(Zawgyi/Unicode)
စစ္တပ္ကအာဏာသိမ္းတာကို ဆန္႔က်င္တဲ့ အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM ဟာ ရန္ကုန္ မႏၲေလးက ၀န္ထမ္းေတြအျပင္၊ အနယ္နယ္အရပ္အရပ္မွာရွိတဲ့ ၀န္ထမ္းအဖဲြ႕အစည္းေတြၾကားမွာပါ က်ယ္က်ယ္ျပန္႕ျပန္႔ျဖစ္လာပါတယ္။ ဒီအေၾကာင္း မ ခြါညိဳ က ေျပာျပမွာပါ။
ဧရာဝတီတုိင္း၊ ဟသၤာတၿမိဳ႕နယ္အပိုင္ ဒူးယားတိုက္နယ္မွာ အၾကမ္းမဖက္ဆန္႔က်င္ကန္႔ကြက္တဲ့ လႈပ္ရွားမႈအျဖစ္ ဒီကေန႔လည္း ဆက္လက္ကန္႔ကြက္ေနပါတယ္။ ဒီေန႔မွာေတာ့ ပညာေရးဝန္ထမ္းေတြလည္း ရာနဲ႔ခ်ီ ပါဝင္လာတဲ့အေၾကာင္း လႈပ္ရွားမႈဦးေဆာင္ေနတဲ့ အထက္တန္းျပဆရာတဦးက ေျပာပါတယ္။
“၁၀၀ ေက်ာ္ေလာက္ ပါပါတယ္။ ပညာေရးဝန္ထမ္းခ်ည့္ပါ။ လူအင္အားကေတာ့ ၅ ေထာင္ေက်ာ္၊ ၁ ေသာင္းနီးပါးပါမယ္ခင္ဗ်။ အမ်ားႀကီးပဲ၊ တၿမိဳ႕လံုးနီးပါးဆိုေတာ့ေလ။ ဒီေန႔ကေတာ့ အေျခခံပညာေရး မိသားစု ပါတာေပါ့။ မနက္ျဖန္ေတာ့ ဟသၤာတတကၠသိုလ္က ဆရာသမဂၢလည္းေပါင္းၿပီးေတာ့ အဆင့္ျမင့္နဲ႔ အေျခခံေပါင္းၿပီး ျပသြားဖို႔ ရွိပါတယ္ခင္ဗ်။”
မေကြးတုိင္း၊ ေတာင္တြင္းႀကီးၿမိဳ႕ မွာလည္း ဒီကေန႔လႈပ္ရွားမႈမွာ ပညာေရးဝန္ထမ္းေတြ ပိုမိုပါဝင္လာေနတာေတြ႔ရပါတယ္။
“ေမတၱာရွင္အုပ္ခ်ဳပ္တဲ့ ျပည္သူ႔အစိုးရလက္ထက္မွာ သခင္လိုေနရၿပီးေတာ့ စစ္အာဏာရွင္အုပ္ခ်ဳပ္တဲ့ စစ္အစိုးရလက္ထက္မွာ ကၽြန္လိုမေနခ်င္တဲ့အတြက္ က်ေနာ္တို႔ ဒီတုိက္ပြဲကို ဆင္ႏြဲရျခင္းျဖစ္ပါတယ္။”
ေတာင္တြင္းႀကီးၿမိဳ႕နယ္ က ဝါရင့္ႏုိင္ငံေရးသမားတဦးျဖစ္တဲ့ ေဒါက္တာသန္းႏုိင္လည္း အခု CDM လႈပ္ရွားမႈမွာ ပါဝင္လာပါတယ္။
“ဦးက ၁၉၉၀ ခုႏွစ္က NLD ရဲ႕ ေရြးေကာက္ခံ ကိုယ္စားလွယ္ျဖစ္ခဲ့ပါတယ္။ ၉၀ ခုႏွစ္တုန္းကလည္း မတန္မရာ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ၊ ဖမ္းဆီးမႈေတြ မိသားစုအေပၚမွာေရာ၊ ဦးအေပၚမွာေရာ အမ်ဳိးမ်ဳိးလုပ္ခဲ့တယ္။ တို႔ကေတာ့ စစ္အုပ္ခ်ဳပ္ေရးကို ေသြးထဲ သားထဲကအစ လက္မခံႏုိင္ဘူး။”
ဒီကေန႔ ပုဂံေညာင္ဦးဘက္မွာလည္း ပညာေရးဝန္ထမ္းဝတ္စံုေတြနဲ႔ ဆန္႔က်င္ကန္႔ကြက္လာၾကတာကို လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ မ်က္စိတဆံုးေတြ႔ျမင္ေနပါတယ္။ ပုဂံေညာင္ဦးၿမိဳ႕ခံ ဆႏၵျပသူ တေယာက္က အခုလို ေျပာျပပါတယ္။
“ဟုတ္ကဲ့။ ဒီေန႔ ၈ ရက္၊ ၂ လ၊ ၂၀၂၁ မွာေတာ့ မေန႔ကထက္ပိုၿပီးေတာ့ လူအုပ္ႀကီးက မ်ားလာတယ္ေပါ့ခင္ဗ်ာ။ အခုအခါမွာေတာ့ ျပည္သူ႔ဝန္ထမ္းေတြေရာ အားလံုးလက္တြဲ ၿပီးပူးေပါင္းပါဝင္လာၿပီး သြားၾကမွာဆိုေတာ့ လူဦးေရကေတာ့ ပုဂံေညာင္ဦးၿမိဳ႕မွာ ပိုၿပီးမ်ားလာတာေတြ႔ရတယ္ခင္ဗ်။ အေျခအေနကေတာ့အခုထိ ေအးေအးေဆးေဆးပါပဲခင္ဗ်ာ။”
ဒါ့အျပင္ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ တင္ထားတဲ့ ဗီြဒီယိုေလးေတြအရ မေကြးတုိင္း၊ ေခ်ာက္ၿမိဳ႕မွာလည္း ဆန္႔က်င္ဆႏၵျပမႈေတြ ရွိခဲ့ပါတယ္။
ဒါ့အျပင္ တနသၤာရီတိုင္းေဒသႀကီး ပုေလာၿမိဳ႕နယ္က သစ္ေတာဌာနဝန္ထမ္းေတြ အားလံုးနီးပါး စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ထဲ ပါဝင္လာၾကတာကို လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ေတြ႔ျမင္ေနရပါတယ္။
..............
နေရာအနှံ့ ကျယ်ပြန့်လာတဲ့ စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ
(Unicode)
စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဟာ ရန်ကုန် မန္တလေးက ဝန်ထမ်းတွေအပြင်၊ အနယ်နယ်အရပ်အရပ်မှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ ဒီအကြောင်း မ ခွါညို က ပြောပြမှာပါ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အပိုင် ဒူးယားတိုက်နယ်မှာ အကြမ်းမဖက်ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုအဖြစ် ဒီကနေ့လည်း ဆက်လက်ကန့်ကွက်နေပါတယ်။ ဒီနေ့မှာတော့ ပညာရေးဝန်ထမ်းတွေလည်း ရာနဲ့ချီ ပါဝင်လာတဲ့အကြောင်း လှုပ်ရှားမှုဦးဆောင်နေတဲ့ အထက်တန်းပြဆရာတဦးက ပြောပါတယ်။
“၁၀၀ ကျော်လောက် ပါပါတယ်။ ပညာရေးဝန်ထမ်းချည့်ပါ။ လူအင်အားကတော့ ၅ ထောင်ကျော်၊ ၁ သောင်းနီးပါးပါမယ်ခင်ဗျ။ အများကြီးပဲ၊ တမြို့လုံးနီးပါးဆိုတော့လေ။ ဒီနေ့ကတော့ အခြေခံပညာရေး မိသားစု ပါတာပေါ့။ မနက်ဖြန်တော့ ဟင်္သာတတက္ကသိုလ်က ဆရာသမဂ္ဂလည်းပေါင်းပြီးတော့ အဆင့်မြင့်နဲ့ အခြေခံပေါင်းပြီး ပြသွားဖို့ ရှိပါတယ်ခင်ဗျ။”
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မှာလည်း ဒီကနေ့လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေ ပိုမိုပါဝင်လာနေတာတွေ့ရပါတယ်။
“မေတ္တာရှင်အုပ်ချုပ်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ သခင်လိုနေရပြီးတော့ စစ်အာဏာရှင်အုပ်ချုပ်တဲ့ စစ်အစိုးရလက်ထက်မှာ ကျွန်လိုမနေချင်တဲ့အတွက် ကျနော်တို့ ဒီတိုက်ပွဲကို ဆင်နွဲရခြင်းဖြစ်ပါတယ်။”
တောင်တွင်းကြီးမြို့နယ် က ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဒေါက်တာသန်းနိုင်လည်း အခု CDM လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။
“ဦးက ၁၉၉၀ ခုနှစ်က NLD ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ ၉၀ ခုနှစ်တုန်းကလည်း မတန်မရာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ဖမ်းဆီးမှုတွေ မိသားစုအပေါ်မှာရော၊ ဦးအပေါ်မှာရော အမျိုးမျိုးလုပ်ခဲ့တယ်။ တို့ကတော့ စစ်အုပ်ချုပ်ရေးကို သွေးထဲ သားထဲကအစ လက်မခံနိုင်ဘူး။”
ဒီကနေ့ ပုဂံညောင်ဦးဘက်မှာလည်း ပညာရေးဝန်ထမ်းဝတ်စုံတွေနဲ့ ဆန့်ကျင်ကန့်ကွက်လာကြတာကို လူမှုကွန်ယက်စာမျက်နှာတွေမှာ မျက်စိတဆုံးတွေ့မြင်နေပါတယ်။ ပုဂံညောင်ဦးမြို့ခံ ဆန္ဒပြသူ တယောက်က အခုလို ပြောပြပါတယ်။
“ဟုတ်ကဲ့။ ဒီနေ့ ၈ ရက်၊ ၂ လ၊ ၂၀၂၁ မှာတော့ မနေ့ကထက်ပိုပြီးတော့ လူအုပ်ကြီးက များလာတယ်ပေါ့ခင်ဗျာ။ အခုအခါမှာတော့ ပြည်သူ့ဝန်ထမ်းတွေရော အားလုံးလက်တွဲ ပြီးပူးပေါင်းပါဝင်လာပြီး သွားကြမှာဆိုတော့ လူဦးရေကတော့ ပုဂံညောင်ဦးမြို့မှာ ပိုပြီးများလာတာတွေ့ရတယ်ခင်ဗျ။ အခြေအနေကတော့အခုထိ အေးအေးဆေးဆေးပါပဲခင်ဗျာ။”
ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုလေးတွေအရ မကွေးတိုင်း၊ ချောက်မြို့မှာလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်က သစ်တောဌာနဝန်ထမ်းတွေ အားလုံးနီးပါး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ထဲ ပါဝင်လာကြတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့မြင်နေရပါတယ်။