သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ႀကီး စပ္စံထြန္းေဆးရံု လံုျခံဳေရးတပ္ေတြ စီးနင္းခဲ့


ေတာင္ႀကီး စပ္စံထြန္းေဆးရံုကို လံုျခံဳေရးတပ္ေတြ စီးနင္းခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Non Pha's Facebook- ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္လႈပ္ရွားသူေတြအေပၚ အင္အားသုံး ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ႏုိင္ငံတကာက သတိေပးေနခ်ိန္မွာပဲ ေနာက္ထပ္ ႏွိမ္နင္းမႈေတြ၊ ဖမ္းဆီးမႈေတြလည္း ရွိေနပါတယ္။ အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္၊ မႏၱေလးနဲ႔ ေတာင္ႀကီးၿမိဳ႕ေတြ အပါအ၀င္ ေနရာတခ်ဳိ႕မွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ အင္အားသုံး ႏွိမ္နင္းခဲ့တဲ့ အေျခအေနကုိေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ေတာင္ႀကီး စပ္စံထြန္းေဆးရံုကို လံုျခံဳေရးတပ္ေတြ စီးနင္းခဲ့လို႔ ေတာင္ၾကီးၿမိဳ႕ခံမ်ား စုေဝးဆႏၵျပတဲ့ျမင္ကြင္း။ (ဓာတ္ပံု - Non Pha's Facebook- ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)
ေတာင္ႀကီး စပ္စံထြန္းေဆးရံုကို လံုျခံဳေရးတပ္ေတြ စီးနင္းခဲ့လို႔ ေတာင္ၾကီးၿမိဳ႕ခံမ်ား စုေဝးဆႏၵျပတဲ့ျမင္ကြင္း။ (ဓာတ္ပံု - Non Pha's Facebook- ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

အၾကမ္းမဖက္ဘဲ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့တဲ့ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕က စပ္စံထြန္းေဆး႐ုံကို ဒီကေန႔ ညေနပုိင္းမွာပဲ ရဲတပ္ဖဲြ႔၀င္ ၃၀ ေလာက္ ဝန္းရံပိတ္ဆုိ႔ခဲ့ရာက တင္းမာမႈေတြ ျဖစ္ခဲ့တာပါ။ ေဆး႐ုံကုိ ၀ုိင္းထားတဲ့ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြကုိ လူထုက ဆႏၵျပခဲ့ရာမွာ ရဲေတြက မ်က္ရည္ယုိဗုံးနဲ႔ ေသနတ္ပစ္ေဖာက္ လူစုခဲြတဲ့အထိ တင္းမာမႈေတြ ျဖစ္ခဲ့တဲ့အေၾကာင္း စဝ္စံထြန္းေဆး႐ုံက ဆရာဝန္တစ္ဦးက ေျပာပါတယ္။

“အထဲမွာလည္း ဝန္ထမ္းအင္အားက ၈၀၀၊ ၁,၀၀၀ ေလာက္ေတာ့ရွိတယ္။ အဲ့ဒီမွာလည္း ဆရာဝန္ေတြကို ဝန္းရံေပးေနၾကတာေပါ့။ အဲ့ဒီလို ဝန္းရံေပးေနတာကို လူစုခြဲဖို႔အတြက္ မ်က္ရည္ယိုဗုံးေတြ ပစ္တယ္၊ ေသနတ္ေတြေဖာက္တယ္ ေျပာတယ္။ ဝန္းႀကီးကို စီးထားတဲ့ အေနအထားေပါ့၊ စီးၿပီးေတာ့ မ်က္ရည္ယိုဗုံးေတြ ပစ္တယ္၊ ေသနတ္ေဖာက္တယ္။ ရဲကား ၃၊ ၄ စီးေလာက္နဲ႔ အင္အား ၃၀ ဝန္းက်င္ရွိတဲ့ ရဲေတြေပါ့ေနာ္။ လက္နက္အျပည့္နဲ႔ ရဲေတြက ေဆး႐ုံဝန္းထဲ ဝင္လာတယ္။ ဝင္လာၿပီးေတာ့ ဆရာဝန္အေဆာင္ကို ဝိုင္းထားတယ္ေပါ့။ ဝိုင္းထားတဲ့ အခ်ိန္မွာ တံခါးဖ်က္တာမ်ိဳးေတာ့ မရွိဘူး။ တံခါးကို အားျပင္းျပင္းနဲ႔ ထုတာမ်ိဳးေတာ့ ရွိတယ္။ အဲ့ဒီအသံေတြ ၾကားၿပီးေတာ့ သူတို႔ ျပန္ဆင္းသြားၾကပုံရတယ္။ အကုန္လုံး အထဲမွာ ေဘးကင္းတယ္ဆိုတဲ့အေၾကာင္း သိရတယ္။ လူစစ္ၾကည့္ေတာ့လည္း စုံတယ္၊ တစ္ေယာက္မွ အဖမ္းခံရတာမ်ိဳးမရွိဘူး။”

မႏၲေလးၿမိဳ႕မွာလည္း ျမန္မာ့စီးပြားေရးဘဏ္ေရွ႕ အႏုနည္းနဲ႔ အာဏာဖီဆန္ေရး ဆႏၵျပေနၾကသူေတြကုိ ရဲတပ္ဖဲြ႔က ပစ္ခတ္လူစုခဲြခဲ့တာပါ။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနခ်ိန္မွာ ပစ္ခတ္ႏွိမ္နင္း ခံခဲ့ရတာလုိ႔လည္း ကုိယ္တုိင္ေတြ႔ခဲ့သူတေယာက္က ေျပာပါတယ္။

“က်ေနာ္တို႔ မႏၲေလး ၂၆ လမ္း၊ ၈၂ လမ္းေထာင့္ အစိုးရဘဏ္မွ ဆႏၵျပတာပါ။ ႐ိုး႐ိုးသားသား ေအးေအးလူလူပါ။ အဲ့ဒါကို သူတို႔က စစ္ကားေတြနဲ႔ ေရာက္လာတယ္။ က်ေနာ္တို႔က အစိုးရဝန္ထမ္း႐ုံးေတြမွာ အလုပ္လုပ္ေနတဲ့သူေတြကို အိမ္ျပန္မယ္ဆိုရင္ ႐ိုး႐ိုးသားသားျပန္ခြင့္ျပဳတယ္။ မိုက္နဲ႔ေအာ္ၿပီး က်ေနာ္တို႔က ႐ိုး႐ိုးသားသားဆႏၵျပတာ။ ျပည္သူေတြေျပာေတာ့ ေထာင္ထြက္ေတြတဲ့။ ရဲကားေတြနဲ႔ အကုန္ေရာက္လာၿပီးေတာ့ ပထမဆုံးကားကလူေတြက "မင္းတို႔ ေျပးေတာ့" တဲ့... အဲ့ဒီတုန္းက က်ေနာ္တို႔က မယုံဘူးေပါ့ေနာ္။ ေနာက္ေတာ့ သူတို႔က ကားေပၚကေန ရာဘာက်ည္ေတြနဲ႔ထုတယ္။ ရာဘာက်ည္မွန္တဲ့သူက က်ေနာ္တို႔ရဲ႕ ေရွ႕က... မိုက္နဲ႔ ေအာ္ေနတဲ့သူေပါ့ေနာ္။ သူတို႔က ကားေတာင္မရပ္ေသးဘူး၊ ကားေပၚကေန ရာဘာက်ည္ေတြနဲ႔ ထုတာ။ ေလာက္ေလးခြနဲ႔ထုတယ္။ က်ေနာ္ေတာင္ ပုခုံးတစ္ခ်က္မွန္သြားပါတယ္။ ဒါမဲ့ မနာပါဘူး။”

အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္မွာလည္း ဆႏၵျပသူေတြ ဖမ္းဆီးခံရတာေတြ ရွိခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ေနျပည္ေတာ္ သေျပကုန္း ကေမာၻဇဘဏ္ ၅ နားမွာ ၿငိမ္းခ်မ္းစြာ ထိုင္ၿပီး ဆႏၵျပေနၾကတဲ့ ေနျပည္ေတာ္ ေ႐ႊၾကာပင္ ရက္ကြက္ အ.ထ.က ၁၄ က ၁၀ တန္းေက်ာင္းသားေတြနဲ႔ ဆႏၵျပ ဝန္ထမ္းတခ်ိဳ႕ကို ရဲက ဖမ္းဆီးခဲ့တာ ျဖစ္ေၾကာင္းလည္း ဖမ္းဆီးခံရတဲ့ ေက်ာင္းသားတေယာက္ရဲ႕ မိသားစု၀င္ တဦးက ဗီြအိုေအကုိေျပာပါတယ္။

“ေနျပည္ေတာ္မွာ ေက်ာင္းသား ၄၅ ေယာက္ကို ဖမ္းထားပါတယ္ဗ်။ ၁၀ တန္းေက်ာင္းသားေလးေတြဗ်။ ေန႔ခင္း ၁၁ နာရီေလာက္ကေပါ့ေနာ္။ အခုကေတာ့ ေနျပည္ေတာ္ အက်ဥ္းေထာင္ေရွ႕မွာ ေရာက္ေနပါတယ္ခင္ဗ်။ ကေလးေတြက ဘာမွမလုပ္ဘူး၊ ဆႏၵျပတာ သူတို႔ဟာသူတို႔ ေက်ာင္းသားေလးေတြ ထိုင္ျပေနတဲ့ အခ်ိန္မွာ ခုက ဖမ္းၿပီးေတာ့ ေနျပည္ေတာ္ေထာင္ထဲကို ထည့္ထားတာ။ အခုဟာက ၉ တန္းေအာင္ ၁၀ တန္းတက္မယ့္ ကေလးေတြေပါ့ေနာ္။ CDM ျပတဲ့သူက ဘယ္ႏွစ္ေယာက္ေလာက္ပါလဲဆိုေတာ့ ၄၊ ၅ ေယာက္ေလာက္ပါတယ္။”

ဖမ္းဆီးထားတဲ့ ေက်ာင္းသားေတြကိုလႊတ္ေပးဖို႔အတြက္ ျပည္သူေတြနဲ႔ ေက်ာင္းသားမိဘေတြ ဝိုင္းဝန္းဆႏၵျပခဲ့ၾကတာေၾကာင့္ ညေန ၄ နာရီခြဲ ဝန္းက်င္ေလာက္မွာ ေနျပည္ေတာ္ အက်ဥ္းေထာင္ထဲကေန ျပန္လႊတ္ေပးခဲ့တယ္လုိ႔လည္း မိသားစုဝင္ေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ သံခ်ပ္ကာ ကားေတြ၊ စစ္သားေတြနဲ႔ လုံၿခံဳေရးေတြ တုိးျမွင့္ခ်ထားခ်ိန္မွာပဲ ဆႏၵျပပဲြေတြလည္း ဆက္လက္ ေပၚေပါက္ေနတာပါ။ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တုိးျမွင့္ခ်ထားၿပီး ဆႏၵျပလႈပ္ရွားမႈေတြကို အင္အားသုံး ႏွိမ္နင္းေနတဲ့ လုပ္ရပ္ေတြကုိ ရပ္တန္႔ဖုိ႔ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအဝန္းကလည္း တုိက္တြန္းေနပါတယ္။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guetterus ကလည္း အေျခအေနေတြအေပၚ အထူးစုိးရိမ္ေၾကာင္း မေန႔တုန္းကပဲ ေျပာဆုိလုိက္သလုိ၊ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ဥေရာပသမဂၢ (EU) အဖဲြ႔၀င္ႏုိင္ငံေတြ အပါအ၀င္ အေနာက္ႏုိင္ငံသံ႐ုံးေတြကလည္း တင္းမာမႈေတြအေပၚ စုိးရိမ္ေၾကာင္းနဲ႔ ဆႏၵျပသူေတြကုိ ႏွိမ္နင္းတာေတြ ရပ္တန္႔ဖုိ႔လည္း ေတာင္းဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကြီး စပ်စံထွန်းဆေးရုံ လုံခြုံရေးတပ်တွေ စီးနင်းခဲ့

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ နောက်ထပ် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေ အပါအဝင် နေရာတချို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့တဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က စပ်စံထွန်းဆေးရုံကို ဒီကနေ့ ညနေပိုင်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၃၀ လောက် ဝန်းရံပိတ်ဆို့ခဲ့ရာက တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဆေးရုံကို ဝိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူထုက ဆန္ဒပြခဲ့ရာမှာ ရဲတွေက မျက်ရည်ယိုဗုံးနဲ့ သေနတ်ပစ်ဖောက် လူစုခွဲတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း စဝ်စံထွန်းဆေးရုံက ဆရာဝန်တစ်ဦးက ပြောပါတယ်။

“အထဲမှာလည်း ဝန်ထမ်းအင်အားက ၈၀၀၊ ၁,၀၀၀ လောက်တော့ရှိတယ်။ အဲ့ဒီမှာလည်း ဆရာဝန်တွေကို ဝန်းရံပေးနေကြတာပေါ့။ အဲ့ဒီလို ဝန်းရံပေးနေတာကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေ ပစ်တယ်၊ သေနတ်တွေဖောက်တယ် ပြောတယ်။ ဝန်းကြီးကို စီးထားတဲ့ အနေအထားပေါ့၊ စီးပြီးတော့ မျက်ရည်ယိုဗုံးတွေ ပစ်တယ်၊ သေနတ်ဖောက်တယ်။ ရဲကား ၃၊ ၄ စီးလောက်နဲ့ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ရဲတွေပေါ့နော်။ လက်နက်အပြည့်နဲ့ ရဲတွေက ဆေးရုံဝန်းထဲ ဝင်လာတယ်။ ဝင်လာပြီးတော့ ဆရာဝန်အဆောင်ကို ဝိုင်းထားတယ်ပေါ့။ ဝိုင်းထားတဲ့ အချိန်မှာ တံခါးဖျက်တာမျိုးတော့ မရှိဘူး။ တံခါးကို အားပြင်းပြင်းနဲ့ ထုတာမျိုးတော့ ရှိတယ်။ အဲ့ဒီအသံတွေ ကြားပြီးတော့ သူတို့ ပြန်ဆင်းသွားကြပုံရတယ်။ အကုန်လုံး အထဲမှာ ဘေးကင်းတယ်ဆိုတဲ့အကြောင်း သိရတယ်။ လူစစ်ကြည့်တော့လည်း စုံတယ်၊ တစ်ယောက်မှ အဖမ်းခံရတာမျိုးမရှိဘူး။”

မန္တလေးမြို့မှာလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ အနုနည်းနဲ့ အာဏာဖီဆန်ရေး ဆန္ဒပြနေကြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့တာပါ။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေချိန်မှာ ပစ်ခတ်နှိမ်နင်း ခံခဲ့ရတာလို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတယောက်က ပြောပါတယ်။

“ကျနော်တို့ မန္တလေး ၂၆ လမ်း၊ ၈၂ လမ်းထောင့် အစိုးရဘဏ်မှ ဆန္ဒပြတာပါ။ ရိုးရိုးသားသား အေးအေးလူလူပါ။ အဲ့ဒါကို သူတို့က စစ်ကားတွေနဲ့ ရောက်လာတယ်။ ကျနော်တို့က အစိုးရဝန်ထမ်းရုံးတွေမှာ အလုပ်လုပ်နေတဲ့သူတွေကို အိမ်ပြန်မယ်ဆိုရင် ရိုးရိုးသားသားပြန်ခွင့်ပြုတယ်။ မိုက်နဲ့အော်ပြီး ကျနော်တို့က ရိုးရိုးသားသားဆန္ဒပြတာ။ ပြည်သူတွေပြောတော့ ထောင်ထွက်တွေတဲ့။ ရဲကားတွေနဲ့ အကုန်ရောက်လာပြီးတော့ ပထမဆုံးကားကလူတွေက "မင်းတို့ ပြေးတော့" တဲ့... အဲ့ဒီတုန်းက ကျနော်တို့က မယုံဘူးပေါ့နော်။ နောက်တော့ သူတို့က ကားပေါ်ကနေ ရာဘာကျည်တွေနဲ့ထုတယ်။ ရာဘာကျည်မှန်တဲ့သူက ကျနော်တို့ရဲ့ ရှေ့က... မိုက်နဲ့ အော်နေတဲ့သူပေါ့နော်။ သူတို့က ကားတောင်မရပ်သေးဘူး၊ ကားပေါ်ကနေ ရာဘာကျည်တွေနဲ့ ထုတာ။ လောက်လေးခွနဲ့ထုတယ်။ ကျနော်တောင် ပုခုံးတစ်ချက်မှန်သွားပါတယ်။ ဒါမဲ့ မနာပါဘူး။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ဆန္ဒပြသူတွေ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ နေပြည်တော် သပြေကုန်း ကမ္ဘောဇဘဏ် ၅ နားမှာ ငြိမ်းချမ်းစွာ ထိုင်ပြီး ဆန္ဒပြနေကြတဲ့ နေပြည်တော် ရွှေကြာပင် ရက်ကွက် အ.ထ.က ၁၄ က ၁၀ တန်းကျောင်းသားတွေနဲ့ ဆန္ဒပြ ဝန်ထမ်းတချို့ကို ရဲက ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း ဖမ်းဆီးခံရတဲ့ ကျောင်းသားတယောက်ရဲ့ မိသားစုဝင် တဦးက ဗွီအိုအေကိုပြောပါတယ်။

“နေပြည်တော်မှာ ကျောင်းသား ၄၅ ယောက်ကို ဖမ်းထားပါတယ်ဗျ။ ၁၀ တန်းကျောင်းသားလေးတွေဗျ။ နေ့ခင်း ၁၁ နာရီလောက်ကပေါ့နော်။ အခုကတော့ နေပြည်တော် အကျဉ်းထောင်ရှေ့မှာ ရောက်နေပါတယ်ခင်ဗျ။ ကလေးတွေက ဘာမှမလုပ်ဘူး၊ ဆန္ဒပြတာ သူတို့ဟာသူတို့ ကျောင်းသားလေးတွေ ထိုင်ပြနေတဲ့ အချိန်မှာ ခုက ဖမ်းပြီးတော့ နေပြည်တော်ထောင်ထဲကို ထည့်ထားတာ။ အခုဟာက ၉ တန်းအောင် ၁၀ တန်းတက်မယ့် ကလေးတွေပေါ့နော်။ CDM ပြတဲ့သူက ဘယ်နှစ်ယောက်လောက်ပါလဲဆိုတော့ ၄၊ ၅ ယောက်လောက်ပါတယ်။”

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကိုလွှတ်ပေးဖို့အတွက် ပြည်သူတွေနဲ့ ကျောင်းသားမိဘတွေ ဝိုင်းဝန်းဆန္ဒပြခဲ့ကြတာကြောင့် ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်မှာ နေပြည်တော် အကျဉ်းထောင်ထဲကနေ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ သံချပ်ကာ ကားတွေ၊ စစ်သားတွေနဲ့ လုံခြုံရေးတွေ တိုးမြှင့်ချထားချိန်မှာပဲ ဆန္ဒပြပွဲတွေလည်း ဆက်လက် ပေါ်ပေါက်နေတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားပြီး ဆန္ဒပြလှုပ်ရှားမှုတွေကို အင်အားသုံး နှိမ်နင်းနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း တိုက်တွန်းနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guetterus ကလည်း အခြေအနေတွေအပေါ် အထူးစိုးရိမ်ကြောင်း မနေ့တုန်းကပဲ ပြောဆိုလိုက်သလို၊ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် အနောက်နိုင်ငံသံရုံးတွေကလည်း တင်းမာမှုတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းတာတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG