သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားဆႏၵျပပဲြ ပစ္ခတ္ႏွိမ္နင္းခံရ


ျမစ္ႀကီးနားၿမဳိ႕တြင္း တပ္စဲြဖုိ႔ ေရာက္လာသည့္ လုံၿခဳံေရးတပ္ဖဲြ႔ဝင္မ်ား ( Photo - Kachin Wave )

[ Zawgyi ]

ကခ်င္ျပည္နယ္မွာ ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးသံုး၊ ပစ္ခတ္ လူစုခဲြတဲ့သတင္းကို မစုျမတ္မြန္္က တင္ျပပါမယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ စက္မႈဇုံ ရပ္ကြက္က လ ွ်ပ္စစ္ဓါတ္အားေပးစက္႐ံုမွာ စစ္တပ္က လာေရာက္တပ္စြဲတာကို ဖယ္႐ွားေပးဖို႔ ေတာင္းဆိုဆႏၵျပတဲ့ ေဒသခံေတြကို ရဲနဲ႔ စစ္တပ္က မ်က္ရည္ယိုဗံုးေတြအျပင္ ပစ္ခတ္လူစုခဲြတဲ့အသံျဖစ္ပါတယ္။ က်ည္အစစ္လား ရာဘာက်ည္လားဆိုတာ မသိရေပမယ့္ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူတခ်ိဳ႕ ရွိခဲ့ပါတယ္။ အေျခအေနကို တိုက္႐ုိက္ ထုတ္လႊင့္ေနတဲ့ သတင္းေထာက္ ၅ ေယာက္လည္း ဖမ္းခံခဲ့ရပါတယ္။

ည ၉ နာရီခြဲေလာက္က စၿပီးမ်က္ရည္ယိုဗံုးေတြသံုး လူစုခဲြတာကို အဲဒီမွာ ဆႏၵျပေနတဲ့ ကခ်င္ေဒသခံ ကိုလဂ်ာက ဗီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

" ၉ နာရီခဲြ ေလာက္မွာ သူတို႔ မ်က္ရည္ယုိဗုံးနဲ႔ စပစ္တာ ... ခုထိ ပစ္ေနတုန္းပဲေပါ့ေနာ့ ။ က်ေနာ္တို႔ ဆႏၵထုတ္ေဖၚတဲ့ ျပည္သူလူထုေတြကို လူစုခဲြတဲ့ သေဘာေပါ့။ က်ေနာ္တုိ႔ ျပည္သူေတြ ထိုင္ေနတဲ့ၾကားထဲကုိ ပစ္တာ။ အဲဒီမွာ လူငယ္ေတြ အမ်ားအျပား ဒဏ္ရာရၾကတာေပါ့ ... အေယာက္ ၃၀ နဲ႔ ၄၀ ၾကားေလာက္ ရွိမယ္ထင္တယ္။ သူတို႔ မ်က္ရည္ယုိဗုံးနဲ႔ ပစ္ေတာ့ အသက္ရႈမဝတာတို႔ မ်က္စိစပ္တာတို႔ အေတာ္မ်ားမ်ားမွာ ျဖစ္ၾကတာေပါ့။ အဲဒီမွာက လူငယ္ေတြ အမ်ားစုပါၾကတာ။ "

ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးေတြသံုး လူစုခြဲေပမဲ့ သူ႔နဲ႔ ေမးျမန္းခ်ိန္မွာ ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီခဲြအထိ လူစု မကြဲေသးပါဘူး။

ကိုလဂ်ာ။ ။ " ခုထိ လူစုမကဲြေသးဘူး။ ျပည္သူေတြက ထပ္တိုးလာတယ္၊ မ်ားသထက္ မ်ားလာတယ္။ ၉ နာရီခဲြတုန္းက လူသိပ္မမ်ားေသးဘူး။ အဲဒီအခ်ိန္တုန္းက မိနစ္ ၂၀ ေလာက္မွာတႀကိမ္ပစ္ေပမယ့္ အခုေတာ့ ၁၀ မိနစ္ေလာက္မွာတႀကိမ္ ပစ္ေနပါတယ္ဗ်။

မစုျမတ္မြန္ ။ ။ ကိုလဂ်ာေရာ အခု ေဘးကင္းလုံၿခဳံတဲ့ေနရာမွာ ရွိေနလားရွင့္။

ကိုလဂ်ာ ။ ။ အခု က်ေနာ္က ေဘးကင္းတဲ့ေနရာမွာ ရွိေနတယ္။ က်ေနာ္တုိ႔က ဆက္ၿပီးေတာ့ ဆႏၵထုတ္ေဖၚရမွာပဲ ၊ ၿငိမ္းခ်မ္းစြာ ထိုင္ၿပီးမွ ဆႏၵထုတ္ေဖၚေနတာ.. က်ေနာ္တို႔က တရားမွ်တမႈလိုခ်င္တဲ့ ျပည္သူေတြဆိုေတာ့ ရန္လုိတာမ်ဳိးလည္း မရွိပါဘူး။ သူတို႔က စက္မႈဇုံမွာရွိတဲ့ EPC လွ်ပ္စစ္ရုံးကို လာဝိုင္းထားၿပီးေတာ့ လမ္းပိတ္တာေတြ ဘာေတြလုပ္ေတာ့ အဲဒါေတြကို က်ေနာ္တို႔ ျပည္သူေတြက ဆႏၵျပၾကတာေပါ့။ ျမစ္ဆုံကိုသ ြားတဲ့ လမ္းမႀကီးေပါ့ - ဆြမ္ပရာဘြန္လမ္းမႀကီး- အဲဒါကို သူတို႔ပိတ္တယ္၊ ၿပီးေတာ့ EPC ရုံး လယ္ကြင္းအေရွ႕ထိေပါ့ အဲဒီထိ သူတို႔ဆက္ပိတ္တယ္။ အသြားအလာ လုပ္လို႔မရေအာင္ ပိတ္လုိက္ေတာ့ က်ေနာ္တို႔ျပည္သူေတြက ၾကားထဲမွာ ပိတ္မိၿပီး ဆႏၵျပေနတာေပါ့။ "

စက္မႈဇုံ ဓါတ္အားေပးစက္႐ံုေ႐ွ႕မွာ ဆႏၵျပေနတဲ့ ကိုလဂ်ာျဖစ္ပါတယ္။

ျမစ္ႀကီးနားမွာ႐ွိတဲ့ ဓါတ္အားေပးစက္႐ံု ၃ ခုကို စစ္တပ္က ဝင္ေရာက္တပ္စြဲခဲ့ပါတယ္။ ဒါကို မေက်နပ္တဲ့ ေဒသခံေတြနဲ႔ တပ္ၾကားမွာ ၿငိမ္းခ်မ္းေျပလည္ေအာင္ PCG အဖဲြ႔က ၾကားဝင္ ညွိေပးခဲ့ေပမဲ့ စက္မႈဇုံ ရပ္ကြက္က လ ွ်ပ္စစ္ဓါတ္အားေပးစက္႐ံုကိစၥ အဆင္မေျပခဲ့ဘူးလို႔ ျမစ္ႀကီးနား သတင္းဂ်ာနယ္က အယ္ဒီတာခ်ဳပ္ Seng Mai Maran ဆိုင္းမိုင္ မရမ္က ႐ွင္းျပပါတယ္။

" က်မတို႔ ျမစ္ႀကီးနားမွာ EPC ဓါတ္အားခဲြ႐ုံ ၃ ရုံကို စစ္တပ္က ဝုိင္းတယ္ေပါ့ေလ။ လာၿပီးမွ ဝိုင္းထားၿပီး ေနရာယူထားတယ္ေပါ့။ ရန္ႀကီးေအာင္ အီးပီစီရယ္ ၊ ေနာက္တခုက မိုင္းနား အီးပီစီရယ္ ၊ ေနာက္ဒီဘက္က စက္မႈဇုံ အီးပီစီရယ္ေပါ့ ။ ဒါေပမဲ့ မေန႔ညကပဲ ျပည္သူေတြ ေမာင္းထုတ္လိုက္လို႔ ဒီဘက္က ရန္ႀကီးေအာင္-အီးပီစီမွာေတာ့ PCG က ညႇိေပးလိုက္ေတာ့ မေန႔က ညတြင္းခ်င္းပဲ စစ္တပ္ေတြက အဲ့ကေန ဖယ္သြားတယ္။ ဒီမနက္က်ေတာ့ မုိင္းနားကဟာကိုလည္း ဒီလုိပဲ ဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္းျပည္သူေတြနဲ႔ PCG ေတြက ညႇိၿပီးမွ .. အဲဒါ လူထုအင္အားနဲ႔မို႔ သူတို႔က ဖယ္ရွားေပးလိုက္တယ္။

ဒါေပမဲ့ ဒီညေနပိုင္းအထိ ဒီေနာက္ဆုံးတခု စက္မႈဇုံက ဓါတ္အားေပးရုံေနရာကိုက်ေတာ့ ဘယ္လိုမွ ဖယ္ရွားလို႔ မရဘူး။ PCG ကလည္း ညႇိလို႔မရဘူး။ EPC ရုံးကေန ထြက္ေပးပါလို႔ ျပည္သူေတြက ေတာင္းဆိုေနတာကို စစ္တပ္ေတြက - ျပည္သူေတြျပန္မွ သူတုိ႔လည္း ျပန္မယ္လို႔ ေျပာတယ္။ ျပည္သူေတြကလည္း စစ္တပ္ျပန္မွ ျပည္သူေတြကလည္း ျပန္မယ္ဆိုၿပီး ေျပာေတာ့ .. ဘယ္လိုမွ ညႇိႏႈိင္းလို႔ မရတဲ့အခ်ိန္မွာ - PCG ကလည္း သူတို႔ညႇိႏႈိင္းလို႔ မရေတာ့ဘူးဆိုၿပီး ျပန္သြားတယ္ေပါ့ေနာ္။

အဲလို ျပန္သြားၿပီးေနာက္ပိုင္း ၈ နာရီဆို ညမထြက္ရအမိန္႔ ျဖစ္တဲ့အတြက္ေၾကာင့္ ၊ ၈ နာရီဆို စၿပီးၿဖဳိခဲြမွာ ျဖစ္တဲ့အေၾကာင္း တပ္ဖက္က ေၾကညာထားတယ္။ ၈ နာရီက်ေတာာ့ တကယ္ပဲ တင့္ကားေတြေရာ၊ ရဲကားေတြ အခ်ဳပ္ကားေတြေရာ ဒီမွာလာၿပီးမွ စၿပီး လူစုခဲြတာေပါ့ေနာ္။ က်မတို႔ သတင္းေထာက္ေတြကလည္း Live ေတာက္ေလွ်ာက္ လႊင့္ေနတာေပါ့။ အဲဒီမွာ 74 တို႔ Mizzima တို႔လည္းလႊင့္ေနတယ္ ။ ဒါေပမယ့္ သူတို႔လည္း အေစာပိုင္း နာရီဝက္ေလာက္ လိုင္းျပဳတ္က်သြားၿပီးမွ သူတို႔က အဖမ္းခံေနရတဲ့ အေျခအေနပုံရိပ္ကို ျမင္ေတြ႔လုိက္ရတယ္ေပါ့ေလ။ "

ဆႏၵျပသူေတြကို အင္အားသံုး လူစုခဲြမႈအတြင္း သတင္းေထာက္ ၅ ေယာက္လည္း အဖမ္းခံခဲ့ရပါတယ္။

ဖမ္းဆီးခံရတဲ့ သတင္းေထာက္ေတြကေတာ့ EPN သတင္းဌာနက ကိုရန္ေကာင္း၊ ကိုေဝယံ၊ Mizzima သတင္းဌာနက ကိုဆိုင္းလတ္ေအာင္၊ The 74 media က ထြယ္ေအာင္နဲ႔ ေနာ္ဆိုင္းတို႔ ျဖစ္ၾကပါတယ္။ ကၽြန္မစုျမတ္မြန္ပါ႐ွင္။

= = = = =

မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ
please wait

No media source currently available

0:00 0:04:31 0:00
တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ

ကချင်ပြည်နယ်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးသုံး၊ ပစ်ခတ် လူစုခွဲတဲ့သတင်းကို မစုမြတ်မွန််က တင်ပြပါမယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုံ ရပ်ကွက်က လ ျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ စစ်တပ်က လာရောက်တပ်စွဲတာကို ဖယ်ရှားပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ရဲနဲ့ စစ်တပ်က မျက်ရည်ယိုဗုံးတွေအပြင် ပစ်ခတ်လူစုခွဲတဲ့အသံဖြစ်ပါတယ်။ ကျည်အစစ်လား ရာဘာကျည်လားဆိုတာ မသိရပေမယ့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ အခြေအနေကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ သတင်းထောက် ၅ ယောက်လည်း ဖမ်းခံခဲ့ရပါတယ်။

ည ၉ နာရီခွဲလောက်က စပြီးမျက်ရည်ယိုဗုံးတွေသုံး လူစုခွဲတာကို အဲဒီမှာ ဆန္ဒပြနေတဲ့ ကချင်ဒေသခံ ကိုလဂျာက ဗီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

" ၉ နာရီခွဲ လောက်မှာ သူတို့ မျက်ရည်ယိုဗုံးနဲ့ စပစ်တာ ... ခုထိ ပစ်နေတုန်းပဲပေါ့နော့ ။ ကျနော်တို့ ဆန္ဒထုတ်ဖေါ်တဲ့ ပြည်သူလူထုတွေကို လူစုခွဲတဲ့ သဘောပေါ့။ ကျနော်တို့ ပြည်သူတွေ ထိုင်နေတဲ့ကြားထဲကို ပစ်တာ။ အဲဒီမှာ လူငယ်တွေ အများအပြား ဒဏ်ရာရကြတာပေါ့ ... အယောက် ၃၀ နဲ့ ၄၀ ကြားလောက် ရှိမယ်ထင်တယ်။ သူတို့ မျက်ရည်ယိုဗုံးနဲ့ ပစ်တော့ အသက်ရှုမဝတာတို့ မျက်စိစပ်တာတို့ အတော်များများမှာ ဖြစ်ကြတာပေါ့။ အဲဒီမှာက လူငယ်တွေ အများစုပါကြတာ။ "

ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲပေမဲ့ သူ့နဲ့ မေးမြန်းချိန်မှာ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအထိ လူစု မကွဲသေးပါဘူး။

ကိုလဂျာ။ ။ " ခုထိ လူစုမကွဲသေးဘူး။ ပြည်သူတွေက ထပ်တိုးလာတယ်၊ များသထက် များလာတယ်။ ၉ နာရီခွဲတုန်းက လူသိပ်မများသေးဘူး။ အဲဒီအချိန်တုန်းက မိနစ် ၂၀ လောက်မှာတကြိမ်ပစ်ပေမယ့် အခုတော့ ၁၀ မိနစ်လောက်မှာတကြိမ် ပစ်နေပါတယ်ဗျ။

မစုမြတ်မွန် ။ ။ ကိုလဂျာရော အခု ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေလားရှင့်။

ကိုလဂျာ ။ ။ အခု ကျနော်က ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်။ ကျနော်တို့က ဆက်ပြီးတော့ ဆန္ဒထုတ်ဖေါ်ရမှာပဲ ၊ ငြိမ်းချမ်းစွာ ထိုင်ပြီးမှ ဆန္ဒထုတ်ဖေါ်နေတာ.. ကျနော်တို့က တရားမျှတမှုလိုချင်တဲ့ ပြည်သူတွေဆိုတော့ ရန်လိုတာမျိုးလည်း မရှိပါဘူး။ သူတို့က စက်မှုဇုံမှာရှိတဲ့ EPC လျှပ်စစ်ရုံးကို လာဝိုင်းထားပြီးတော့ လမ်းပိတ်တာတွေ ဘာတွေလုပ်တော့ အဲဒါတွေကို ကျနော်တို့ ပြည်သူတွေက ဆန္ဒပြကြတာပေါ့။ မြစ်ဆုံကိုသ ွားတဲ့ လမ်းမကြီးပေါ့ - ဆွမ်ပရာဘွန်လမ်းမကြီး- အဲဒါကို သူတို့ပိတ်တယ်၊ ပြီးတော့ EPC ရုံး လယ်ကွင်းအရှေ့ထိပေါ့ အဲဒီထိ သူတို့ဆက်ပိတ်တယ်။ အသွားအလာ လုပ်လို့မရအောင် ပိတ်လိုက်တော့ ကျနော်တို့ပြည်သူတွေက ကြားထဲမှာ ပိတ်မိပြီး ဆန္ဒပြနေတာပေါ့။ "

စက်မှုဇုံ ဓါတ်အားပေးစက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ ကိုလဂျာဖြစ်ပါတယ်။

မြစ်ကြီးနားမှာရှိတဲ့ ဓါတ်အားပေးစက်ရုံ ၃ ခုကို စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ ဒေသခံတွေနဲ့ တပ်ကြားမှာ ငြိမ်းချမ်းပြေလည်အောင် PCG အဖွဲ့က ကြားဝင် ညှိပေးခဲ့ပေမဲ့ စက်မှုဇုံ ရပ်ကွက်က လ ျှပ်စစ်ဓါတ်အားပေးစက်ရုံကိစ္စ အဆင်မပြေခဲ့ဘူးလို့ မြစ်ကြီးနား သတင်းဂျာနယ်က အယ်ဒီတာချုပ် Seng Mai Maran ဆိုင်းမိုင် မရမ်က ရှင်းပြပါတယ်။

" ကျမတို့ မြစ်ကြီးနားမှာ EPC ဓါတ်အားခွဲရုံ ၃ ရုံကို စစ်တပ်က ဝိုင်းတယ်ပေါ့လေ။ လာပြီးမှ ဝိုင်းထားပြီး နေရာယူထားတယ်ပေါ့။ ရန်ကြီးအောင် အီးပီစီရယ် ၊ နောက်တခုက မိုင်းနား အီးပီစီရယ် ၊ နောက်ဒီဘက်က စက်မှုဇုံ အီးပီစီရယ်ပေါ့ ။ ဒါပေမဲ့ မနေ့ညကပဲ ပြည်သူတွေ မောင်းထုတ်လိုက်လို့ ဒီဘက်က ရန်ကြီးအောင်-အီးပီစီမှာတော့ PCG က ညှိပေးလိုက်တော့ မနေ့က ညတွင်းချင်းပဲ စစ်တပ်တွေက အဲ့ကနေ ဖယ်သွားတယ်။ ဒီမနက်ကျတော့ မိုင်းနားကဟာကိုလည်း ဒီလိုပဲ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းပြည်သူတွေနဲ့ PCG တွေက ညှိပြီးမှ .. အဲဒါ လူထုအင်အားနဲ့မို့ သူတို့က ဖယ်ရှားပေးလိုက်တယ်။ ဒါပေမဲ့ ဒီညနေပိုင်းအထိ ဒီနောက်ဆုံးတခု စက်မှုဇုံက ဓါတ်အားပေးရုံနေရာကိုကျတော့ ဘယ်လိုမှ ဖယ်ရှားလို့ မရဘူး။ PCG ကလည်း ညှိလို့မရဘူး။ EPC ရုံးကနေ ထွက်ပေးပါလို့ ပြည်သူတွေက တောင်းဆိုနေတာကို စစ်တပ်တွေက - ပြည်သူတွေပြန်မှ သူတို့လည်း ပြန်မယ်လို့ ပြောတယ်။ ပြည်သူတွေကလည်း စစ်တပ်ပြန်မှ ပြည်သူတွေကလည်း ပြန်မယ်ဆိုပြီး ပြောတော့ .. ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အချိန်မှာ - PCG ကလည်း သူတို့ညှိနှိုင်းလို့ မရတော့ဘူးဆိုပြီး ပြန်သွားတယ်ပေါ့နော်။ အဲလို ပြန်သွားပြီးနောက်ပိုင်း ၈ နာရီဆို ညမထွက်ရအမိန့် ဖြစ်တဲ့အတွက်ကြောင့် ၊ ၈ နာရီဆို စပြီးဖြိုခွဲမှာ ဖြစ်တဲ့အကြောင်း တပ်ဖက်က ကြေညာထားတယ်။ ၈ နာရီကျတောာ့ တကယ်ပဲ တင့်ကားတွေရော၊ ရဲကားတွေ အချုပ်ကားတွေရော ဒီမှာလာပြီးမှ စပြီး လူစုခွဲတာပေါ့နော်။ ကျမတို့ သတင်းထောက်တွေကလည်း Live တောက်လျှောက် လွှင့်နေတာပေါ့။ အဲဒီမှာ 74 တို့ Mizzima တို့လည်းလွှင့်နေတယ် ။ ဒါပေမယ့် သူတို့လည်း အစောပိုင်း နာရီဝက်လောက် လိုင်းပြုတ်ကျသွားပြီးမှ သူတို့က အဖမ်းခံနေရတဲ့ အခြေအနေပုံရိပ်ကို မြင်တွေ့လိုက်ရတယ်ပေါ့လေ။ "

ဆန္ဒပြသူတွေကို အင်အားသုံး လူစုခွဲမှုအတွင်း သတင်းထောက် ၅ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကတော့ EPN သတင်းဌာနက ကိုရန်ကောင်း၊ ကိုဝေယံ၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 media က ထွယ်အောင်နဲ့ နော်ဆိုင်းတို့ ဖြစ်ကြပါတယ်။ ကျွန်မစုမြတ်မွန်ပါရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG