သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ မုံရွာမြို့မြင်ကွင်း။ (ဓာတ်ပုံ - မုံရွာဂေဇက် -ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
[Zawgyi/Unicode]
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ မုံရွာမြို့မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ မုံရွာမြို့မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
တိုက်ရိုက် လင့်ခ်
[Unicode Version]
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ
ဒီနေ့နိုင်ငံအနှံ့ ဆန္ဒပြသတင်းတွေကို ဆက်ပြောရမယ်ဆိုရင် မုံရွာမြို့မှာ ဒီနေ့ဆန္ဒကြသူသောင်းနဲ့ချီ ဆိုင်ကယ်တွေနဲ့ မြို့ကို ပတ်ပြီး ဆန္ဒပြကြတယ်လို့ မြို့ခံတယောက်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ နောက်နေ့တွေမှာလည်း ဆက်ပြီး ဆန္ဒပြသွားဖို့ စီစဉ်ထားပြီး နက်ဖြန်ကျရင်တော့ အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းဘဲ သပိတ်မှောက်ကြအောင် တိုက်တွန်းသွားဖို့ အစီအစဉ်တွေရှိတယ်လို့ မြို့ခံတယောက်က ခုလို ပြောပြပါတယ်။
မုံရွာမြို့ခံ။ မုံရွာဆန္ဒပြပွဲက အရင်ပုံစံတွေနဲ့ မတူဘူးလို့ထင်ပါတယ်။ အရင်ကတော့ လမ်းလေ ျှာက်ဆန္ဒပြကြတာပါ။ ကျနော်အမြဲကြုံဖူးခဲ့တာ။ အခုကတော့ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြတာခင်ဗျ။ ဆိုင်ကယ်တစီးမှာ ၂ ယောက် ၃ ယောက်စုပြီး ဆိုင်ကယ်တွေစီးကြတယ်။ ဟွန်းတွေ တီးကြတယ်။ လက်ချောင်း ၃ ချောင်းထောင်ပြီး “စစ်အာဏာရှင် အလိုမရှိ” ဆိုတာမျိုးတွေ ကြွေးကြော်ပြီး ဆန္ဒပြကြတယ်ခင်ဗျ။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ မုံရွာမြို့မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ မုံရွာမြို့မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
စုမြတ်မွန်။ လူအင်အား ဘယ်လောက်ရှိပါလဲ။
မုံရွာမြို့ခံ။ အဖွဲ့ ၃ ဖွဲ့လောက်ခွဲပြီး ဆန္ဒပြကြတာ တဖွဲ့ကို သောင်းဂဏန်းလောက်ထိရှိမယ်ခင်ဗျ။ လူအရေအတွက် အတိအကျရေတွက်လို့ မရပေမဲ့ ဆိုင်ကယ်ပမာဏနဲ့ တွက်ပြီး တစီးကို ၂ ယောက်၊ ၃ ယောက်လူအရေအတွက် တွက်ကြည့်ရင် တဖွဲ့ကို သောင်းဂဏန်း အနည်းဆုံး ရှိပါတယ်ခင်ဗျ။
စုမြတ်မွန်။ နောက်နေ့တွေရောက် ဆက်ပြီး ဆန္ဒပြဖို့ အစီအစဉ်ရှိလားရှင့်။
မုံရွာမြို့ခံ။ ရှိပါတယ်ခင်ဗျ။ မနက်ဖြန်လည်း ဆန္ဒပြကြမှာပါ။ ဆက်တိုက်လုပ်သွားမှာပါ။ အတိအကျ ဘယ်နေ့အထိဆိုပြီး သတ်မှတ်မထားပေမဲ့ စဉ်ဆက်မပြတ်လုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ အဓိက မနက်ဖြန် တနင်္လာနေ့ကတော့ သေသေချာချာ ဆန္ဒပြကြမှာပါ။ ဝန်ထမ်းတွေ အလုပ်မတက်ဘဲ သပိတ်မှောက်အောင် တိုက်တွန်းဖို့ အစီအစဉ်တွေလည်း လုပ်ထားပါတယ်။
မုံရွာမြို့ခံက သူတို့မြို့မှာ ဆန္ဒပြတဲ့ အခြေအနေကို ပြောပြတာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG