၀န္ေက်တယ္လို႔ ။ သူ႔တို႔ရဲ႕ သံပုံးတီးတဲ့အသံေတြလည္း က်မတို႔ကို တကယ့္ကို ခြန္အားျဖစ္ေစပါတယ္။ က်မတို႔မထြက္ရဘူး မထြက္ရေပမယ့္ သူတို႔အားေပးတဲ့အသံကိုၾကားရတာ တကယ္ပဲ က်မေလ ေက်းဇူးတင္တယ္။”

Civil Disobedience လႈပ္ရွားမႈအတြင္း ျပည္သူေတြက ညပိုင္းေတြမွာ သံပုံးတီးတာ၊ ကားဟြန္းတီးတာ၊ လက္ခုပ္တီးတာ၊ ကမာၻမေက်ဘူး သီခ်င္းသံၿပိဳင္သီဆုိတာ၊ ဖေယာင္းတုိင္ထြန္းတာေတြ အပါအ၀င္ လူမႈကြန္ရက္ေတြကေနလည္း ပုိစတာေတြ ဓါတ္ပုံေတြနဲ႔ ကန္႔ကြက္ခဲ့သလို၊ ဒဂုံတကၠသိုလ္ နဲ႔ ရတနာပုံတကၠသိုလ္အပါအ၀င္ တကၠသိုလ္တခ်ိဳ႕မွာလည္း ေက်ာင္းသားေတြ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ က်န္းမာေရး၀န္ထမ္းေတြရဲ႕ ဖဲႀကိဳးနီလႈပ္ရွားမႈအပါအ၀င္ တျခားဌာနဆုိင္ရာေတြနဲ႔ အဖဲြ႔အစည္းအသီးသီးကလည္း စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ခဲ့ၾကသလို၊ တခ်ိဳ႕ ၀န္ထမ္းေတြလည္း အလုပ္မဆင္းတာေတြ ၊ ႏုတ္ထြက္တာေတြအထိပါ ရွိလာေန ပါတယ္။ ဒါေပမဲ့လည္း တဘက္မွာလည္း ဒီလႈပ္ရွားမႈေတြအေပၚမွာ အာဏာပိုင္ေတြဘက္က ၿခိမ္းေျခာက္တာေတြ ဖမ္းဆီးတာေတြအထိ လုပ္လာေနပါတယ္။ အခုလုိ အာဏာပိုင္ေတြဘက္က ၀န္ထမ္းေတြကို ၿခိမ္းေျခာက္တာေတြ ဖမ္းဆီးအေရးယူတာေတြနဲ႔ ပတ္သက္ၿပီး ေဒၚနန္းခင္ေထြးျမင့္က အခုလို ေျပာပါတယ္။

“က်မတို႔ ကရင္ျပည္နယ္က ေက်ာင္းအုပ္ႀကီးေပါ့ေနာ္ စက္မႈလက္မႈေက်ာင္းအုပ္ႀကီး ေဒါက္တာခ်ိဳယုမြန္ ဒီေန႔ ထြက္သြားၿပီ။ က်မအရင္ကေတာ့ မေျပာဘူး အခုကေတာ့ မေျပာပဲ မေနႏိုင္ဘူး။ ၀န္ထမ္းေတြကေလ လုပ္ခ်င္တယ္၊ ကူညီခ်င္တယ္ သူတို႔ စိုးရိမ္ၾကတယ္ေပ့ါေနာ္။ သူတို႔ တကယ္လို႔ အလုပ္ျပဳတ္သြားရင္ ေနာက္အစိုးရ တက္လာတဲ့အခါမွာ သူတို႔ အလုပ္ေတြ မရမွာ စိုးရိမ္တယ္။ က်မကေလ ေျပာခ်င္တာ အဲဒီ၀န္ထမ္းေတြကို ဘာမွ မစိုးရိမ္ပါနဲ႔လို႔ ။ ဒါေဆာင္ရြက္ျခင္းက က်မတို႔ ႏိုင္ငံေတာ္အေပၚ သစၥာရွိေနတာ။ ဒီအတိုင္းထြက္သြားရင္ အမွန္တကယ္ကို ေဆာင္ရြက္ေပးမွာ ဒါေတြဟာ အရင္လုပ္သင့္လုပ္ထိုက္တာေတြကို ဦးေဆာင္ၿပီး ေဆာင္ရြက္ေပးမွာ က်မတို႔က ႏိုင္ငံ႔၀န္ထမ္းေတြပဲ အလုပ္ျပန္ရမွာပဲ။ သူတို႔က အလုပ္မရမွာကို စိုးရိမ္ေနၾကတာေပါ့ေနာ္။”

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သမၼတဦး၀င္းျမင့္ အပါအ၀င္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔၀င္ေတြ၊ ျပည္နယ္တုိင္း၀န္ႀကီးခ်ဳပ္ေတြ နဲ႔ တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ ဒါေပမဲ့ ေဒၚနန္းခင္ေထြးျမင့္ အပါအ၀င္ ျပည္နယ္နဲ႔ တုိင္း၀န္ႀကီးခ်ဳပ္ေတြကိုေတာ့ ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးလိုက္ၿပီး၊ ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားတယ္လို႔သူက ေျပာပါတယ္။

“ ဟုတ္ကဲ့ က်မတို႔က အက်ယ္ခ်ဳပ္ပါ အခုအထိ မထြက္ရေသးပါဘူး။ က်မ ဘာသေဘာတူညီခ်က္ေတြ ဘာလက္မွတ္ထိုးတာေတြ မလုပ္ခဲ့ရဘူး။ ဒီအတိုင္းပဲ ျပန္လို႔ရၿပီလို႔ ေျပာလို႔ လိုက္ျပန္လိုက္တာပဲ ဒါပဲ။”

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ျပည္သူေတြအေနနဲ႔ လက္မခံဘဲ တခဲနက္တုံ႔ျပန္ၾကဖို႔ စာေရးၿပီးေတာ့ တုိက္တြန္းထားပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ နဲ႔ ေသာၾကာေန႔ေတြမွာေတာ့ အၾကမ္းမဖက္တဲ့ လူထုလႈပ္ရွားမႈေတြ ပိုအားေကာင္းလာေနၿပီး တခ်ိဳ႕ေနရာေတြမွာ လမ္းေပၚထြက္ဆႏၵျပတာေတြ ရွိလာေနသလို၊ အာဏာပိုင္ေတြဘက္ကလည္း Facebook အပါအ၀င္ လူမႈကြန္ရက္ေတြကို ပိတ္ဆု႔ိတာေတြ ၊ ဖမ္ဆီးအေရးယူတာေတြလည္းရွိလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့ ပြည်သူတွေကို NLD ကျေးဇူးတင်

(Unicode)

စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ဆန့်ကျင်တဲ့ Civil Disobedience လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အစိုးရဝန်ထမ်းတွေ နဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆီကနေ အာဏာသိမ်းလိုက်တဲ့အပေါ် အခုအခါမှာ နိုင်ငံတဝန်း ပြည်သူတွေက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်မှု မျိုးစုံ နဲ့ တုံ့ပြန်လာနေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အစိုးရဌာနအသီးသီးကဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ နဲ့ ပြည်သူတွေက အကြမ်းမဖက်ဘဲ ဆန့်ကျင်အံတုတဲ့ Civil Disobedience နည်းအမျိုးမျိုး နဲ့ ပါဝင်ပြီးတော့ ကန့်ကွက်ဆန္ဒပြလာနေကြတာပါ။ အခုလိုမျိုးဝန်ထမ်းတွေအပါအဝင် ပြည်သူတွေက အာဏာသိမ်းစစ်အစိုးရကို အကြမ်းမဖက်တဲ့နည်းနဲ့ ကန့်ကွက်လာနေတဲ့အပေါ်မှာ အထူးပဲအားရပြီး ကျေးဇူးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ကျမပြောထားပါတယ် ကျမ ကျေးဇူးတင်တယ်လို့ လူထုကိုနော် ဘာဖြစ်လို့လဲဆိုတော့ တာဝန်ကျေတယ်လို့ ။ သူ့တို့ရဲ့ သံပုံးတီးတဲ့အသံတွေလည်း ကျမတို့ကို တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ ကျမတို့မထွက်ရဘူး မထွက်ရပေမယ့် သူတို့အားပေးတဲ့အသံကိုကြားရတာ တကယ်ပဲ ကျမလေ ကျေးဇူးတင်တယ်။”

Civil Disobedience လှုပ်ရှားမှုအတွင်း ပြည်သူတွေက ညပိုင်းတွေမှာ သံပုံးတီးတာ၊ ကားဟွန်းတီးတာ၊ လက်ခုပ်တီးတာ၊ ကမ္ဘာမကျေဘူး သီချင်းသံပြိုင်သီဆိုတာ၊ ဖယောင်းတိုင်ထွန်းတာတွေ အပါအဝင် လူမှုကွန်ရက်တွေကနေလည်း ပိုစတာတွေ ဓါတ်ပုံတွေနဲ့ ကန့်ကွက်ခဲ့သလို၊ ဒဂုံတက္ကသိုလ် နဲ့ ရတနာပုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်တချို့မှာလည်း ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုအပါအဝင် တခြားဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ခဲ့ကြသလို၊ တချို့ ဝန်ထမ်းတွေလည်း အလုပ်မဆင်းတာတွေ ၊ နုတ်ထွက်တာတွေအထိပါ ရှိလာနေ ပါတယ်။ ဒါပေမဲ့လည်း တဘက်မှာလည်း ဒီလှုပ်ရှားမှုတွေအပေါ်မှာ အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာတွေ ဖမ်းဆီးတာတွေအထိ လုပ်လာနေပါတယ်။ အခုလို အာဏာပိုင်တွေဘက်က ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ဖမ်းဆီးအရေးယူတာတွေနဲ့ ပတ်သက်ပြီး ဒေါ်နန်းခင်ထွေးမြင့်က အခုလို ပြောပါတယ်။

“ကျမတို့ ကရင်ပြည်နယ်က ကျောင်းအုပ်ကြီးပေါ့နော် စက်မှုလက်မှုကျောင်းအုပ်ကြီး ဒေါက်တာချိုယုမွန် ဒီနေ့ ထွက်သွားပြီ။ ကျမအရင်ကတော့ မပြောဘူး အခုကတော့ မပြောပဲ မနေနိုင်ဘူး။ ဝန်ထမ်းတွေကလေ လုပ်ချင်တယ်၊ ကူညီချင်တယ် သူတို့ စိုးရိမ်ကြတယ်ပေ့ါနော်။ သူတို့ တကယ်လို့ အလုပ်ပြုတ်သွားရင် နောက်အစိုးရ တက်လာတဲ့အခါမှာ သူတို့ အလုပ်တွေ မရမှာ စိုးရိမ်တယ်။ ကျမကလေ ပြောချင်တာ အဲဒီဝန်ထမ်းတွေကို ဘာမှ မစိုးရိမ်ပါနဲ့လို့ ။ ဒါဆောင်ရွက်ခြင်းက ကျမတို့ နိုင်ငံတော်အပေါ် သစ္စာရှိနေတာ။ ဒီအတိုင်းထွက်သွားရင် အမှန်တကယ်ကို ဆောင်ရွက်ပေးမှာ ဒါတွေဟာ အရင်လုပ်သင့်လုပ်ထိုက်တာတွေကို ဦးဆောင်ပြီး ဆောင်ရွက်ပေးမှာ ကျမတို့က နိုင်ငံ့ဝန်ထမ်းတွေပဲ အလုပ်ပြန်ရမှာပဲ။ သူတို့က အလုပ်မရမှာကို စိုးရိမ်နေကြတာပေါ့နော်။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး၊ နေအိမ်အကျယ်ချုပ်ချထားတယ်လို့သူက ပြောပါတယ်။

“ ဟုတ်ကဲ့ ကျမတို့က အကျယ်ချုပ်ပါ အခုအထိ မထွက်ရသေးပါဘူး။ ကျမ ဘာသဘောတူညီချက်တွေ ဘာလက်မှတ်ထိုးတာတွေ မလုပ်ခဲ့ရဘူး။ ဒီအတိုင်းပဲ ပြန်လို့ရပြီလို့ ပြောလို့ လိုက်ပြန်လိုက်တာပဲ ဒါပဲ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြည်သူတွေအနေနဲ့ လက်မခံဘဲ တခဲနက်တုံ့ပြန်ကြဖို့ စာရေးပြီးတော့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နဲ့ သောကြာနေ့တွေမှာတော့ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုအားကောင်းလာနေပြီး တချို့နေရာတွေမှာ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ ရှိလာနေသလို၊ အာဏာပိုင်တွေဘက်ကလည်း Facebook အပါအဝင် လူမှုကွန်ရက်တွေကို ပိတ်ဆု့ိတာတွေ ၊ ဖမ်ဆီးအရေးယူတာတွေလည်းရှိလာနေပါတယ်။

XS
SM
MD
LG