သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Civil Disobedience လှုပ်ရှားမှုမှာ ဌာနဆိုင်ရာအားလုံး ပူးပေါင်းပါဝင်ကြဖို့ ဆရာဝန်အဖွဲ့တိုက်တွန်း


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ နောက်တနေ့မှာဘဲ အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြတဲ့ Civil Disobedience လှုပ်ရှားမှုကို ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး စတင်ခဲ့ကြပါတယ်။ အခုဆိုရင် အဲဒီလှုပ်ရှားမှုဟာ တဖြည်းဖြည်း အရှိန်ရလာနေပြီး ကျန်းမာရေးဝန်ထမ်းတွေတင်သာမကဘဲ တခြား နယ်ပယ်က လူတွေ ပူးပေါင်း ပါလာဝင်လာနေကြပြီလို့ ဒီ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဗွီအိုအေကို ပြောပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် ဆန့်ကျင် ဆန္ဒပြတဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ ဆရာဝန်တဦးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဒီအထဲမှာ ပါဝင်တဲ့သူတွေက ဘယ်သူတွေလဲ ပြောလို့ရလားခင်ဗျ။

ဖြေ။ ။ ကျန်းမာရေးဝန်ထမ်းတွေ အကုန်ပါတယ်ပေါ့နော်။ နောက်ဆုံး ဓါတ်ခွဲခန်းထဲက Technician အထိပါတယ်ပေါေ့နာ်။ ပြီးတော့ သူနာပြုဆရာမ အားလုံးပါတယ်။ အကုန်ပါတယ်။ သွားဆေးဘက်ကရော၊ သူနာပြုဆရာမ၊ ဆရာဝန်ပေါ့နော် အကုန်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ ဒါက တနိုင်ငံလုံးအတိုင်းအတာလို့ ပြောလို့ရတယ်ပေါ့နော်။ ရန်ကုန်ရယ်၊ မန္တလေးရယ်လို့ မဟုတ်ပဲနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးလုပ်ကြတဲ့ လှုပ်ရှားမှုလို့ ခေါ်လို့ရတာပေါ့နော်။

ဖြေ။ ။ ဟုတ်ခေါ်လို့ရတယ်။ အခုက အကုန်လုံးဖြစ်နေပါပြီ။

ကိုဇော်ဝင်းလှိုင်။ ။ အားလုံးကတော့ အခုချိန်မှာတော့ ကျနော်တို့ကြည့်ရတာကတော့ တနိုင်ငံလုံးအတိုင်းအတာမှာလည်း သူ့မြို့နယ်လိုက်၊ မြို့နယ်လိုက် ထွက်ပြီးတော့ အခုအာဏာသိမ်း စစ်အုပ်စုနဲ့ပေါေ့နာ် မပူးပေါင်းရေး ၊ အလုပ်မဆင်းရေးဆိုတဲ့ တိတ်တဆိတ်ဆန္ဒပြတာတွေကတော့ တနိုင်ငံလုံးမှာ လုပ်နေကြတယ် ဆိုတာတော့ ကြားနေရတာပေါ့နော်။ များသောအားဖြင့်တော့ ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး စပြီးလုပ်နေတယ်ဆိုတာလည်း ကျနော်တို့ တွေ့နေရပါတယ်။ ဆိုတော့ အခုဒီ လှုပ်ရှားမှုကြီးကို ဘယ်လောက်အထိသွားမယ်လို့ ကိုယ့်အချင်းချင်း Target လေးထားကြတာများ ရှိသလား။

ဖြေ။ ။ အခုလောလောဆည်တော့ Target ကိုတော့ set မလုပ်ရသေးဘူး။ ဒါပေမယ့် Long run လို့ မှန်းထားတယ်ပေါ့နော်။ မြန်မြန်ပြီးရင်တော့ မြန်မြန်ရပ်မယ်ပေါ့။ မြန်မြန်မပြီးရင်တော့ Long run လောက်အထိ ဖြစ်မယ်လို့ မှန်းထားပါတယ်ရှင့်။ ဘယ်လောက်ကြာမယ်ဆိုတာတော့ အချိန်ကိုတော့ set မလုပ်ရသေးဘူး။ ကျမတို့လည်း စစချင်း ဒီလိုကြီးလုပ်လိုက်လို့ တကယ်ယန္တရားရပ်သွားရင်တော့ မကြာဘူးလို့ မှန်းတာပေါ့နော်

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ အစိုးရက ခေါင်းဆောင်တွေကြီးပဲ Run လို့မရတာ ၊ အောက်က ဝန်ထမ်းတွေပါမှ ဒီ ယန္တရားကြီးတခုလုံးက လည်ပတ်မှာဆိုတော့ ကျန်တဲ့ ဌာနတွေပေါ့နော်၊ ကျန်းမာရေးဌာနတွေမကပဲနဲ့ ကျန်တဲ့ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဒါမှမဟုတ်ရင်လည်း အတူတူလက်တွဲပြီး လုပ်ကြဖို့ ညှိနှိုင်းတိုင်ပင်တာတွေရော ရှိလား ဘယ်အဆင့်ရှိပြီလဲ။

ဖြေ။ ။ လောလောဆည်တော့ အဲဒီ Medical ဘက်ကဆိုရင် IT ဘက်ကတွေရော လာပြီးတော့ ပေါင်းထားတာတွေရှိတယ်။ အခြားဝန်ကြီးဌာနတွေကိုလည်း ရသလောက်တော့ တိုက်တွန်းနေတယ်ပေါ့နော်။ အခုဆိုရင် သူတို့ဟာသူတို့လည်း ကိုယ်လုပ်တဲ့ Campaign ကို အားပေးလာကြတယ်လို့ ကျမမြင်တယ်။ သူတို့လည်း ပါလာကြတယ်ပေါ့နော်။ လောလောဆည်တော့ အခု အကုန်လုံးစုပြီးတော့ မလုပ်ရသေးဘူးပေါ့နော်။

ကိုဇော်ဝင်းလှိုင်။ ။ အခုသတိထားမိတာက တဖြေးဖြေး အခု ကိုယ်လုပ်နေတဲ့ လုပ်ငန်းက ကျယ်ပြန့်လာတယ်လို့ သိသာတဲ့ ရလဒ်တွေ ထွက်လာသလား။

ဖြေ။ ။ အဲလိုတော့ မြင်ပါတယ်ပေါ့နော်။ ထောက်ခံကြတဲ့ သဘောတော့ရှိပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဒီအစီအစဉ်မှာ မပါသေးတဲ့သူတွေကို ဘာများ သတင်းစကားပါးချင်ပါသလဲ။ ဆိုလိုချင်တာကတော့အခု ကျန်းမာရေး ဝန်ထမ်းတွေ စလုပ်နေပြီ ကျန်းမာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ ဝန်ထမ်းတွေလည်း တဖြေးဖြေးပါလာနေပြီဆိုတာ ဆရာမ ပြောပြလို့ သိရတာပေါ့နော်။ တခြားအစိုးရဌာနတွေ ရော ကျန်းမာရေးမဟုတ်တဲ့ ဌာနတွေကိုရော ဘာသတင်းစကားပါးချင်ပါသလဲ။

ဖြေ။ ။ အဲဒါတော့ အဓိကပေါ့နော် ကျမတို့အနေနဲ့ ကျန်းမာရေးဝန်ထမ်းလုပ်ရတယ်ဆိုတာ တော်တော်ကြီးကို စိတ်ကိုဆုံးဖြတ်ပြီး၊ ကိုယ့်စိတ်ကိုထိန်းပြီး လုပ်ရတာပါ။ ကိုယ်က လူနာနဲ့ ပတ်သက်ရတာလေ။ ကျမတို့က ဒါအရွှေ့တခုများ ဖြစ်နေမလားဆိုပြီးတော့ စပြီးတော့ တွန်းကြတာပါ ။ ကျန်တဲ့ ဝန်ကြီးဌာနတွေ အကုန်ပါလာတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့နော် အဲဒီအခါကျရင် မြန်မြန်ပြီးပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်တွေကို မြန်မြန်ရောက်လေ ကျမတို့ရဲ့ ဒီ campaign ကို မြန်မြန်ရပ်ရင် လူနာတွေအတွက်အကောင်းဆုံးဖြစ်မှာပေါ့နော်။ အခုလုပ်ရတဲ့ လူတွေ ဘယ်သူမှ စိတ်မချမ်းသာဘူး လူနာတွေကို ကျမတို့ မျက်ကွယ်ပြုထားတဲ့ သဘောမျိုးဖြစ်တယ်။ ဒါပေမယ့် အပြင်မှာလည်း တတ်နိုင်သလောက်တော့ ဝိုင်းပြီးတော့ ကြည့်ကြမယ်လို့ အကုန်လုံး ဆုံးဖြတ်ထားပါတယ်။ တတ်နိုင်သလောက်တော့ ရှိသမျှ ဝန်ကြီးဌာနတို့အကုန် ပါပေးဖို့ပေါ့နော် အဲဒါအရေးကြီးဆုံးပဲ တိုက်တွန်းပါတယ်။ တကယ့်ကို လေးလေးနက်နက် တိုက်တွန်းပါတယ် အကုန်လုံးပါပေးပါလို့။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ နောက်တခုကလေ နေ့စဉ်ဖြစ်နေတဲ့ အခြေအနေလေး On the ground လေးကို ကျနော့်ကို နည်းနည်းလေး အကျဉ်းချုံးလေး ပြောပြလို့ ရမလား ၊ ဘယ်လိုပုံစံ သွားနေကြသလဲ အလုပ်မဆင်းဘူးဆိုတာ မဆင်တော့ဘူး ဒီအတိုင်းပဲ အိမ်မှာနေကြတာလား ။ ဘယ်လိုပုံစံမျိုးလုပ်နေကြသလဲဆိုတာကိုလေ။

ဖြေ။ ။ လောလောဆည်တော့ ဆေးရုံမသွားကြဘူးပေါ့။ အကုန်လုံး ရာနှုန်းပြည့်ကတော့ ဘယ်မှာမှ မရှိဘူးပေါ့နော်။ သွားတဲ့လူတချို့လည်းရှိတယ်။ ရှိတဲ့လူ တချို့ကလည်း ဆေးရုံမှာ ရှိလက်စ လူနာတွေတော့ ကြည့်နေသေးတယ်။ အဓိက Emergency department မှာလည်း ဆရာဝန်တွေက Emergency အဆင့်တွေကိုပဲ ကြည့်နေတဲ့ ဆေးရုံတွေရှိတယ်။ တချို့ ဆေးရုံတွေကတော့ အကုန်ပိတ်တယ်ပေါ့နော်။ အပြင်မှာ ကျမတို့ လောလောဆည်တော့ လုပ်တာ ၂ ရက် ၃ ရက်ပဲ ရှိသေးတာဆိုတော့ အပြင်မှာ ကြည့်လို့ရရင်တော့ ဆေးခန်းတွေရှိတယ် အဲဒီဆေးခန်းတွေဖွင့်ပြီးတော့ကြည့်ပေးဖို့ စီစဉ်နေကြတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်ပေါ့နော် တတ်နိုင်သလောက်။

ဖြေ။ ။ ဟုတ်ကဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်နိုင်သလောက်။

တိုက်ရိုက် လင့်ခ်


.................

(Unicode)


















ဆက်စပ်သတင်းများ ...

XS
SM
MD
LG