သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးမွာ ဖမ္းဆီးခံရတဲ့ ဆႏၵျပသမား ၂၀၀ ေက်ာ္ၿပီ


ေဖေဖာ္၀ါရီလ ၉ ရက္ေန႔က မႏၲေလးမွာ ဖမ္းဆီးခံရတဲ့ ဆႏၵျပသမားတဦး

(Zawgyi/Unicode)

မႏၱေလးၿမိဳ႕မွာေတာ့ ဆႏၵျပသူလူ ၂၀၀ထက္မနည္း ဖမ္းဆီးခံထားရၿပီး တခ်ိဳ႕ ကုိေတာ့ စစ္တပ္ထဲမွာထားသလို တခ်ဳိ႕ကုိေတာ့ ရဲစခန္းမွာထားျပီး အမူစဲြတင္ဖုိ႔ စစ္တပ္ဘက္က စီစဥ္ေနတာေတြရွိတယ္လို႔ မႏၱေလးၿမိဳ ့က ေရွ႕ေနကြန္ယက္က ေျပာပါတယ္ ။ ဒီအေၾကာင္း မေအးေအးမာက ေျပာျပေပးမွာပါ။

စစ္အာဏာသိမ္းတာကိုဆန္က်င့္ကန္႔ကြက္ေနတဲ့မႏၱေလးၿမိဳ ့ဆႏၵျပပဲြေတြမွာေတာ့ အဂၤါေန့ကလူ၂၀၀ထက္မနည္း ဖမ္းဆီးခံထားရေၾကာင္း သူတို႔ကို စစ္တပ္က တရားစဲြဆုိဖို႔ ျပင္ဆင္ေနတာေတြ ့ရေၾကာင္း မႏၱေလးၿမိဳ႕ ေရွ႕ေနကြန္ယက္က ေရွ႕ေန ေဒၚခ်ယ္ရီစုက အခုလိုေျပာျပပါတယ္။

“၂၀၀ေက်ာ္ေတာ့ ရွိတယ္ရွင့္။ ၿပီးေတာ့ က်မတို႔ Confirm ျဖစ္တာက ပုသိမ္ႀကီးဘက္က တပ္ရင္း၁၁၉ ထဲမွာ ၇၅ ေယာက္ရွိပါတယ္။ ဒါက ကြန္ဖန္းပါ သတင္းထပ္ၾကားတာ အမွတ္(၇)ရဲစခန္းထဲမွာ ရွိတယ္လို႔ ၾကားပါတယ္။ တပ္ရင္း ၁၁၉က မႏၱေလးပုသိမ္ႀကီးၿမိဳ႕နယ္တရားရံုးမွာ ရမန္ယူဖို႕ လာပါတယ္။ ဒါေပမယ့္ တရားသူႀကီးေတြက တရားသူႀကီးခ်ဳပ္အေျပာင္းအလဲနဲ႕ အစည္ေ၀းထုိင္ေနလို႕ ရမန္မေပးလိုက္ဘူး၊ ရမန္ေပးမယ့္ စာေရးမေလးဆီက သိရတာက ၇၅ေယာက္လုိ႕ တိတိက်က်သိရပါတယ္။”

ဆႏၵျပသူေတြကို အမူ ့စဲြတင္ခဲ့မယ္ဆုိရင္ ေရွ႕ေနအျဖစ္ လုိက္ပါေဆာင္ရြက္ဖို႔ မႏၱေလးမွာ ရွိတဲ့ ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္က တရားရံုးေတြကို ဗုဒၶဟူးေန႔ကစၿပီး ေရွ႕ေနေတြ သြားေရာက္မွာျဖစ္တယ္လုိ႕ ဆုိပါတယ္။

“ေရွ႕ေနအဖဲြ ့ေတြအေနနဲ႔ လုပ္ထားတဲ့အစီစဥ္ရွိပါတယ္။ အဓိက က ဒီလိုအမူ မ်ိဳးဆိုတာက ထံုးစံအတုိင္းပဲ၊ ဒီေန႔ဆဲြ ၊ ဒီေန႕အမူတင္ ၊ ဒီေန႕ေထာင္ခ်ပံုစံမိ်ဳးလုပ္တာမ်ားတယ္ အရင္ပံုစံမ်ိဳးဆိုရင္ေပါ့။ က်မတို႔ ေရွ႕ေနကြန္ယက္က လိုက္ပါေပးမယ့္ေရွ႕ေနေတြကို လိုက္စုထားတယ္။ ၿမိဳ႕နယ္ (၇)ၿမိဳ႕နယ္မွာရိွသမ်ွ တရားရံုးေတြမွာျဖန္႔ထားမယ္ ၊ ဒီအမူေတြကို တရားစဲြတင္တာနဲ႔ က်မတုိ႕ကလုိက္ေပးျပီး စတန္းဘိုင္ အေနနဲ႔ အမူ့ေတြကို လိုက္ပါေဆာင္ရြက္ေပးဖို႔ လုပ္ထားပါတယ္။”

စစ္အာဏာသိမ္းၿပီး ၈ရက္ေျမာက္ေန႔မွာ လူ ၅ ေယာက္ထက္ပုိမစုဖို႔ အမိန္႔ေၾကညာခ်က္ေတြ ထုတ္ခဲ့ေပမယ့္ မႏၱေလးမွာေတ့ာ ေဖေဖၚ၀ါရီလ ၉ရက္ေန႔မွာ ဆႏၵျပပဲြေတြျဖစ္ခဲ့ၿပီး ရဲေတြက ၿဖိဳခဲြမူေတြ လုပ္ၿပီး ဆႏၵျပသူေတြကိုဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



.............

မန္တလေးမှာ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသမား ၂၀၀ ကျော်ပြီ

(Unicode)

မန္တလေးမြို့မှာတော့ ဆန္ဒပြသူလူ ၂၀၀ထက်မနည်း ဖမ်းဆီးခံထားရပြီး တချို့ ကိုတော့ စစ်တပ်ထဲမှာထားသလို တချို့ကိုတော့ ရဲစခန်းမှာထားပြီး အမူစွဲတင်ဖို့ စစ်တပ်ဘက်က စီစဉ်နေတာတွေရှိတယ်လို့ မန္တလေးမြို့က ရှေ့နေကွန်ယက်က ပြောပါတယ် ။ ဒီအကြောင်း မအေးအေးမာက ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းတာကိုဆန်ကျင့်ကန့်ကွက်နေတဲ့မန္တလေးမြို့ဆန္ဒပြပွဲတွေမှာတော့ အင်္ဂါနေ့ကလူ၂၀၀ထက်မနည်း ဖမ်းဆီးခံထားရကြောင်း သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတာတွေ့ရကြောင်း မန္တလေးမြို့ ရှေ့နေကွန်ယက်က ရှေ့နေ ဒေါ်ချယ်ရီစုက အခုလိုပြောပြပါတယ်။

“၂၀၀ကျော်တော့ ရှိတယ်ရှင့်။ ပြီးတော့ ကျမတို့ Confirm ဖြစ်တာက ပုသိမ်ကြီးဘက်က တပ်ရင်း၁၁၉ ထဲမှာ ၇၅ ယောက်ရှိပါတယ်။ ဒါက ကွန်ဖန်းပါ သတင်းထပ်ကြားတာ အမှတ်(၇)ရဲစခန်းထဲမှာ ရှိတယ်လို့ ကြားပါတယ်။ တပ်ရင်း ၁၁၉က မန္တလေးပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ရမန်ယူဖို့ လာပါတယ်။ ဒါပေမယ့် တရားသူကြီးတွေက တရားသူကြီးချုပ်အပြောင်းအလဲနဲ့ အစည်ဝေးထိုင်နေလို့ ရမန်မပေးလိုက်ဘူး၊ ရမန်ပေးမယ့် စာရေးမလေးဆီက သိရတာက ၇၅ယောက်လို့ တိတိကျကျသိရပါတယ်။”

ဆန္ဒပြသူတွေကို အမူ့စွဲတင်ခဲ့မယ်ဆိုရင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ဖို့ မန္တလေးမှာ ရှိတဲ့ မြို့နယ်(၇)မြို့နယ်က တရားရုံးတွေကို ဗုဒ္ဓဟူးနေ့ကစပြီး ရှေ့နေတွေ သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရှေ့နေအဖွဲ့တွေအနေနဲ့ လုပ်ထားတဲ့အစီစဉ်ရှိပါတယ်။ အဓိက က ဒီလိုအမူ မျိုးဆိုတာက ထုံးစံအတိုင်းပဲ၊ ဒီနေ့ဆွဲ ၊ ဒီနေ့အမူတင် ၊ ဒီနေ့ထောင်ချပုံစံမျိုးလုပ်တာများတယ် အရင်ပုံစံမျိုးဆိုရင်ပေါ့။ ကျမတို့ ရှေ့နေကွန်ယက်က လိုက်ပါပေးမယ့်ရှေ့နေတွေကို လိုက်စုထားတယ်။ မြို့နယ် (၇)မြို့နယ်မှာရှိသမျှ တရားရုံးတွေမှာဖြန့်ထားမယ် ၊ ဒီအမူတွေကို တရားစွဲတင်တာနဲ့ ကျမတို့ကလိုက်ပေးပြီး စတန်းဘိုင် အနေနဲ့ အမူ့တွေကို လိုက်ပါဆောင်ရွက်ပေးဖို့ လုပ်ထားပါတယ်။”

စစ်အာဏာသိမ်းပြီး ၈ရက်မြောက်နေ့မှာ လူ ၅ ယောက်ထက်ပိုမစုဖို့ အမိန့်ကြေညာချက်တွေ ထုတ်ခဲ့ပေမယ့် မန္တလေးမှာတေ့ာ ဖေဖေါ်ဝါရီလ ၉ရက်နေ့မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ရဲတွေက ဖြိုခွဲမူတွေ လုပ်ပြီး ဆန္ဒပြသူတွေကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG