သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လံုျခံဳေရးတင္းၾကပ္ေပမဲ့ ဆႏၵျပမႈမ်ားဆက္ျဖစ္ပြား


ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကုိ အာဏာပုိင္ေတြ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနခ်ိန္မွာပဲ ရန္ကုန္ၿမိဳ႕ အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပလႈပ္ရွားမႈေတြ ဆက္လက္ေပၚေပါက္ေနပါတယ္။ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တင္းတင္းၾကပ္ၾကပ္ ခ်ထားတဲ့ ၾကားမွာပဲ ဆႏၵျပလႈပ္ရွားမႈေတြ ေပၚေပါက္ေနတဲ့ ေနာက္ဆုံးအေျခအေနကုိေတာ့ ကုိယ္တုိင္သြားေရာက္ သတင္းယူထားတဲ့ ဗြီအုိေအသတင္းေထာက္ မအဂၢႏြန္ ေျပာျပေပးပါမယ္။

ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

ရန္ကုန္အပါအဝင္ ျမန္မာႏုိင္ငံက ေနရာေတာ္ေတာ္မ်ားမ်ားမွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တုိးျမွင့္ထားေပမဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြ ဆက္လက္ ေပၚေပါက္ေနတာ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕က ဗဟိုဘဏ္ေရွ႕မွာဆုိရင္လည္း သံခ်ပ္ကာကားေတြနဲ႔ စစ္သားေတြ လုံၿခံဳေရးယူထားတဲ့ ၾကားမွာပဲ ဆႏၵျပသူ ေထာင္ဂဏန္းေလာက္ စုေဝးခဲ့ၾကတာပါ။ ဆႏၵျပပဲြမွာ ပါ၀င္သူတဦးျဖစ္တဲ့ ကိုထက္ေအာင္ကေတာ့ CDM လုိ႔ေခၚတဲ့ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ လႈပ္ရွားမႈအစီအစဥ္ တစိတ္တပုိင္းအျဖစ္ ဗဟုိဘဏ္ေရွ႕မွာ ဒီကေန႔ ဆႏၵျပေနၾကတာလုိ႔ ေျပာပါတယ္။

“ျမန္ျမန္နဲ႔ေပါ့ေနာ္၊ CDM လႈပ္ရွားမႈ ျမန္ျမန္ေအာင္ျမင္ေလေလ... က်ေနာ္တို႔ ေသြးထြက္သံယိုေတြနည္းမယ္၊ လူေတြအထိခိုက္နည္းမယ္၊ ပိုၿပီးေတာ့ ေအာင္ျမင္မႈဆီေရာက္မယ္ေပါ့ေနာ္။ အဲ့ဒီလိုယံုၾကည္တယ္၊ အဲ့ဒီအတြက္ ဒီ CDM လႈပ္ရွားမႈ ေအာင္ျမင္ဖို႔အတြက္ကို ဗဟိုဘဏ္ဘက္ကို ဦးစားေပးၿပီးေတာ့ ခ်ီတက္ဆႏၵျပေနျခင္းျဖစ္ပါတယ္။ ဗဟိုဘဏ္ၿပီးဆိုလို႔ရွိရင္ CDM မွာ အထိေရာက္ဆံုးျဖစ္မယ္။ CDM လုပ္တဲ့ သူေတြ ေၾကာက္လာေအာင္ အလုပ္ခြင္ေတြ ျပန္ဝင္လာေအာင္ ေအာင္မလုပ္ေသးတဲ့သူေတြလည္း ျပည္သူေတြဘက္ မပါေအာင္လို႔သာ အင္အားကိုျပၿပီးေတာ့ စည္း႐ုံးတာလည္းဟုတ္တယ္၊ ၿခိမ္းေျခာက္တာလည္းဟုတ္တယ္။ အဲ့ဒီလို က်ေနာ္တုိ႔ျမင္တယ္။”

အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ကန္႔ကြက္ဆႏၵျပမႈေတြအေပၚ လုံၿခံဳေရးတပ္ဖဲြ႔ေတြက အင္အားသုံး ႏွိမ္နင္းတာေတြ ရွိေနေပမဲ့လည္း ဆႏၵျပလႈပ္ရွားမႈေတြဟာ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ စတဲ့ၿမိဳ႕ႀကီးေတြ အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆက္လက္ေပၚေပါက္ေနတာပါ။ ရန္ကုန္ၿမိဳ႕ ဗဟုိဘဏ္ေရွ႕က ဆႏၵျပပဲြမွာ ေရာက္ေနတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဦးဇင္၀ုိင္းကလည္း ၿငိမ္းခ်မ္းတဲ့လႈပ္ရွားမႈမွာ ပူးေပါင္းၾကဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

“တကယ္တမ္းက်ေတာ့ CDM ဆိုတာ အႏူးညံ့ဆံုး အသိမ္ေမြ႔ဆံုး အင္အားအႀကီးမားဆံုး တကယ္အစြမ္းထက္တဲ့ လက္နက္ေတြပါ။ ျပည္သူေတြ လူေပၚမွာ ေသြးနီးက်စရာမလိုဘဲ၊ ထိခိုက္ပြန္ရွ ျဖစ္စရာမလိုဘဲ၊ ဖမ္းဆီးခံစရာမလိုဘဲ အႏူးညံ့အသိမ္ေမြ႕ဆံုး လက္နက္ႀကီးျဖစ္ပါတယ္။ ဒီအတြက္ CDM ကို ပူးေပါင္းပါဝင္ေပးဖို႔ က်ေနာ္တို႔က ေမတၱာလာေရာက္ရပ္ခံျခင္း၊ ေတာင္းပန္ျခင္းျဖစ္ပါတယ္ခင္ဗ်ာ။”

ဆႏၵျပလႈပ္ရွားမႈေတြအတြင္း ျမန္မာႏုိင္ငံက အေျခအေနကုိ ႏုိင္ငံတကာ အသုိင္းအ၀န္းက အာ႐ုံစုိက္မႈရေအာင္ ႀကိဳးပမ္းတာေတြလည္း ရွိပါတယ္။ ျမန္မာႏုိင္ငံ ဒီမုိကေရစီေရးကုိ အားေပးေထာက္ခံတဲ့ ႏုိင္ငံေတြ သာမက တျခားႏုိင္ငံေတြပါ အာ႐ုံစုိက္မႈရဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က ႐ုရွားသံ႐ုံးေရွ႕မွာ ဆႏၵျပေနတဲ့ ကုိရန္လင္းေအာင္က ေျပာပါတယ္။

“အဓိက က်ေနာ္တို႔သံ႐ုံးကို ဦးတည္ၿပီး ဆႏၵလာျပတာက က်ေနာ္တို႔ ျမန္မာျပည္မွာ ျဖစ္ေနတဲ့ အသံေတြကို ကမၻာကေနသိေစခ်င္တယ္။ ၿပီးေတာ့ က်ေနာ္တို႔က အခုလက္ျဖစ္ေနတဲ့ ကုလေကာင္စီမွာဆိုရင္ ဒီရုရွားနဲ႔ တ႐ုတ္က က်ေနာ္တို႔ ျပည္တြင္းေရးဆိုေတာ့ သူတို႔က ကန္႔ကြက္တယ္ေပါ့ေနာ္။ ဒါျပည္တြင္းေရးမဟုတ္ဘူးခင္ဗ်။ က်ေနာ္တို႔ စစ္အၾကမ္းဖက္ခံရတာပါ။ ၿပီးေတာ့ အားအင္ႏိုင္ငံျဖစ္တဲ့ ဒီ႐ုရွားနဲ႔ တ႐ုတ္ကလည္း က်ေနာ္တို႔ဘက္ကေနၿပီးေတာ့ ျပည္သူေတြရဲ႕ အသံကို နားေထာင္ၿပီး ရပ္တည္ေစခ်င္တာပါ။ က်န္တဲ့ သံ႐ံုးဆႏၵ မျပဘူး။ ႐ု႐ွားသံ႐ုံး၊ တရုတ္သံ႐ုံးဦးတည္ၿပီး ဆႏ̔ၵျပေနတာက က်ေနာ္တို႔ ျပည္သူေတြ တကယ္ခံေနရတဲ့ ေၾကာက္လန္႔မႈေတြ၊ ၿပီးေတာ့ ေရြးေကာက္ပြဲ က်ေနာ္တို႔ ျပည္သူေတြ လက္ရွိအာဏာအစိုးရကို မဲေပးခဲ့ရဲ႕သားနဲ႔ အာဏာ မတရားသိမ္းခံလိုက္ရတာကို သိေစခ်င္တာပါ။”

႐ုရွားသံ႐ုံးေရွ႕မွာ ဆႏၵျပေနသူ ေနာက္တဦးျဖစ္တဲ့ ကိုတူးဂ်ာကလည္း တ႐ုတ္၊ ႐ုရွားတုိ႔လုိ ျမန္မာ့အေရး ႀကိဳးပမ္းမႈေတြမွာ မၾကာခဏ အဟန္႔အတား ျဖစ္ေလ့ရွိတတ္တဲ့ ႏုိင္ငံေတြပါ အာ႐ုံစုိက္မႈရေအာင္ ရည္ရြယ္ထားတယ္လုိ႔ ေျပာပါတယ္။

“သူတို႔လုပ္ေနတာ ဒါျပည္သူရဲ႕ ဆႏၵမဟုတ္ဘူး။ ျပည္သူ႕ရဲ႕ဆႏၵကေတာ့ တကယ္ေတာ့ လြတ္လပ္စြာနဲ႔ ဒီမိုကေရစီနဲ႔ ျပည္သူေတြေရြးေကာက္ထားတဲ့ အစိုးရကို အာဏာျပန္လႊဲအပ္ဖို႔ပဲ။ ေနာက္တစ္ခုက အာဏာရွင္စနစ္က်ဆံုးဖို႔အတြက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါ ႐ုရွားနဲ႔ အထူးသျဖင့္ ႐ုရွားနဲ႔ တ႐ုတ္ေပါ့ေနာ္... ဒီဟာကို က်ေနာ္တို႔ စစ္အစိုးရကိုေလ အဲ့ဒါကို ဖိအားေပးဖို႔ က်ေနာ္လာၿပီးေတာ့ ဆႏၵျပရျခင္းျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံအေျခစုိက္ အေနာက္ႏုိင္ငံသံ႐ုံးေတြက သံအမတ္ႀကီးေတြကေတာ့ ျမန္မာလူထုရဲ႕ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြကုိ အားေပးေထာက္ခံေၾကာင္း မေန႔တုန္းကပဲ ပူးတဲြေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့တာပါ။ အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပသမဂၢ႐ုံးနဲ႔ အဖဲြ႔၀င္ႏုိင္ငံေတြက သံအမတ္ႀကီးေတြပါ ပါ၀င္ခဲ့တဲ့ ထုတ္ျပန္ခ်က္မွာေတာ့ ၿငိမ္းခ်မ္းစြာ လႈပ္ရွားမႈေတြကုိ ေလးစားဖုိ႔ အင္အားသုံး ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္
လုံၿခဳံေရးတင္းၾကပ္ေပမယ့္ ဆႏၵျပမႈမ်ားဆက္ျဖစ္ပြား
please wait

No media source currently available

0:00 0:03:58 0:00

[Unicode Version]

လုံခြုံရေးတင်းကြပ်ပေမဲ့ ဆန္ဒပြမှုများဆက်ဖြစ်ပွား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ရန်ကုန်မြို့ အပါအဝင် နေရာတော်တော်များများမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ နောက်ဆုံးအခြေအနေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေသတင်းထောက် မအဂ္ဂနွန် ပြောပြပေးပါမယ်။

ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ေရွ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက နေရာတော်တော်များများမှာ လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ထားပေမဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆက်လက် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ဗဟိုဘဏ်ရှေ့မှာဆိုရင်လည်း သံချပ်ကာကားတွေနဲ့ စစ်သားတွေ လုံခြုံရေးယူထားတဲ့ ကြားမှာပဲ ဆန္ဒပြသူ ထောင်ဂဏန်းလောက် စုဝေးခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုထက်အောင်ကတော့ CDM လို့ခေါ်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှားမှုအစီအစဉ် တစိတ်တပိုင်းအဖြစ် ဗဟိုဘဏ်ရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြတာလို့ ပြောပါတယ်။

“မြန်မြန်နဲ့ပေါ့နော်၊ CDM လှုပ်ရှားမှု မြန်မြန်အောင်မြင်လေလေ... ကျနော်တို့ သွေးထွက်သံယိုတွေနည်းမယ်၊ လူတွေအထိခိုက်နည်းမယ်၊ ပိုပြီးတော့ အောင်မြင်မှုဆီရောက်မယ်ပေါ့နော်။ အဲ့ဒီလိုယုံကြည်တယ်၊ အဲ့ဒီအတွက် ဒီ CDM လှုပ်ရှားမှု အောင်မြင်ဖို့အတွက်ကို ဗဟိုဘဏ်ဘက်ကို ဦးစားပေးပြီးတော့ ချီတက်ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ ဗဟိုဘဏ်ပြီးဆိုလို့ရှိရင် CDM မှာ အထိရောက်ဆုံးဖြစ်မယ်။ CDM လုပ်တဲ့ သူတွေ ကြောက်လာအောင် အလုပ်ခွင်တွေ ပြန်ဝင်လာအောင် အောင်မလုပ်သေးတဲ့သူတွေလည်း ပြည်သူတွေဘက် မပါအောင်လို့သာ အင်အားကိုပြပြီးတော့ စည်းရုံးတာလည်းဟုတ်တယ်၊ ခြိမ်းခြောက်တာလည်းဟုတ်တယ်။ အဲ့ဒီလို ကျနော်တို့မြင်တယ်။”

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းတာတွေ ရှိနေပေမဲ့လည်း ဆန္ဒပြလှုပ်ရှားမှုတွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေ အပါအဝင် နေရာတော်တော်များများမှာ ဆက်လက်ပေါ်ပေါက်နေတာပါ။ ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့က ဆန္ဒပြပွဲမှာ ရောက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းကလည်း ငြိမ်းချမ်းတဲ့လှုပ်ရှားမှုမှာ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“တကယ်တမ်းကျတော့ CDM ဆိုတာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံး အင်အားအကြီးမားဆုံး တကယ်အစွမ်းထက်တဲ့ လက်နက်တွေပါ။ ပြည်သူတွေ လူပေါ်မှာ သွေးနီးကျစရာမလိုဘဲ၊ ထိခိုက်ပွန်ရှ ဖြစ်စရာမလိုဘဲ၊ ဖမ်းဆီးခံစရာမလိုဘဲ အနူးညံ့အသိမ်မွေ့ဆုံး လက်နက်ကြီးဖြစ်ပါတယ်။ ဒီအတွက် CDM ကို ပူးပေါင်းပါဝင်ပေးဖို့ ကျနော်တို့က မေတ္တာလာရောက်ရပ်ခံခြင်း၊ တောင်းပန်ခြင်းဖြစ်ပါတယ်ခင်ဗျာ။”

ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်မှုရအောင် ကြိုးပမ်းတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတွေ သာမက တခြားနိုင်ငံတွေပါ အာရုံစိုက်မှုရဖို့ ရည်ရွယ်ထားတယ်လို့လည်း ရန်ကုန်မြို့က ရုရှားသံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကိုရန်လင်းအောင်က ပြောပါတယ်။

“အဓိက ကျနော်တို့သံရုံးကို ဦးတည်ပြီး ဆန္ဒလာပြတာက ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အသံတွေကို ကမ္ဘာကနေသိစေချင်တယ်။ ပြီးတော့ ကျနော်တို့က အခုလက်ဖြစ်နေတဲ့ ကုလကောင်စီမှာဆိုရင် ဒီရုရှားနဲ့ တရုတ်က ကျနော်တို့ ပြည်တွင်းရေးဆိုတော့ သူတို့က ကန့်ကွက်တယ်ပေါ့နော်။ ဒါပြည်တွင်းရေးမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ စစ်အကြမ်းဖက်ခံရတာပါ။ ပြီးတော့ အားအင်နိုင်ငံဖြစ်တဲ့ ဒီရုရှားနဲ့ တရုတ်ကလည်း ကျနော်တို့ဘက်ကနေပြီးတော့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး ရပ်တည်စေချင်တာပါ။ ကျန်တဲ့ သံရုံးဆန္ဒမပြဘူး။ ရုရှားသံရုံး၊ တရုတ်သံရုံးဦးတည်ပြီး ဆန္̔ဒပြနေတာက ကျနော်တို့ ပြည်သူတွေ တကယ်ခံနေရတဲ့ ကြောက်လန့်မှုတွေ၊ ပြီးတော့ ရွေးကောက်ပွဲ ကျနော်တို့ ပြည်သူတွေ လက်ရှိအာဏာအစိုးရကို မဲပေးခဲ့ရဲ့သားနဲ့ အာဏာ မတရားသိမ်းခံလိုက်ရတာကို သိစေချင်တာပါ။”

ရုရှားသံရုံးရှေ့မှာ ဆန္ဒပြနေသူ နောက်တဦးဖြစ်တဲ့ ကိုတူးဂျာကလည်း တရုတ်၊ ရုရှားတို့လို မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာ မကြာခဏ အဟန့်အတား ဖြစ်လေ့ရှိတတ်တဲ့ နိုင်ငံတွေပါ အာရုံစိုက်မှုရအောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“သူတို့လုပ်နေတာ ဒါပြည်သူရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်သူ့ရဲ့ဆန္ဒကတော့ တကယ်တော့ လွတ်လပ်စွာနဲ့ ဒီမိုကရေစီနဲ့ ပြည်သူတွေရွေးကောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲအပ်ဖို့ပဲ။ နောက်တစ်ခုက အာဏာရှင်စနစ်ကျဆုံးဖို့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဒါ ရုရှားနဲ့ အထူးသဖြင့် ရုရှားနဲ့ တရုတ်ပေါ့နော်... ဒီဟာကို ကျနော်တို့ စစ်အစိုးရကိုလေ အဲ့ဒါကို ဖိအားပေးဖို့ ကျနော်လာပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးတွေက သံအမတ်ကြီးတွေကတော့ မြန်မာလူထုရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အားပေးထောက်ခံကြောင်း မနေ့တုန်းကပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂရုံးနဲ့ အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီးတွေပါ ပါဝင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို လေးစားဖို့ အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG