မန္တလေး CDM လှုပ်ရှားမှု နဲ့ နှိမ်နင်းမှု အခြေအနေ
ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က မနေ့က အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဆန္ဒပြပြည်သူတချို့ထိခိုက်ဒဏ်ရာရတာတွေ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။