သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္မႈ ၅ ရက္ေျမာက္လူထုဆႏၵျပပဲြ


ရန္ကုန္ၿမိဳ႕ ကုလသမဂၢ႐ုံးေရွ႕ စစ္အာဏာဆန္႔က်င္ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးဆႏၵျပပြဲ ၅ ရက္ေျမာက္ေန႔မွာေတာ့ အစိုးရ႐ံုးစိုက္ရာ ေနျပည္ေတာ္က ဝန္ႀကီးဌာနေပါင္းစံု ဆႏၵျပတဲ့ထဲ ပါဝင္လာပါတယ္။ အဂၤါေန႔က ေနျပည္ေတာ္မွာ ရဲတပ္ဖြဲ႔က ပစ္ခတ္တဲ့အတြက္ အသက္ ၁၉ ႏွစ္အရြယ္ မျမသြဲ႔သြဲ႔ခုိင္ ဦးေခါင္းမွာ ဒဏ္ရာအျပင္းအထန္ရသြားၿပီးတဲ့ ေနာက္တရက္မွာပဲ အခုလို ဝန္ႀကီးဌာနေပါင္းစံု ဆႏၵျပတဲ့ထဲပါလာတာပါ။ မျမသြဲ႔သြဲ႔ခိုင္ကေတာ့ ရထားတဲ့ ဒဏ္ရာေၾကာင့္ အခုခ်ိန္ထိ သတိမရေသးဘဲ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနဆဲပါပဲ။

အေစာပိုင္းရက္ေတြတုန္းကေတာ့ အစိုးရဝန္ထမ္းအမ်ားအျပားဟာ CDM လို႔ေခၚတဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈအျဖစ္ သက္ဆိုင္ရာ အလုပ္ဌာနေတြကို မသြားၾကေတာ့ဘဲ သပိတ္ေမွာက္ထားၾကတာပါ။ ဒါေပမဲ့ ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ လမ္းေပၚထြက္ ဆႏၵျပသူေတြနဲ႔အတူ အစိုးရဝန္ထမ္းေတြပါ ပူးေပါင္းလာတာကိုလည္း ေတြ႔လာရတာျဖစ္ပါတယ္။

အဂၤါေန႔က ေနျပည္ေတာ္၊ မႏၲေလး၊ ပဲခူးနဲ႔ တျခားေနရာတခ်ဳိ႕မွာ ရဲတပ္ဖြဲ႔က ေသနတ္နဲ႔ပစ္တာအပါအဝင္ အင္အားသံုး ႏွိမ္နင္းတာေတြရွိခဲ့ေပမဲ့လည္း ဒီေန႔မွာေတာ့ အခု ဒီသတင္းကိုေရးခ်ိန္ထိ ဘယ္ေနရာမွာမွ အင္အားသံုး ႏွိမ္နင္းတယ္ဆိုတာမ်ဳိး မၾကားရပါဘူး။

ဒါ့အျပင္ ရန္ကုန္တိုင္း၊ ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္းအရပ္က ဆႏၵျပသူအမ်ားအျပား စုေဝးတဲ့ေနရာအနီးမွာ တကၠသိုလ္ရိပ္သာလမ္းဘက္ကို သြားလို႔မရေအာင္ ရဲတပ္ဖြဲ႔ဝင္ အေတာ္မ်ားမ်ားခ်ၿပီး မေန႔က အထိ ပိတ္ဆို႔ တားဆီးထားခဲ့ေပမဲ့လည္း ဒီကေန႔မွာ အဲဒီရဲတပ္ဖြဲ႔ဝင္ေတြ မရွိေတာ့ဘူးလို႔ မ်က္ျမင္ေတြကေျပာပါတယ္။

မေန႔ညဘက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕ထဲကို စစ္ကားအမ်ားအျပားဝင္လာတယ္ဆိုတဲ့ သတင္းေတြ ဗီြဒီယိုေတြ၊ ဓာတ္ပံုေတြနဲ႔အတူ ညတြင္းခ်င္းမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ခဲ့ေပမယ့္လည္း ဒီကေန႔မွာေတာ့ စစ္သားေတြကို လမ္းေပၚမွာ မေတြ႔ရဘူးလို႔ ဆႏၵျပသူေတြက ဗီြအိုေအကိုေျပာပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ရက္ပိုင္းေတြက တပ္မေတာ္ကို ေထာက္ခံတယ္ဆုိၿပီး တန္ျပန္ဆႏၵျပပြဲလုပ္ခဲ့ၾကသူေတြ ကား ၁၀ စီးေလာက္နဲ႔ ဆူးေလဘက္ကေနျဖတ္သြားတယ္လုိ႔ မ်က္ျမင္ေတြ႔သူတစ္ဦးက ဗီြအိုေအကိုေျပာပါတယ္။

ရန္ကုန္ၿမိဳ႕လည္ေခါင္၊ ပန္းဆိုးတန္းလမ္းေပၚမွာ ပန္းခ်ီဆရာေတြက ပန္းခ်ီဆြဲ၊ တီးဝိုင္းနဲ႔ သီခ်င္းဆိုသူေတြကဆိုၿပီး CDM လႈပ္ရွားမႈအတြက္ ရန္ပံုေငြေကာက္ခံၾကတာမွာ နာမည္ေက်ာ္ ေတးေရး ေတးဆိုဆရာတစ္ဦးျဖစ္သူ ကိုေနဝင္းလည္း ရွိေနခဲ့ပါတယ္။

"အာဏာရွင္စနစ္ဆိုတာ ဘယ္ေတာ့မွ အရွင္မထြက္ဘူး။ အာဏာရွင္စနစ္အရွင္ထြက္ရိုး ထံုးစံမရွိ။ အာဏာရွင္စနစ္အေသထြက္ပဲရွိတယ္။ Saddam Hussein၊ Osama bin Laden၊ ဗိုလ္ခ်ဳပ္ၾကီး ဦးေနဝင္း အေသပဲထြက္တယ္၊ အရွင္မထြက္ဘူး။ အာဏာရွင္တို႔မည္သည္ အရွင္ထြက္ရိုးထံုးမရွိ။" လို႔ ကိုေနဝင္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြဟာ စုရပ္တစ္ခုထဲမွာ သြားၿပီးစုၾကတာမဟုတ္ဘဲ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ စုထြက္လာၾကၿပီးေတာ့ နီးစပ္ရာ စုေဝးေနရာေတြမွာ သြားစုၾကတာျဖစ္တယ္လို႔ ဆႏၵျပသူေတြက ဗီြအိုေအကိုေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က ဒီကေန႔ဆႏၵျပပြဲေတြမွာ ရင္ေသြးငယ္ေတြကို ခ်ီလြယ္ထားတဲ့ မိခင္ေတြ၊ တေယာနဲ႔ တျခားတူရိယာေတြကို တီးမႈတ္ၿပီး ခ်ီတက္သူေတြ၊ အလွမယ္ေတြ၊ ကာယဗလေမာင္ေတြ စသည္အားျဖင့္ ပံုစံမ်ဳိစံုး၊ အရြယ္မ်ဳိးစံု၊ လူမ်ဳိးစံုကုိ ေတြ႔ရပါတယ္။

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕မွာေတာ့ ရဲတပ္ဖြဲ႔ဝင္ ၄၀ ပတ္ဝန္းက်င္ ဆႏၵျပသူေတြနဲ႔ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ အဲဒီရဲတပ္ဖြဲ႔ဝင္ေတြကို က်န္တဲ့ရဲေတြက ဖမ္းဖို႔ႀကိဳးစားတာမွာ ဆႏၵျပလူထုက အကာအကြယ္ေပးခဲ့ၿပီး အခုအခါမွာ ေစာင့္ေရွာက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းဆန့်ကျင်မှု ၅ ရက်မြောက်လူထုဆန္ဒပြပွဲ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲ ၅ ရက်မြောက်နေ့မှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲ ပါဝင်လာပါတယ်။ အင်္ဂါနေ့က နေပြည်တော်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီးတဲ့ နောက်တရက်မှာပဲ အခုလို ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲပါလာတာပါ။ မမြသွဲ့သွဲ့ခိုင်ကတော့ ရထားတဲ့ ဒဏ်ရာကြောင့် အခုချိန်ထိ သတိမရသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲပါပဲ။

အစောပိုင်းရက်တွေတုန်းကတော့ အစိုးရဝန်ထမ်းအများအပြားဟာ CDM လို့ခေါ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖြစ် သက်ဆိုင်ရာ အလုပ်ဌာနတွေကို မသွားကြတော့ဘဲ သပိတ်မှောက်ထားကြတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေနဲ့အတူ အစိုးရဝန်ထမ်းတွေပါ ပူးပေါင်းလာတာကိုလည်း တွေ့လာရတာဖြစ်ပါတယ်။

အင်္ဂါနေ့က နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ တခြားနေရာတချို့မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်တာအပါအဝင် အင်အားသုံး နှိမ်နင်းတာတွေရှိခဲ့ပေမဲ့လည်း ဒီနေ့မှာတော့ အခု ဒီသတင်းကိုရေးချိန်ထိ ဘယ်နေရာမှာမှ အင်အားသုံး နှိမ်နင်းတယ်ဆိုတာမျိုး မကြားရပါဘူး။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းအရပ်က ဆန္ဒပြသူအများအပြား စုဝေးတဲ့နေရာအနီးမှာ တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားလို့မရအောင် ရဲတပ်ဖွဲ့ဝင် အတော်များများချပြီး မနေ့က အထိ ပိတ်ဆို့ တားဆီးထားခဲ့ပေမဲ့လည်း ဒီကနေ့မှာ အဲဒီရဲတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ မျက်မြင်တွေကပြောပါတယ်။

မနေ့ညဘက်ပိုင်းမှာ ရန်ကုန်မြို့ထဲကို စစ်ကားအများအပြားဝင်လာတယ်ဆိုတဲ့ သတင်းတွေ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့အတူ ညတွင်းချင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ စစ်သားတွေကို လမ်းပေါ်မှာ မတွေ့ရဘူးလို့ ဆန္ဒပြသူတွေက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက တပ်မတော်ကို ထောက်ခံတယ်ဆိုပြီး တန်ပြန်ဆန္ဒပြပွဲလုပ်ခဲ့ကြသူတွေ ကား ၁၀ စီးလောက်နဲ့ ဆူးလေဘက်ကနေဖြတ်သွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန်မြို့လည်ခေါင်၊ ပန်းဆိုးတန်းလမ်းပေါ်မှာ ပန်းချီဆရာတွေက ပန်းချီဆွဲ၊ တီးဝိုင်းနဲ့ သီချင်းဆိုသူတွေကဆိုပြီး CDM လှုပ်ရှားမှုအတွက် ရန်ပုံငွေကောက်ခံကြတာမှာ နာမည်ကျော် တေးရေး တေးဆိုဆရာတစ်ဦးဖြစ်သူ ကိုနေဝင်းလည်း ရှိနေခဲ့ပါတယ်။

"အာဏာရှင်စနစ်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။ အာဏာရှင်စနစ်အရှင်ထွက်ရိုး ထုံးစံမရှိ။ အာဏာရှင်စနစ်အသေထွက်ပဲရှိတယ်။ Saddam Hussein၊ Osama bin Laden၊ ဗိုလ်ချုပ်ကြီး ဦးနေဝင်း အသေပဲထွက်တယ်၊ အရှင်မထွက်ဘူး။ အာဏာရှင်တို့မည်သည် အရှင်ထွက်ရိုးထုံးမရှိ။" လို့ ကိုနေဝင်းက ပြောပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြသူတွေဟာ စုရပ်တစ်ခုထဲမှာ သွားပြီးစုကြတာမဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် စုထွက်လာကြပြီးတော့ နီးစပ်ရာ စုဝေးနေရာတွေမှာ သွားစုကြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲတွေမှာ ရင်သွေးငယ်တွေကို ချီလွယ်ထားတဲ့ မိခင်တွေ၊ တယောနဲ့ တခြားတူရိယာတွေကို တီးမှုတ်ပြီး ချီတက်သူတွေ၊ အလှမယ်တွေ၊ ကာယဗလမောင်တွေ စသည်အားဖြင့် ပုံစံမျိုစုံး၊ အရွယ်မျိုးစုံ၊ လူမျိုးစုံကို တွေ့ရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ ရဲတပ်ဖွဲ့ဝင် ၄၀ ပတ်ဝန်းကျင် ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ကျန်တဲ့ရဲတွေက ဖမ်းဖို့ကြိုးစားတာမှာ ဆန္ဒပြလူထုက အကာအကွယ်ပေးခဲ့ပြီး အခုအခါမှာ စောင့်ရှောက်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG