သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ဘုရားသုံးဆူ NLD ဥကၠ႒ျပန္လြတ္ေပးေရး ေဒသခံေတြေတာင္းဆုိ


ဦးသန္းလြင္ NLD ဥကၠဌ နယ္စပ္ ဘုရားသုံးဆူၿမဳိ႕ (ဓါတ္ပုံ - ဦးသန္းလြင္ facebook )

[ ZAWGYI ]

ထိုင္းျမန္မာနယ္စပ္ၿမဳိ႕ျဖစ္တဲ့ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမဳိ႕ ရဲတပ္ဖဲြ႔က အဲဒီေဒသ NLD ပါတီ ၿမဳိ႕နယ္ဥကၠဌ ဦးသန္းလြင္ကို စေနေန႔ညက ဖမ္းဆီးထားတာေၾကာင့္ သူ႔ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ၿမဳိ႕ခံျပည္သူေတြက တနဂၤေႏြမနက္ထိ ရဲစခန္းကို ဝန္းရံပိတ္ဆို႔ ေတာင္းဆိုေနၾကတဲ့ အေၾကာင္း ကိုဥာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

နယ္စပ္ ဘုရားသုံးဆူၿမဳိ႕နယ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီကို ဝန္းရံေထာက္ခံသူေတြက ည ၈ နာရီဝန္းက်င္အခ်ိန္ လမ္းမေတြေပၚမွာ "ကမၻာမေၾကဘူး" သီခ်င္းကို သံၿပဳိင္သီဆုိတာ ၊ ကားဟြန္း တီးတာေတြလုပ္ခဲ့ၿပီးေနာက္ လူစုခဲြခဲ့ ၾကတာပါ။

အဲဒီေနာက္ ည ၁၀ နာရီဝန္းက်င္ေလာက္မွာ ဘုရားသုံးဆူၿမဳိ႕နယ္ NLD ပါတီဥကၠဌ ဦးသန္းလြင္ကို ရဲတပ္ဖြဲ႔က ဖမ္းဆီးသ ြားတာ ျဖစ္တယ္လုိ႔ မသဇင္ခိုင္ ဆိုသူက facebook ဖဘ ေပၚမွာ Live လႊင့္ရင္း ရွင္းျပခဲ့ပါတယ္။

" က်မတို႔ ကမၻာမေၾကသီခ်င္း ဆိုတာေပါ့ေနာ္။ က်မတို႔ လူစုေနတဲ့အခ်ိန္တုန္းက NLD ပါတီဥကၠဌ ဦးသန္းလြင္ကို မေခၚသြားပဲနဲ႔ လူစုခဲြလုိက္ၿပီးခ်ိန္က်မွ ရဲေတြက သူ႔ကို ကားေပၚ ေခၚတင္သြားပါတယ္။ အဲဒါေၾကာင့္ က်မတို႔အခု ရဲစခန္းေရွ႕ ေတာင္းဆိုေနတာပါရွင္။ "

ၿမဳိ႕ခံေတြဟာ ဦးသန္းလြင္ကုိ ဖမ္းဆီးထားတဲ့ ဘုရားသုံးဆူၿမဳိ႕ ေဂါက္ကြင္းနားက ၿမဳိ႕နယ္ ရဲစခန္းဝင္းကို ညအခ်ိန္ကတည္းက ဝုိင္းထားၾကၿပီး သူ႔ကို အျမန္ျပန္လႊတ္ေပးေရး ညအာ႐ုံတက္ အခ်ိန္ထိ ေအာ္ဟစ္ ေတာင္းဆိုခဲ့ၾကတာပါ။

ျမန္မာျပည္ စံေတာ္ခ်ိန္ ညသန္းေခါင္ ၁ နာရီခဲြ ေက်ာ္ အခ်ိန္မွာေတာ့ ဦးသန္းလြင္ကို တနဂၤေႏြေန႔ မနက္ေစာပိုင္းမွာ အာမခံနဲ႔ ျပန္လႊတ္ေပးမယ့္အေၾကာင္း ရဲစခန္း တာဝန္ရွိသူေတြက လူထုကို ေျပာပါတယ္။ ဒါေပမဲ့ လူထုက လက္မခံပဲ ခုခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ကိုသာ ေတာင္းဆိုခဲ့ၾကတာပါ။

ဦးသန္းလြင္ လႊတ္ေပးေရး ရဲစခန္းေရွ႕ ေတာင္းဆုိေနသူမ်ား
ဦးသန္းလြင္ လႊတ္ေပးေရး ရဲစခန္းေရွ႕ ေတာင္းဆုိေနသူမ်ား

ဦးသန္းလြင္ကိုလည္း ပိတ္ထားတဲ့ ရဲစခန္းဝင္း အဝင္ဝထိေခၚလာၿပီး လူထုနဲ႔ စကားေျပာခြင့္ ေပးခဲ့ပါတယ္။

" ဒီလိုမ်ဳိး မျပန္ပဲ က်ေနာ့္ကို လႊတ္ေပးဖို႔ ေသာင္းေသာင္းဖ်ဖ်နဲ႔ ေတာင္းဆိုေနတဲ့အတြက္ က်ေနာ္ အာမခံ ရပါၿပီ ။ အဲဒီ အာမခံရတယ္ဆိုတဲ့ေနရာမွာ ဒီညေတာ့ မရပါဘူးတဲ့။ မနက္ျဖန္ မိုးလင္းတာနဲ႔ ၅ နာရီခဲြ ၆ နာရီဆိုရင္ အားလုံးအခ်က္အလက္ေတြ ယူၿပီးလို႔ရွိရင္ လက္မွတ္ထုိးၿပီးလို႔ရွိရင္ က်ေနာ္ အာမခံရပါမယ္။ က်ေနာ္ ထပ္ေျပာပါမယ္ ... အားလုံး အိမ္ျပန္အိပ္ေပးပါ။ တိတ္ဆိပ္ ၿငိမ္သက္စြာနဲ႔ ျပန္ေပးၾကပါ ... ( လူထုအသံမ်ား - မအိပ္ဘူး ... မျပန္ဘူး ။ မျပန္ဘူး ေစာင့္လုိက္ေတာ့မယ္ ဘာမွ မထူးေတာ့ဘူး ၊ ဒီမွာပဲအိပ္မယ္ ဒီမွာပဲ ေစာင့္မယ့္ ...။ )"

ဦးသန္းလြင္ ေျပာသြားသလို သူ႔ကို စိစစ္ေနတဲ့ကိစၥေတြ ၿပီးရင္ေတာ့ မနက္ ေစာပိုင္းမွာ ျပန္လႊတ္ေပးမယ္လို႔ ေျပာသ ြားေပမယ့္ တကယ္ ျပန္လႊတ္ေပး/မေပး ဆိုတာကေတာ့ မသိႏိုင္ ေသးပါဘူး။ ဦးသန္းလြင္ကို ၾကာအင္းဆိပ္ႀကီးၿမဳိ႕ ရဲစခန္းထိ ေျပာင္းေရႊ႕ ေခၚေဆာင္သြားမယ္ဆိုတဲ့ သတင္းေတြ အေစာပုိင္း ထြက္ေနခဲ့တာေၾကာင့္ ၿမဳိ႕ခံျပည္သူေတြဟာ ရဲစခန္းအဝင္အထြက္ ဂိတ္ဝ ၂ ခု စလုံးကို မနက္လင္းတဲ့အခ်ိန္ထိ ပိတ္ဆို႔ ေစာင့္ဆုိင္းေနတာကို လူမႈကြန္ယက္ သတင္းေတြမွာ ေတြ႔ေနရပါတယ္။

ဒါေပမဲ့ VOA က ေစာင့္ၾကည့္ သတင္းယူေနတဲ့ မနက္ ၇ နာရီ မိုးလင္းတဲ့အခ်ိန္ထိ ဦးသန္းလြင္ ျပန္လြတ္လာျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


[ UNICODE ]

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရဲတပ်ဖွဲ့က အဲဒီဒေသ NLD ပါတီ မြို့နယ်ဥက္ကဌ ဦးသန်းလွင်ကို စနေနေ့ညက ဖမ်းဆီးထားတာကြောင့် သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြို့ခံပြည်သူတွေက တနင်္ဂနွေမနက်ထိ ရဲစခန်းကို ဝန်းရံပိတ်ဆို့ တောင်းဆိုနေကြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

နယ်စပ် ဘုရားသုံးဆူမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝန်းရံထောက်ခံသူတွေက ည ၈ နာရီဝန်းကျင်အချိန် လမ်းမတွေပေါ်မှာ "ကမ္ဘာမကြေဘူး" သီချင်းကို သံပြိုင်သီဆိုတာ ၊ ကားဟွန်း တီးတာတွေလုပ်ခဲ့ပြီးနောက် လူစုခွဲခဲ့ ကြတာပါ။

အဲဒီနောက် ည ၁၀ နာရီဝန်းကျင်လောက်မှာ ဘုရားသုံးဆူမြို့နယ် NLD ပါတီဥက္ကဌ ဦးသန်းလွင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသ ွားတာ ဖြစ်တယ်လို့ မသဇင်ခိုင် ဆိုသူက facebook ဖဘ ပေါ်မှာ Live လွှင့်ရင်း ရှင်းပြခဲ့ပါတယ်။

" ကျမတို့ ကမ္ဘာမကြေသီချင်း ဆိုတာပေါ့နော်။ ကျမတို့ လူစုနေတဲ့အချိန်တုန်းက NLD ပါတီဥက္ကဌ ဦးသန်းလွင်ကို မခေါ်သွားပဲနဲ့ လူစုခွဲလိုက်ပြီးချိန်ကျမှ ရဲတွေက သူ့ကို ကားပေါ် ခေါ်တင်သွားပါတယ်။ အဲဒါကြောင့် ကျမတို့အခု ရဲစခန်းရှေ့ တောင်းဆိုနေတာပါရှင်။ "

မြို့ခံတွေဟာ ဦးသန်းလွင်ကို ဖမ်းဆီးထားတဲ့ ဘုရားသုံးဆူမြို့ ဂေါက်ကွင်းနားက မြို့နယ် ရဲစခန်းဝင်းကို ညအချိန်ကတည်းက ဝိုင်းထားကြပြီး သူ့ကို အမြန်ပြန်လွှတ်ပေးရေး ညအာရုံတက် အချိန်ထိ အော်ဟစ် တောင်းဆိုခဲ့ကြတာပါ။

ဘုရားသုံးဆူၿမဳိ႕
ဘုရားသုံးဆူၿမဳိ႕

မြန်မာပြည် စံတော်ချိန် ညသန်းခေါင် ၁ နာရီခွဲ ကျော် အချိန်မှာတော့ ဦးသန်းလွင်ကို တနင်္ဂနွေနေ့ မနက်စောပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးမယ့်အကြောင်း ရဲစခန်း တာဝန်ရှိသူတွေက လူထုကို ပြောပါတယ်။ ဒါပေမဲ့ လူထုက လက်မခံပဲ ခုချက်ချင်း ပြန်လွှတ်ပေးဖို့ကိုသာ တောင်းဆိုခဲ့ကြတာပါ။

ဦးသန်းလွင်ကိုလည်း ပိတ်ထားတဲ့ ရဲစခန်းဝင်း အဝင်ဝထိခေါ်လာပြီး လူထုနဲ့ စကားပြောခွင့် ပေးခဲ့ပါတယ်။

" ဒီလိုမျိုး မပြန်ပဲ ကျနော့်ကို လွှတ်ပေးဖို့ သောင်းသောင်းဖျဖျနဲ့ တောင်းဆိုနေတဲ့အတွက် ကျနော် အာမခံ ရပါပြီ ။ အဲဒီ အာမခံရတယ်ဆိုတဲ့နေရာမှာ ဒီညတော့ မရပါဘူးတဲ့။ မနက်ဖြန် မိုးလင်းတာနဲ့ ၅ နာရီခွဲ ၆ နာရီဆိုရင် အားလုံးအချက်အလက်တွေ ယူပြီးလို့ရှိရင် လက်မှတ်ထိုးပြီးလို့ရှိရင် ကျနော် အာမခံရပါမယ်။ ကျနော် ထပ်ပြောပါမယ် ... အားလုံး အိမ်ပြန်အိပ်ပေးပါ။ တိတ်ဆိပ် ငြိမ်သက်စွာနဲ့ ပြန်ပေးကြပါ ... ( လူထုအသံများ - မအိပ်ဘူး ... မပြန်ဘူး ။ မပြန်ဘူး စောင့်လိုက်တော့မယ် ဘာမှ မထူးတော့ဘူး ၊ ဒီမှာပဲအိပ်မယ် ဒီမှာပဲ စောင့်မယ့် ...။ )"

ဦးသန်းလွင် ပြောသွားသလို သူ့ကို စိစစ်နေတဲ့ကိစ္စတွေ ပြီးရင်တော့ မနက် စောပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ ပြောသ ွားပေမယ့် တကယ် ပြန်လွှတ်ပေး/မပေး ဆိုတာကတော့ မသိနိုင် သေးပါဘူး။ ဦးသန်းလွင်ကို ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်းထိ ပြောင်းရွှေ့ ခေါ်ဆောင်သွားမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်း ထွက်နေခဲ့တာကြောင့် မြို့ခံပြည်သူတွေဟာ ရဲစခန်းအဝင်အထွက် ဂိတ်ဝ ၂ ခု စလုံးကို မနက်လင်းတဲ့အချိန်ထိ ပိတ်ဆို့ စောင့်ဆိုင်းနေတာကို လူမှုကွန်ယက် သတင်းတွေမှာ တွေ့နေရပါတယ်။

ဒါပေမဲ့ VOA က စောင့်ကြည့် သတင်းယူနေတဲ့ မနက် ၇ နာရီ မိုးလင်းတဲ့အချိန်ထိ ဦးသန်းလွင် ပြန်လွတ်လာခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG