သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံအစိုးရကို ႏိုင္ငံတကာတရားဝင္မႈျပဳဖို႔ NLD တိုက္တြန္း


မႏၱေလးၿမိဳ႕ရွိ NLD ပါတီရံုး။ (ေဖေဖာ္ဝါရီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ျပည္သူ႔ဆႏၵနဲ႔ ေ႐ြးေကာက္တင္ေျမွာက္ထားတဲ့ သမၼတဦးဝင္းျမင့္သာ တရားဝင္သမၼတျဖစ္တဲ့အတြက္ သမၼတဦးဝင္းျမင့္အစိုးရနဲ႔သာ သံခင္းတမန္ခင္း ဆက္သြယ္မႈေတြကို ဆက္လက္ ဆက္သြယ္ေဆာင္႐ြက္ဖုိ႔ NLD အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ အာဏာသိမ္းစစ္ေကာင္စီက ဖဲြ႔ထားတဲ့ အစိုးရအပါအဝင္ အဖဲြ႔အစည္းေတြဟာ တရားဝင္မဟုတ္တဲ့အတြက္ အဲဒီအဖဲြ႔ေတြနဲ႔ ဆက္သြယ္ေဆာင္႐ြက္ျခင္း မျပဳဖုိ႔လည္း ေဖေဖာ္ဝါရီလ ၇ ရက္ ဒီေန႔ ေန႔စြဲနဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ တရားဝင္သံတမန္ အဆက္အသြယ္႐ွိတဲ့ ႏိုင္ငံေတြ၊ ႏိုင္ငံတကာ အဖဲ႔ြအစည္းေတြကို ရည္႐ြယ္တိုက္တြန္းတဲ့ အဲဒီေၾကညာခ်က္ထဲမွာ မတရားဖမ္းဆီးခံထားရတဲ့ ႏုိင္ငံ့ေခါင္းေဆာင္ေတြန႔ဲ ႏိုင္ငံေရးတက္ႂကြလႈပ္႐ွားသူေတြ အျမန္ဆံုးျပန္လြတ္လာေရးကို ေဆာင္႐ြက္ေပးၾကဖို႔ တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြ ဒီမိုကေရစီစနစ္နဲ႔ လူ႔အခြင့္အေရးေတြ မဆံုး႐ႈံးေအာင္၊ အာဏာ႐ွင္စနစ္ မေပၚေပါက္ေအာင္ သတိနဲ႔ေဆာင္႐ြက္ေပးၾကဖုိ႔လည္း NLD ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔က ေတာင္းဆိုထားပါတယ္။

စစ္အာဏာသိမ္းခဲၿ့ပီးတဲ့ေနာက္ NLD ပါတီရဲ႕ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြဟာ ျဖစ္တဲ့နည္းနဲ႔ လႊတ္ေတာ္ေခၚယူခဲ့ၾကၿပီး ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကို ဖဲြ႔စည္းထားပါတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီေတြကိုလည္း ဖဲြ႔စည္းထားပါတယ္။

ေနျပည္ေတာ္မွာေတာ့ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္တုိ႔ဆက္လက္ ဖမ္းဆီးခံထားရဆဲျဖစ္ပါတယ္။ သမၼတဦးဝင္းျမင့္ကို အစိုးရတာဝန္႐ွိသူေတြကိုထားတဲ့ အိမ္အမွတ္ ၂၉ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို အိမ္အမွတ္ ၃၃ မွာ ဒီေန႔မနက္အထိ ဆက္လက္ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားေၾကာင္း NLD သတင္းနဲ႔ျပန္ၾကားေရးအဖဲြ႔ဝင္ ဦးၾကည္တိုးရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ခံအစိုးရကို နိုင်ငံတကာတရားဝင်မှုပြုဖို့ NLD တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်တဲ့အတွက် သမ္မတဦးဝင်းမြင့်အစိုးရနဲ့သာ သံခင်းတမန်ခင်း ဆက်သွယ်မှုတွေကို ဆက်လက် ဆက်သွယ်ဆောင်ရွက်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ထားတဲ့ အစိုးရအပါအဝင် အဖွဲ့အစည်းတွေဟာ တရားဝင်မဟုတ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုဖို့လည်း ဖေဖော်ဝါရီလ ၇ ရက် ဒီနေ့ နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ တရားဝင်သံတမန် အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာ အဖဲ့ွအစည်းတွေကို ရည်ရွယ်တိုက်တွန်းတဲ့ အဲဒီကြေညာချက်ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံးပြန်လွတ်လာရေးကို ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးတွေ မဆုံးရှုံးအောင်၊ အာဏာရှင်စနစ် မပေါ်ပေါက်အောင် သတိနဲ့ဆောင်ရွက်ပေးကြဖို့လည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းခဲြ့ပီးတဲ့နောက် NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဖြစ်တဲ့နည်းနဲ့ လွှတ်တော်ခေါ်ယူခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတွေကိုလည်း ဖွဲ့စည်းထားပါတယ်။

နေပြည်တော်မှာတော့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကို အစိုးရတာဝန်ရှိသူတွေကိုထားတဲ့ အိမ်အမှတ် ၂၉ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အမှတ် ၃၃ မှာ ဒီနေ့မနက်အထိ ဆက်လက်နေအိမ်အကျယ်ချုပ်ချထားကြောင်း NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG