သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူလက္ခံတဲ့အစိုးရေပၚေရး သီတဂူဗုဒၶတကၠသိုလ္ႀကီးမ်ား ထုတ္ျပန္


သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္ႀကီး၏ ထုတ္ျပန္ေၾကညာခ်က္။ (ဓာတ္ပံု - သီတဂူဆရာေတာ္နဲ႔ သီတဂူသတင္းမ်ား (Facebook) - ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ျပည္သူ႔ဆႏၵနဲ႔ မဆန္႔က်င္တဲ့ အစိုးရ တရပ္အျမန္ဆံုးေပၚလာေရးအတြက္ ၿငိမ္းခ်မ္းတဲ့နည္းလမ္း၊ ဓမၼနဲ႔ ညီတဲ့ နည္းလမ္းေတြနဲ႔ ေဆာင္႐ြက္ၾကဖုိ႔ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္ႀကီးမ်ားက သံဃာေတာ္ေတြက အေလးအနက္ တိုက္တြန္းလိုက္ပါတယ္။ သီတဂူ ကမာၻ႔ဗုဒၶ တကၠသိုလ္ႀကီးမ်ားရဲ႕ သေဘာထားထုတ္ျပန္ခ်က္ဆိုၿပီး ဒီေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ ေန႔စြဲနဲ႔ သီတဂူဆရာေတာ္နဲ႔ သီတဂူသတင္းမ်ား Facebook စာမ်က္ႏွာမွာ ေၾကညာခ်က္ကို ေဖာ္ျပထားပါတယ္။ လက္႐ွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးကိစၥရပ္ေတြဟာ ဓမၼလမ္းေၾကာင္းကေန ေသြဖယ္ၿပီး အဓမၼလမ္းေၾကာင္းကေန ေလ ွ်ာက္လမ္းေနတယ္လို႔ ယူဆတဲ့အတြက္ ရဟန္း႐ွင္လူနဲ႔ တိုင္းသူျပည္သားေတြ စိတ္မခ်မ္းမသာ ျဖစ္ေနၾကေၾကာင္း။ ခုလို တုိင္းသူျပည္သားေတြ စိတ္မခ်မ္းမေျမ႕ျဖစ္မယ့္ ဘယ္လို ေဆာင္႐ြက္မႈမ်ဳိးကိုမဆို သီတဂူ ကမာၻ႔ဗုဒၶ တကၠသိုလ္ႀကီးမ်ား႐ွိ သံဃာေတာ္ေတြက လက္ခံသေဘာတူမွာ မဟုတ္ဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ၿငိမ္းခ်မ္းသာယာျခင္းကို ျပဳတတ္၊ ေျပာတတ္သူေတြမပါတဲ့ အဖဲြ႔အစည္းဟာ ဓမၼနဲ႔ ေလ်ာ္ညီတဲ့ အဖဲြ႔အစည္းမဟုတ္ဘူးလို႔လည္း သီတဂူ ကမာၻ႔ဗုဒၶ တကၠသိုလ္ႀကီးမ်ားက ဦးေဆာင္ဆရာေတာ္ေတြရဲ႕ လက္မွတ္နဲ႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္ဟာ စစ္ဗိုလ္ခ်ဳပ္ေတြန႔ဲ နီးစပ္တဲ့ ဆက္ဆံေရး႐ွိသူ သီတဂူဆရာေတာ္ႀကီးရဲ႕ သေဘာထား ထုတ္ျပန္ခ်က္ေတာ့ မဟုတ္ပါဘူး။

အမ်ားလူထုဆႏၵနဲ႔ ဆန္႔က်င္ၿပီး အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း မႏၱေလးၿမိဳ႕ မစုိးရိမ္တိုက္သစ္ နာယက ဆရာေတာ္ေတြကလည္း ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က ေၾကညာခ်က္ထုတ္ပါတယ္။ အာဏာသိမ္းတဲ့အေပၚ လံုးဝ မႏွစ္သက္၊ လက္မခံ၊ အားမေပး၊ ႐ႈတ္ခ် ကန္႔ကြက္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျပည္သူလူထု အမ်ားဆႏၵကို ဆန္႔က်င္ေနတဲ့ အာဏာသိမ္းလုပ္ရပ္ကို တရားနည္းလမ္းနဲ႔အညီ ေျဖ႐ွင္ေဆာင္႐ြက္ဖုိ႔လည္း အထူးတိုက္တြန္းထားပါတယ္။ တည္ၿငိမ္ ေအးခ်မ္း သာယာဝေျပာတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုႀကီးတခု အျမန္ဆံုး ေပၚေပါက္လာေစဖို႔ အေလးအနက္ ဆုေတာင္း ေမတၱာပို႔သေၾကာင္း မႏၱေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္ နာယကဆရာေတာ္ႀကီးေတြက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်သူလက်ခံတဲ့အစိုးရပေါ်ရေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ မဆန့်ကျင်တဲ့ အစိုးရ တရပ်အမြန်ဆုံးပေါ်လာရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်း၊ ဓမ္မနဲ့ ညီတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများက သံဃာတော်တွေက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများရဲ့ သဘောထားထုတ်ပြန်ချက်ဆိုပြီး ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့စွဲနဲ့ သီတဂူဆရာတော်နဲ့ သီတဂူသတင်းများ Facebook စာမျက်နှာမှာ ကြေညာချက်ကို ဖော်ပြထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စရပ်တွေဟာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်ပြီး အဓမ္မလမ်းကြောင်းကနေ လေ ျှာက်လမ်းနေတယ်လို့ ယူဆတဲ့အတွက် ရဟန်းရှင်လူနဲ့ တိုင်းသူပြည်သားတွေ စိတ်မချမ်းမသာ ဖြစ်နေကြကြောင်း။ ခုလို တိုင်းသူပြည်သားတွေ စိတ်မချမ်းမမြေ့ဖြစ်မယ့် ဘယ်လို ဆောင်ရွက်မှုမျိုးကိုမဆို သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများရှိ သံဃာတော်တွေက လက်ခံသဘောတူမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းသာယာခြင်းကို ပြုတတ်၊ ပြောတတ်သူတွေမပါတဲ့ အဖွဲ့အစည်းဟာ ဓမ္မနဲ့ လျော်ညီတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့လည်း သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများက ဦးဆောင်ဆရာတော်တွေရဲ့ လက်မှတ်နဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူ သီတဂူဆရာတော်ကြီးရဲ့ သဘောထား ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး။

အများလူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော်တွေကလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့က ကြေညာချက်ထုတ်ပါတယ်။ အာဏာသိမ်းတဲ့အပေါ် လုံးဝ မနှစ်သက်၊ လက်မခံ၊ အားမပေး၊ ရှုတ်ချ ကန့်ကွက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူလူထု အများဆန္ဒကို ဆန့်ကျင်နေတဲ့ အာဏာသိမ်းလုပ်ရပ်ကို တရားနည်းလမ်းနဲ့အညီ ဖြေရှင်ဆောင်ရွက်ဖို့လည်း အထူးတိုက်တွန်းထားပါတယ်။ တည်ငြိမ် အေးချမ်း သာယာဝပြောတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးတခု အမြန်ဆုံး ပေါ်ပေါက်လာစေဖို့ အလေးအနက် ဆုတောင်း မေတ္တာပို့သကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်ကြီးတွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG