သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသံံအမတ္ႀကီး သူတို႔နဲ႔ပူးေပါင္းဖို႔ ဝါရွင္တန္က ဆႏၵျပသမားေတြ ေတာင္းဆို


ဝါရွင္တန္ ဒီစီျမန္မာသံံရံုး၀န္ထမ္းတဦးအား ေတာင္းဆိုစာကမ္းလွမ္းေနစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းလိုက္တာကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲကို အာဏာသိမ္းၿပီး ေနာက္တေန႔ကစလို႔ အေမရိကန္ျပည္ေထာင္စု ျပည္နယ္ အသီးသီးမွာရွိတဲ့ ျမန္မာမိသားစုေတြနဲ႔ ျမန္မာႏိုင္ငံကို ခ်စ္ျမတ္ႏိုးသူေတြ စုေ၀းၿပီး ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေန႔စဥ္ ရက္ဆက္ ျပဳလုပ္လာခဲ့ၾကတာမွာ အဂၤါေန႔ကလည္း ျမန္မာသံ႐ုံးေရွ႕မွာ စုေ၀း ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ ဆႏၵေဖာ္ထုတ္ပြဲအၿပီးမွာ သံအမတ္ႀကီးအပါအ၀င္ သံ႐ုံး၀န္ထမ္းေတြအေနနဲ႔ လူနဲ႔အတူ ပူးေပါင္းပါ၀င္ၾကဖို႔ ေတာင္းဆိုထားတဲ့စာကို ေပးအပ္ခဲ့တာမွာ သံ႐ုံး တတိယအတြင္း၀န္က လက္ခံ ရယူခဲ့တဲ့အေၾကာင္း ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုေဇာ္၀င္းက ေျပာပါတယ္။ ကိုေဇာ္၀င္းလႈိင္က ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလို စေျပာပါတယ္။

ကိုေဇာ္၀င္း။ ။ က်ေနာ္တို႔ဒီေန႔ လာရတဲ့ အေၾကာင္းအရင္းကေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ စစ္အစိုးရကေန လူထုအစိုးရကို ျဖဳတ္ခ်ၿပီးေတာ့ စစ္အာဏာသိမ္းတဲ့ကိစၥ ၊ စစ္အာဏာသိမ္းၿပီးေတာ့ ဒီေန႔ဆိုရင္ ျမန္မာျပည္မွာ အၾကမ္းဖက္ ၿဖိဳခြဲတဲ့ကိစၥအဆင့္အထိ ေရာက္လာပါတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က ျမန္မာသံအမတ္ႀကီးကို လာေရာက္ၿပီးေတာ့ ေတာင္းဆိုပါမယ္။ အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖို႔နဲ႔ က်ေနာ္တို႔ ဒီမိုကေရစီ အင္အားစုေတြ ျပည္တြင္းမွာ လႈပ္ရွားေနတဲ့ Civil Disobedience Movement (CDM) ကို ပူးေပါင္းဖို႔ ၊ အထူးသျဖင့္ သံရံုး၀န္ထမ္းေတြ က်ေန္ာတို႔နဲ႔ လာၿပီးေတာ့ ပူးေပါင္းဖို႔ဆိုတာကို က်ေနာ္တို႔ လာေရာက္ၿပီးေတာ့ စာေပးမယ္ ၊ သူတို႔ကို ဆႏၵလာျပတယ္၊ လာေရာက္တိုက္တြန္းမယ္ ႏိုးေဆာ္တယ္၊ စာလည္း လာပို႔တာျဖစ္ပါတယ္။ ဒီေန႔အခမ္းအနား အတိုခ်ဳပ္ကေတာ့။

ကိုေဇာ္၀င္းလႈိင္။ ။ ဟုတ္ကဲ့ စာက ဘယ္အခ်ိန္မွာ ေပးၾကမွာလဲခင္ဗ် အခုဆႏၵျပပြဲ ၿပီးသြားရင္ သံရံုးထဲမွာ ၀င္ေပးမွာလား ဘယ္လိုစီစဥ္ထားပါသလဲခင္ဗ်။

ကိုေဇာ္၀င္း။ ။ ဟုတ္ကဲ့ သံရံုးကို တံခါးေခါက္ၿပီးေတာ့ သံအမတ္ႀကီးတဲ့ သံရံုး၀န္ထမ္းေတြကိုေရာ ေတြ႔ခြင့္ေတာင္းမယ္ေပါ့ေနာ္။ ေတြ႔ခြင့္ေတာင္းၿပီးေတာ့ က်ေနာ္တို႔ ေရးထားတဲ့ စာကို က်ေနာ္တို႔ ေပးပို႔သြားမွာ ျဖစ္ပါတယ္။

ကိုေဇာ္၀င္းလႈိင္။ ။ ဟုတ္ကဲ့ သံရံုးကိုေတာ့ ႀကိဳတင္အေၾကာင္းၾကားထားတာ မရွိေသးဘူးေပါ့ ။ သံရံုးဘက္ကေန လက္ခံမယ္၊ မခံဘူးဆိုတာ မသိရေသးဘူးေပါ့ေနာ္။

ကိုေဇာ္၀င္း။ ။ မသိရေသးပါဘူးခင္ဗ်။

ကိုေဇာ္၀င္းလႈိင္။ ။ စာထဲမွာ ဘယ္လိုေရးထားတယ္ဆိုတာေရာ က်ေနာ္တို႕ကို ေျပာခြင့္ရမလားဆရာ။

ကိုေဇာ္၀င္း။ ။ ဟုတ္ကဲ့ ေျပာခြင့္ရပါတယ္ခင္ဗ်။ က်ေနာ္တို႔ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းအပါအ၀င္ သံရံုး၀န္ထမ္းေတြအားလံုးက လူထုအစိုးရကိုပဲ သစၥာခံဖို႔၊ လူထုကိုပဲ အလုပ္လုပ္ေပးဖို႔ဆိုတာကို က်ေနာ္တို႔ ေတာင္းဆိုမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ စစ္အာဏာသိမ္းတာက တရားမ၀င္ဘူးဆိုတဲ့အေၾကာင္း ၊ ၂၀၂၀ မွာ ေရြးေကာက္ပြဲ လုပ္ခဲ့တယ္ ။ ဒီေရြးေကာက္ပြဲက ေဒၚေအာင္ဆန္းစုၾကည္တို႔ အျပတ္အသတ္ ႏိုင္ခဲ့တယ္။ ဒါကို မဲ မသမာမႈျဖစ္တယ္ဆိုတာအေၾကာင္းျပၿပီး စစ္အာဏာသိမ္းတဲ့ကိစၥက တရားမ၀င္ဘူး။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ၂၀၀၈ အေျခခံဥပေဒကိုလည္း ဆန္႔က်င္ၿပီး အာဏာသိမ္းခဲ့တာျဖစ္တယ္။ ဒါေၾကာင့္မို႔ သမၼတဦး၀င္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရကိုပဲ သစၥာခံဖို႔ က်ေနာ္တို႔ ပန္ၾကားမွာပါ။ အဲဒါကို အဓိကထားၿပီး က်ေနာ္တို႔ ေတာင္းဆိုတာပါ။ ဒါေၾကာင့္မို႔လို႔ တကယ္လို႔ မလုပ္ဘူးဆိုရင္ က်ေနာ္တုိ႔က ႏိုင္ငံတကာ အစိုးရေတြနဲ႔ သံတမန္ဆိုင္ရာလုပ္ငန္းေတြကို တိုးျမွင့္ၿပီးေတာ့ လုပ္သြားမယ္ဆိုတဲ့အေၾကာင္းကို ေျပာမွာပါ။ စာထဲမွာေတာ့ အဓိကေတာ့ က်ေနာ္တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

ကိုေဇာ္၀င္းလႈိင္။ ။ ဟုတ္ကဲ့ အခုဆိုရင္ ဒါပထမဦးဆံုး ျမန္မာသံရံုးရဲ႕ အတြင္း၀န္တေယာက္ကလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ လူထုလႈပ္ရွားမႈနဲ႔ ပူးေပါင္းၿပီး ရာထူးက ထြက္လိုက္တယ္ဆိုတာ က်ေနာ္တို႔ သိရပါတယ္။ ဆိုေတာ့ အဲလိုမ်ိဳး အလားတူ ရာထူးကထြက္ၿပီးေတာ့ လူထုလႈပ္ရွားမႈမွာ သံရံုး၀န္ထမ္းေတြ ပူးေပါင္းပါ၀င္လာၾကဖို႔ ေမွ်ာ္လင့္တယ္ေပါ့ အဲလိုမ်ိဳးလားခင္ဗ်။

ကိုေဇာ္၀င္း။ ။ ေမွ်ာ္လင့္တယ္ခင္ဗ် က်ေနာ္တို႔ကေတာ့ အထူးသျဖင့္ေတာ့ ျမန္မာျပည္မွာ ျဖစ္ေပၚေနတဲ့ စစ္အာဏာသိမ္း ဆန္႔က်င္ေရး အၾကမ္းမဖက္ လႈပ္ရွားမႈေတြနဲ႔ စပ္လ်ဥ္းၿပီးေတာ့ သံရံုး၀န္ထမ္းေတြက ျပည္သူ႔ဘက္ကို ရပ္တည္ဖို႔ အေလးအနက္ လာေရာက္ပန္ၾကားတာ။ အဲဒီေတာ့ သူတို႔ေတြလည္း က်ေနာ္တုိ႔ဆီကို ကူးေပါင္းလာတယ္ဆိုရင္ က်ေနာ္တို႔က ႀကိဳဆိုမယ္ဆိုတဲ့အေၾကာင္း ၊ ဘယ္လိုမွ စိုးရိမ္ေသာက မျဖစ္ပဲနဲ႔ က်ေနာ္တို႔နဲ႔ ပူးေပါင္းဖို႔ လာေျပာတာပါခင္ဗ်။

ဒီဆႏၵျပပြဲမွာ ကိုယ္တိုင္ပါ၀င္ေနတဲ့ ေမရီလန္းျပည္နယ္က ကိုယဥ္ေထြး ကလည္း သူ႔အေနနဲ႔ ဒီဆႏၵျပပြဲကို ဘာေၾကာင့္ ပါ၀င္ရသလဲဆိုတာကို အခုလို ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ပူးေပါင္းပါ၀င္ရတဲ့ အခ်က္ကေတာ့ က်ေနာ္တို႔က ျပည္တြင္းနဲ႔ ျပည္ပမွာရွိတဲ့ ညီအကိုေမာင္ႏွမ အားလံုးက တေသြးတည္း ၊ တသားတည္း ရွိတယ္။ က်ေနာ္တို႔ အခုအခ်ိန္မွာ တရားမ၀င္ အာဏာသိမ္းလာတဲ့ စစ္အာဏာရွင္အုပ္ခ်ဳပ္ေရး ျပဳတ္က်ဖို႔အတြက္ ယႏၱရားႀကီးတခုလံုး ရပ္တန္႔သြားေအာင္ဆိုၿပီးေတာ ့က်ေနာ္တုိ႔ လာေရာက္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ၾကတာပါ ။ ဒီမွာရွိတဲ့ ညီအကို ေမာင္ႏွမေတြ အားလံုးကလ္ညး စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ရင္ထဲက ခံစားခ်က္ေတြ အားလံုးက တေသြးတည္း တသားတည္း ျဖစ္ေနၾကတယ္။ ဒါေၾကာင့္မို႔ community မွာရွိတဲ့ ညီအကို ေမာင္ႏွမေတြ အားလံုးကလည္း က်ေနာ္တို႔ စုစည္းၿပီးေတာ့ က်ေနာ္တို႔ စည္းရုံးစရာမလုိပါဘူး။ သူတို႔လာေရာက္ၿပီးေတာ့ ပူးေပါင္း participate လုပ္ၾကၿပီး လာေရာက္ေတာင္းဆို ဆႏၵျပေနတာပါ။ က်ေနာ္တို႔ စစ္သံရံုးမွာလို လာၿပီးေတာ့ ကန္႔ကြက္ဆႏၵျပၾကတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ လာေရာက္ၿပီးေတာင္းဆိုေနၾကတဲ့ ဆႏၵျပပြဲေလးပါ။”

တိုက္႐ိုက္ လင့္ခ္


............

မြန်မာသံံအမတ်ကြီး သူတို့နဲ့ပူးပေါင်းဖို့ ဝါရှင်တန်က ဆန္ဒပြသမားတွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို အာဏာသိမ်းပြီး နောက်တနေ့ကစလို့ အမေရိကန်ပြည်ထောင်စု ပြည်နယ် အသီးသီးမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတွေ စုဝေးပြီး ဝါရှင်တန် ဒီစီမြို့မှာ နေ့စဉ် ရက်ဆက် ပြုလုပ်လာခဲ့ကြတာမှာ အင်္ဂါနေ့ကလည်း မြန်မာသံရုံးရှေ့မှာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ သံအမတ်ကြီးအပါအဝင် သံရုံးဝန်ထမ်းတွေအနေနဲ့ လူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားတဲ့စာကို ပေးအပ်ခဲ့တာမှာ သံရုံး တတိယအတွင်းဝန်က လက်ခံ ရယူခဲ့တဲ့အကြောင်း ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဇော်ဝင်းက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စပြောပါတယ်။

ကိုဇော်ဝင်း။ ။ ကျနော်တို့ဒီနေ့ လာရတဲ့ အကြောင်းအရင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အစိုးရကနေ လူထုအစိုးရကို ဖြုတ်ချပြီးတော့ စစ်အာဏာသိမ်းတဲ့ကိစ္စ ၊ စစ်အာဏာသိမ်းပြီးတော့ ဒီနေ့ဆိုရင် မြန်မာပြည်မှာ အကြမ်းဖက် ဖြိုခွဲတဲ့ကိစ္စအဆင့်အထိ ရောက်လာပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က မြန်မာသံအမတ်ကြီးကို လာရောက်ပြီးတော့ တောင်းဆိုပါမယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ Civil Disobedience Movement (CDM) ကို ပူးပေါင်းဖို့ ၊ အထူးသဖြင့် သံရုံးဝန်ထမ်းတွေ ကျနေ်ာတို့နဲ့ လာပြီးတော့ ပူးပေါင်းဖို့ဆိုတာကို ကျနော်တို့ လာရောက်ပြီးတော့ စာပေးမယ် ၊ သူတို့ကို ဆန္ဒလာပြတယ်၊ လာရောက်တိုက်တွန်းမယ် နိုးဆော်တယ်၊ စာလည်း လာပို့တာဖြစ်ပါတယ်။ ဒီနေ့အခမ်းအနား အတိုချုပ်ကတော့။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ စာက ဘယ်အချိန်မှာ ပေးကြမှာလဲခင်ဗျ အခုဆန္ဒပြပွဲ ပြီးသွားရင် သံရုံးထဲမှာ ဝင်ပေးမှာလား ဘယ်လိုစီစဉ်ထားပါသလဲခင်ဗျ။

ကိုဇော်ဝင်း။ ။ ဟုတ်ကဲ့ သံရုံးကို တံခါးခေါက်ပြီးတော့ သံအမတ်ကြီးတဲ့ သံရုံးဝန်ထမ်းတွေကိုရော တွေ့ခွင့်တောင်းမယ်ပေါ့နော်။ တွေ့ခွင့်တောင်းပြီးတော့ ကျနော်တို့ ရေးထားတဲ့ စာကို ကျနော်တို့ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ သံရုံးကိုတော့ ကြိုတင်အကြောင်းကြားထားတာ မရှိသေးဘူးပေါ့ ။ သံရုံးဘက်ကနေ လက်ခံမယ်၊ မခံဘူးဆိုတာ မသိရသေးဘူးပေါ့နော်။

ကိုဇော်ဝင်း။ ။ မသိရသေးပါဘူးခင်ဗျ။

ကိုဇော်ဝင်းလှိုင်။ ။ စာထဲမှာ ဘယ်လိုရေးထားတယ်ဆိုတာရော ကျနော်တို့ကို ပြောခွင့်ရမလားဆရာ။

ကိုဇော်ဝင်း။ ။ ဟုတ်ကဲ့ ပြောခွင့်ရပါတယ်ခင်ဗျ။ ကျနော်တို့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းအပါအဝင် သံရုံးဝန်ထမ်းတွေအားလုံးက လူထုအစိုးရကိုပဲ သစ္စာခံဖို့၊ လူထုကိုပဲ အလုပ်လုပ်ပေးဖို့ဆိုတာကို ကျနော်တို့ တောင်းဆိုမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းတာက တရားမဝင်ဘူးဆိုတဲ့အကြောင်း ၊ ၂၀၂၀ မှာ ရွေးကောက်ပွဲ လုပ်ခဲ့တယ် ။ ဒီရွေးကောက်ပွဲက ဒေါ်အောင်ဆန်းစုကြည်တို့ အပြတ်အသတ် နိုင်ခဲ့တယ်။ ဒါကို မဲ မသမာမှုဖြစ်တယ်ဆိုတာအကြောင်းပြပြီး စစ်အာဏာသိမ်းတဲ့ကိစ္စက တရားမဝင်ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ အခြေခံဥပဒေကိုလည်း ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရကိုပဲ သစ္စာခံဖို့ ကျနော်တို့ ပန်ကြားမှာပါ။ အဲဒါကို အဓိကထားပြီး ကျနော်တို့ တောင်းဆိုတာပါ။ ဒါကြောင့်မို့လို့ တကယ်လို့ မလုပ်ဘူးဆိုရင် ကျနော်တို့က နိုင်ငံတကာ အစိုးရတွေနဲ့ သံတမန်ဆိုင်ရာလုပ်ငန်းတွေကို တိုးမြှင့်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့အကြောင်းကို ပြောမှာပါ။ စာထဲမှာတော့ အဓိကတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ အခုဆိုရင် ဒါပထမဦးဆုံး မြန်မာသံရုံးရဲ့ အတွင်းဝန်တယောက်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းပြီး ရာထူးက ထွက်လိုက်တယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဆိုတော့ အဲလိုမျိုး အလားတူ ရာထူးကထွက်ပြီးတော့ လူထုလှုပ်ရှားမှုမှာ သံရုံးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာကြဖို့ မျှော်လင့်တယ်ပေါ့ အဲလိုမျိုးလားခင်ဗျ။

ကိုဇော်ဝင်း။ ။ မျှော်လင့်တယ်ခင်ဗျ ကျနော်တို့ကတော့ အထူးသဖြင့်တော့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုတွေနဲ့ စပ်လျဉ်းပြီးတော့ သံရုံးဝန်ထမ်းတွေက ပြည်သူ့ဘက်ကို ရပ်တည်ဖို့ အလေးအနက် လာရောက်ပန်ကြားတာ။ အဲဒီတော့ သူတို့တွေလည်း ကျနော်တို့ဆီကို ကူးပေါင်းလာတယ်ဆိုရင် ကျနော်တို့က ကြိုဆိုမယ်ဆိုတဲ့အကြောင်း ၊ ဘယ်လိုမှ စိုးရိမ်သောက မဖြစ်ပဲနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ လာပြောတာပါခင်ဗျ။

ဒီဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ မေရီလန်းပြည်နယ်က ကိုယဉ်ထွေး ကလည်း သူ့အနေနဲ့ ဒီဆန္ဒပြပွဲကို ဘာကြောင့် ပါဝင်ရသလဲဆိုတာကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ပူးပေါင်းပါဝင်ရတဲ့ အချက်ကတော့ ကျနော်တို့က ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ညီအကိုမောင်နှမ အားလုံးက တသွေးတည်း ၊ တသားတည်း ရှိတယ်။ ကျနော်တို့ အခုအချိန်မှာ တရားမဝင် အာဏာသိမ်းလာတဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေး ပြုတ်ကျဖို့အတွက် ယန္တရားကြီးတခုလုံး ရပ်တန့်သွားအောင်ဆိုပြီးတော့ကျနော်တို့ လာရောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြတာပါ ။ ဒီမှာရှိတဲ့ ညီအကို မောင်နှမတွေ အားလုံးကလ်ညး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ရင်ထဲက ခံစားချက်တွေ အားလုံးက တသွေးတည်း တသားတည်း ဖြစ်နေကြတယ်။ ဒါကြောင့်မို့ community မှာရှိတဲ့ ညီအကို မောင်နှမတွေ အားလုံးကလည်း ကျနော်တို့ စုစည်းပြီးတော့ ကျနော်တို့ စည်းရုံးစရာမလိုပါဘူး။ သူတို့လာရောက်ပြီးတော့ ပူးပေါင်း participate လုပ်ကြပြီး လာရောက်တောင်းဆို ဆန္ဒပြနေတာပါ။ ကျနော်တို့ စစ်သံရုံးမှာလို လာပြီးတော့ ကန့်ကွက်ဆန္ဒပြကြတာ မဟုတ်ပါဘူး။ ကျနော်တို့ လာရောက်ပြီးတောင်းဆိုနေကြတဲ့ ဆန္ဒပြပွဲလေးပါ။”

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG