သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ထိုင်းရောက်မြန်မာတွေ ဆက်လက် ကန့်ကွက်


စစ်အာဏာသိမ်းမှု ထိုင်းရောက်မြန်မာတွေ ဆက်လက် ကန့်ကွက် (Photo- Jacob မြန်မာကျောင်းသားတဦး)
စစ်အာဏာသိမ်းမှု ထိုင်းရောက်မြန်မာတွေ ဆက်လက် ကန့်ကွက် (Photo- Jacob မြန်မာကျောင်းသားတဦး)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကို ဆန့်ကျင်ကန့် ကွက်တဲ့ လှုပ်ရှားမူကို ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ၈ ရက်မြောက်နေ့ အဖြစ်ဆက်လုပ်ခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံ မှာစစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေက နေ့စဉ်ဆန့်ကျင် ကန့်ကွက်မူတွေလုပ်ခဲ့တာပါ။ တနင်္လာနေ့ မှာတော့ ၈ ရက်မြောက်နေ့ အဖြစ် မြန်မာကျောင်းသားတွေ အများစုပါဝင်တဲ့ Myanmar community in Thailand ဆိုတဲ့အုပ်စုက မြန်မာ သံရုံးနဲ့ အနီးဆုံး စစ်သံမှုးရုံးရှေ့မှာ ကန့်ကွက်မူလုပ်ခဲ့ကြောင်း ဘန်ကောက်က မြန်မာကျောင်းသားတဦးက အခုလိုပြောပြပါတယ်။

“မြန်မာပြည်က စစ်အာဏာသိမ်းကို ရှုတ်ချတယ် မြန်မာပြည်က Civil Disobedience Movement ကိုထောက်ခံတယ်။ အမေစုနဲ့ သမ္မတကြီးကို လွှတ်ပေးပေါ့ အဲဒီမှာ ကျနော်တို့ လူအများကြီးမခေါ်ဘူး။ Myanmar community in Thailand ဆိုတဲ့ Group က ကျနော်တို့ လူနည်းနည်းနဲ့ ပဲ ၊ စစ်သံမှူးရုံးရှေ့မှာ တန်းစီပြီး ဆိုင်းဘုတ်ကိုင်တယ်။ ပိုစတာကိုင်တယ် ကမ္ဘာမကြေ သီချင်းတွေ ဆိုတယ်။”

တနင်္လာနေ့ ဆန္ဒပြမူကတော့လူအင်အား ၅၀ ကျော်ပါဝင်ပြီး မြန်မာကျောင်းသား အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ သံရုံးရှေ့လမ်းမတလျောက်မှာ တန်းစီပြီး ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းကထိုင်းနိုင်ငံမှာ တော့ ဆန္ဒပြမူတွေ နေစဉ်ရှိနေပြီး UNHCR ရုံး၊ ဘန်ကောက်မြန်မာသံရုံးရှေ့ တွေမှာ ဆန္ဒ ထုတ်ဖော်နေကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ထိုင်းရောက်မြန်မာတွေ ဆက်လက် ကန့်ကွက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်



...........


(Unicode)





XS
SM
MD
LG