သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကို အင္အားသံုးမႈ လက္မခံႏိုင္ - ကုလဌာနညိွႏိႈင္းေရးမႈး


Ola Almgren (UN Philippines)

{{Zawgyi/Unicode}}

လံုျခံဳေရးတပ္ဖြဲ႔ေတြအေနနဲ႔ ဆႏၵျပသူေတြအေပၚ မမွ်တတဲ့အင္အား အသံုးျပဳတာကို လက္မခံႏုိင္ဘူးလို ႔ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနညႇိႏႈိင္းေရးမွဴးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမွဴး Mr. Ola Almgren ကေျပာပါတယ္။

ၿငိမ္းခ်မ္းစြာစုေဝးခြင့္နဲ႔ လြတ္လပ္စြာ ေဖာ္ထုတ္ခြင့္ေတြအပါအဝင္ အေျခခံ လြတ္လပ္ခြင့္ေတြနဲ႔ လူ႔အခြင့္အေရးေတြကို ေလးစားဖို႔လည္း ဒီကေန႔ညေနပိုင္း ထုတ္ျပန္ခ်က္တခုမွာ ေတာင္းဆိုထားပါတယ္။

ဆႏၵျပသူေတြကို လံုျခံဳေရးတပ္ဖြဲ႔ေတြက အင္အားသံုး တုံျပန္ခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ ျမန္မာႏုိင္ငံမွာရွိတဲ့ ကုလသမဂၢအဖြဲ႔အစည္းေတြက လြန္စြာစိုးရိမ္မိတယ္လုိ႔ ေဖာ္ျပထားတဲ့ ထုတ္ျပန္ခ်က္ထဲမွာ ဌာေနညွိႏိႈင္းေရးမွဴးက အဲဒီလိုေျပာထားတာပါ။

စစ္ဘက္ေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာလူထုရဲ႕ဆႏၵသေဘာထားကို ေလးစားဖို႔နဲ႔ ဒီမုိကေရစီစံႏႈန္းေတြကို ေလးစားလိုက္နာဖို႔၊ မတူကြဲျပားမႈေတြကို ၿငိမ္းခ်မ္းစြာ အျပန္အလွန္ ေဆြးေႏြးညွိႏိႈင္းတဲ့နည္းလမ္းနဲ႔ အေျဖရွာဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားတာကိုလည္း မစၥတာ Almgren က ထပ္ၿပီး ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................

{{Unicode}}

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ် မမျှတတဲ့အင်အား အသုံးပြုတာကို လက်မခံနိုင်ဘူးလို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကပြောပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေအပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့လည်း ဒီကနေ့ညနေပိုင်း ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။
ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး တုံပြန်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လွန်စွာစိုးရိမ်မိတယ်လို့ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ဌာနေညှိနှိုင်းရေးမှူးက အဲဒီလိုပြောထားတာပါ။
စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ မြန်မာလူထုရဲ့ဆန္ဒသဘောထားကို လေးစားဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားတာကိုလည်း မစ္စတာ Almgren က ထပ်ပြီး ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG