သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူေတြ ဖမ္းဆီးခံရ


စစ္အာဏာသိမ္းမႈ ကန္႔ကြက္ဆန္႔က်င္ဆႏၵျပသူမ်ားကို ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ ဆန္႔က်င္လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ရွမ္းျပည္နယ္မွာ ၀န္ထမ္းေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကုိ အာဏာပုိင္ေတြက ဖမ္းဆီးေနပါတယ္။ အာဏာသိမ္းတာကုိ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြ ဆက္လက္ ေပၚေပါက္ေနခ်ိန္မွာပဲ ဖမ္းဆီးမႈေတြလည္း ရွိေနတာပါ။ အျပည့္အစုံကုိေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုနိုင္ကြန္းအိန္ တင္ဆက္ေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းတာကုိ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြ ေပၚေပါက္ေနတဲ့ ရွမ္းျပည္နယ္မွာ ႏုိင္ငံေရးပါတီ၀င္ေတြ၊ တက္ၾကြလႈပ္ရွားသူေတြနဲ႔ ဝန္ထမ္းေတြကုိ ဖမ္းဆီးထိန္းသိမ္းမႈေတြ ဆက္တုိက္လုပ္လာေနတာပါ။

မေန႔ညေနပိုင္းမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခရိုင္၊ မိုင္းပန္ၿမိဳ႕မွာ အၾကမ္းမဖက္တဲ့နည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းတဦးကုိ လုံျခံဳေရးတပ္ဖြဲ႕ေတြက ဖမ္းဆီးသြားတယ္လုိ႔ လက္ေထာက္ ဆရာဝန္ ေဒါက္တာစိုင္းေစာထြန္းေအာင္ ကေျပာပါတယ္။

“အခုထိေတာ့ မလြတ္ေသးဘူးဗ်။ တပ္ထဲမွာေခၚထားတယ္။ တေယာက္ပါပဲ ေဆးမွတ္တမ္းထိန္းပါ။ ဝန္ထမ္းေတြ CDM လုပ္ျပီး ေတာ့ ဆႏၵျပတဲ့အထဲသူပါတာကိုး။ မေန႔က သူ႕ကိုဖမ္းတာက ၄ နာရီခြဲေလာက္ရွိမွာေပါ့။ သဘာ၀ေဘးအႏၱရာယ္ဥပေဒနဲ႔ ဖြင့္တယ္လို႕ေျပာတယ္။ ရဲေရာ၊ စစ္သားေရာပါတယ္ဗ်။ သူတို႔ေဆးရံုရဲ႕အျပင္ စစ္တပ္က လာ၀ိုင္းထားတယ္။ သူတို႔က ညဥ့္နက္ပိုင္းေတြအထိေပါ့။”

မိုင္းပန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးဝင္းကိုလည္း လုံၿခံဳေရးတပ္ဖဲြ႔ေတြက မေန႔မြန္းလြဲပိုင္းကစၿပီး ညနက္ပုိင္းအခ်ိန္ထိ ဝိုင္းထားခဲ့ပါတယ္။

အလားတူ ရွမ္းျပည္နယ္ေတာင္ၾကီးျမိဳ႕မွာလဲ ေဖေဖာ္၀ါရီ ၁၀ ရက္ေန႕ကစျပီး အနည္ဆုံး ၄ ဦးထက္မနည္း ဖမ္းဆီး ထိန္းသိမ္းခံရတယ္လို႔ ေတာင္ၾကီးျမိဳ႕ တရားလႊတ္ေတာ္ေရွ႕ေနတဦးကေျပာပါတယ္။

“ကိုျမင့္ေဌးေပါ့ေနာ္... သူနဲ႔အတူတူ ၃ ေယာက္မွာ သူတေယာက္ကေတာ့ နိုင္ငံေရးအက်ဥ္းသားေဟာင္းပါ။ သူနဲ႔အတူတူ ဦးၾကည္ရွိန္ဆိုတဲ့ လုပ္ငန္းရွင္တေယာက္ပါတယ္လို႔ သိရတယ္။ ရွမ္းျပည္နယ္ေရွ ႔ေနအသင္း၀င္ေပါ့... ကိုေက်ာ္မင္းနိုင္ဆိုတဲ့ ေရွ႕ေနတယာက္ပါတယ္။ ၾကာသပေတး မနက္မွာ က်မတို႔ PP ပါတီ ဦးက္ိုကိုၾကီးတို႔ ပါတီက ဒီ ၂၀ မွာ၀င္ေရာက္ အေရြးခံခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ သူ႔ကို ထပ္ေခၚသြားတယ္။”

တျခား ကြန္ဟိန္း လြိဳင္လင္ျမိဳ႕နယ္ေတြမွာလဲ CDM လႈပ္ရွားမႈမွာ ပါ၀င္တဲ့ ဝန္ထမ္းတခ်ဳိ႕ ဖမ္းဆီးခံရတာေတြ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

“လိဳြင္လင္က NLD ပါတီက တက္ၾကြလႈပ္ရွားသူေပါ့ေနာ္။ သူ႔ကိုဖမ္းထားလို႔ ဘာလုပ္ရမလဲဆိုျပီးေတာ့ က်မကို ဆက္သြယ္လာတယ္။ မိုင္းရႈးမွာလည္း ဖမ္းတယ္ေပါ့ေနာ္။ ကြန္ဟိန္းဘက္မွာလည္း ဖမ္းတယ္။ ဒီရံုးမတက္တဲ့ ၀န္ထမ္းေတြကို လိုက္ျပီးေတာ့ ဖမ္းေနတယ္။"

ရွမ္းျပည္နယ္အတြင္း ဖမ္းဆီးမႈေတြ ရွိေနေပမဲ့လည္း ျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ၾကီးျမိဳ႕အပါ၀င္ တျခားျမိဳ႕ေတြမွာ ေတာ့ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြ ဆက္လက္ ေပၚေပါက္ေနတာပါ။ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ေတြကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကုိ ေလးစားဖုိ႔နဲ႔ အင္အားသုံး ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ရှမ်းပြည်နယ်မှာ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေပါတယ်။ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန် တင်ဆက်ပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ရှမ်းပြည်နယ်မှာ နိုင်ငံရေးပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်တိုက်လုပ်လာနေတာပါ။

မနေ့ညနေပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့မှာ အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ လက်ထောက် ဆရာဝန် ဒေါက်တာစိုင်းစောထွန်းအောင် ကပြောပါတယ်။

“အခုထိတော့ မလွတ်သေးဘူးဗျ။ တပ်ထဲမှာခေါ်ထားတယ်။ တယောက်ပါပဲ ဆေးမှတ်တမ်းထိန်းပါ။ ဝန်ထမ်းတွေ CDM လုပ်ပြီး တော့ ဆန္ဒပြတဲ့အထဲသူပါတာကိုး။ မနေ့က သူ့ကိုဖမ်းတာက ၄ နာရီခွဲလောက်ရှိမှာပေါ့။ သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ ဖွင့်တယ်လို့ပြောတယ်။ ရဲရော၊ စစ်သားရောပါတယ်ဗျ။ သူတို့ဆေးရုံရဲ့အပြင် စစ်တပ်က လာဝိုင်းထားတယ်။ သူတို့က ညဉ့်နက်ပိုင်းတွေအထိပေါ့။”

မိုင်းပန်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက မနေ့မွန်းလွဲပိုင်းကစပြီး ညနက်ပိုင်းအချိန်ထိ ဝိုင်းထားခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာလဲ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အနည်ဆုံး ၄ ဦးထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခံရတယ်လို့ တောင်ကြီးမြို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

“ကိုမြင့်ဌေးပေါ့နော်... သူနဲ့အတူတူ ၃ ယောက်မှာ သူတယောက်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းပါ။ သူနဲ့အတူတူ ဦးကြည်ရှိန်ဆိုတဲ့ လုပ်ငန်းရှင်တယောက်ပါတယ်လို့ သိရတယ်။ ရှမ်းပြည်နယ်ရှေ့နေအသင်းဝင်ပေါ့... ကိုကျော်မင်းနိုင်ဆိုတဲ့ ရှေ့နေတယာက်ပါတယ်။ ကြာသပတေး မနက်မှာ ကျမတို့ PP ပါတီ ဦးကိုကိုကြီးတို့ ပါတီက ဒီ ၂၀ မှာဝင်ရောက် အရွေးခံခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် သူ့ကို ထပ်ခေါ်သွားတယ်။”

တခြား ကွန်ဟိန်း လွိုင်လင်မြို့နယ်တွေမှာလဲ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတချို့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“လိုွင်လင်က NLD ပါတီက တက်ကြွလှုပ်ရှားသူပေါ့နော်။ သူ့ကိုဖမ်းထားလို့ ဘာလုပ်ရမလဲဆိုပြီးတော့ ကျမကို ဆက်သွယ်လာတယ်။ မိုင်းရှုးမှာလည်း ဖမ်းတယ်ပေါ့နော်။ ကွန်ဟိန်းဘက်မှာလည်း ဖမ်းတယ်။ ဒီရုံးမတက်တဲ့ ဝန်ထမ်းတွေကို လိုက်ပြီးတော့ ဖမ်းနေတယ်။"

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးမှုတွေ ရှိနေပေမဲ့လည်း ပြည်နယ်မြို့တော် တောင်ကြီးမြို့အပါဝင် တခြားမြို့တွေမှာ တော့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက် ပေါ်ပေါက်နေတာပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG