သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးလူထုဆႏၵျပပဲြေခါင္းေဆာင္တဦးျဖစ္သူနဲ႔ VOA ဆက္သြယ္ေမးျမန္းမႈ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ မႏၱေလးၿမိဳ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

မႏၱေလးၿမိဳ႕မွာ လုပ္တဲ့ စစ္တပ္ဆန္႔က်င္ေရး လူထုဆႏၵျပပြဲကို ၿမိဳ႕ခံလူထု သိန္းဂဏန္းနဲ႔ခ်ီ ဆက္ၿပီး ဆႏၵျပခဲ့ၾကၿပီးေတာ့ စုေဝးခဲ့ၾကၿပီးေတာ့ ဆႏၵျပပြဲေတြကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိခဲ့တယ္လို႔ ဆႏၵျပေခါင္းေဆာင္တဦးက ေျပာပါတယ္။ အာဏာပိုင္ေတြဘက္က တခ်ဳိ႕လမ္းေတြကို ပိတ္ဆို႔တားဆီးတာေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ မႏၱေလးလူထုဆႏၵျပပြဲဦးေဆာင္သူတဦးျဖစ္တဲ့ ေဒါက္တာေတဇာဆန္းကို ကိုရန္ႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုရန္ႏိုင္။ ။ ကိုေတဇာဆန္းေရ။ မႏၱေလးဘက္က ဆႏၵျပပြဲအေျခအေန ဘယ္လိုရွိလဲ။

ေဒါက္တာေတဇာဆန္း။ ။ မႏၱေလးကေတာ့ မေန႔ကစၿပီးေတာ့ ဆႏၵျပတာကေတာ့ တၿမိဳ႕လံုးပါပဲ။ တၿမိဳ႕လံုးကို လမ္းေလွ်ာက္တယ္၊ ဆိုင္ကယ္ေတြန႔ဲသြားတယ္။ ကားေတြနဲ႔သြားတယ္။ တၿမိဳ႕လံုး ဆႏၵျပတယ္လို႔ ေျပာလို႔ရပါတယ္။ တၿမိဳ႕လံုးေပါင္းမယ္ဆိုရင္ သိန္းနဲ႔ခ်ီၿပီး ဆႏၵျပေနၾကပါတယ္။ အခုအခ်ိန္အထိ လမ္းေလွ်ာက္တဲ့အဖြဲ႔ေတြ အင္အား ေသာင္းနဲ႔ခ်ီၿပီးရွိတယ္။ ဆုိင္ကယ္သမားေတြဆိုနည္းတာမဟုတ္ဘူး။ တၿမိဳ႕လံုးႀကီးကို ျပည့္ေနပါၿပီ။ ၿမိဳ႕သူၿမိဳ႕သားအားလံုးက ဆႏၵျပေနပါတယ္။ အစံုပဲ။ ေတာင္သူလယ္သမားေတြလည္း ပါတယ္။ အလုပ္သမားေတြက ဦးေဆာင္တာလည္းပါတယ္။ ေက်ာင္းသားေတြ ဦးေဆာင္တာလည္းပါတယ္။ လက္ရွိေက်ာင္းသားေတြ ဦးေဆာင္တာလည္းပါတယ္။ ေက်ာင္းသားေဟာင္းေတြေရာ၊ လက္ရွိေက်ာင္းသားေတြေရာ။ အရပ္ဘက္အဖြဲ႔အစည္းေတြ ဦးေဆာင္တာလည္းပါတယ္။ ေနာက္ ပါတီဝင္ေတြလည္းပဲ အမ်ားႀကီး ပါပါတယ္။ အခုကေတာ့ လူထုလူတန္းစားေပါင္းစံု- လွည္းေန၊ ေလွေအာင္း၊ ျမင္းေဇာင္းမက်န္ ဆႏၵျပၾကတာျဖစ္ပါတယ္။ မည္သူ တဦးတေယာက္ကဦးေဆာင္တယ္ဆိုတာထက္ ႏုိင္ငံသူႏုိင္ငံသားအားလံုး၊ ၿမိဳ႕သူၿမိဳ႕သားအားလံုးက ေဆာင္ရြက္ေနၾကျခင္းျဖစ္ပါတယ္ခင္ဗ်။

ကိုရန္ႏုိင္။ ။ …ဆိုေတာ့ အခုလို တၿမိဳ႕လံုးထြက္ၿပီး ဆႏၵျပၾကတာဆိုေတာ့ အဓိကေတာင္းဆိုခ်က္ေတြကိုလည္း ေျပာျပပါအံုးဗ်။

ေဒါက္တာေတဇာဆန္း။ ။ နံပါတ္ (၁) ကေတာ့ က်ေနာ္တို႔ ျပည္သူအားလံုးက ဒီမိုကေရစီကိုပဲ လိုလားပါတယ္ခင္ဗ်ာ။ ဘယ္အာဏာရွင္စနစ္ကိုမွ မလိုလားဘူး။ အခုလို အာဏာသိမ္းတဲ့လုပ္ရပ္ကို လံုးဝ လံုးဝ လက္မခံဘူး။ ဒီမိုကေရစီရရွိေရးက နံပါတ္ (၁) ျဖစ္ပါတယ္။

နံပါတ္ (၂) ကေတာ့ အာဏာရွင္စနစ္ကို အလုိမရွိဘူး။ အာဏာရွင္စနစ္ကို အလံုးစံုအလိုမရွိပါဘူး.

နံပါတ္ (၃) ကေတာ့ အခု မတရား အဓမၼဖမ္းဆီးခံထားရတဲ့ က်ေနာ္တို႔ေခါင္းေဆာင္ေတြအားလံုးကို ႁခြင္းခ်က္မရွိ အျမန္ဆံုးျပန္လႊတ္ေပးေရး။ ေနာက္ဆံုးကေတာ့ က်ေနာ္တို႔လိုခ်င္တဲ့ ဒီမိုကေရစီရရွိေရးျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ရွိပါတယ္။ ဒီလႊတ္ေတာ္ ကိုယ္စားလွယ္ေတြသာလွ်င္ က်ေနာ္တို႔ရဲ႕တရားဝင္ေရြးေကာက္ခံ၊ က်ေနာ္တို႔ကို ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္ေတြ ျဖစ္ပါတယ္ဆိုတဲ့အေၾကာင္းပါပဲခင္ဗ်။

ကိုရန္ႏုိင္။ ။ ဒီေန႔ဆႏၵျပပြဲေတြမွာ အာဏာပိုင္ေတြဘက္က တစံုတရာအေရးယူတာေတြ၊ ဖမ္းဆီးတာေတြရွိလား။

ေဒါက္တာေတဇာဆန္း။ ။ လံုၿခံဳေရးကေတာ့ တၿမိဳ႕လံုးကို ရဲကားေတြ ခ်ထားပါတယ္။ အခုအခ်ိန္အထိ ျပည္သူနဲ႔ထိပ္တုိက္ေတြ႔တာမ်ဳိး၊ က်ေနာ္တို႔ကိုတားဆီးတာမ်ဳိးေတာ့ အခုအခ်ိန္အထိ မလုပ္ေသးဘူး။ လုပ္မယ္ဆိုရင္လည္း တၿမိဳ႕လံုးဆႏၵျပေနတာ။ မႏၱေလးက ဆိုင္ကယ္ၿမိဳ႕ဆိုေတာ့ တၿမိဳ႕လံုးဆႏၵျပတာဆိုေတာ့ သူတို႔အေနနဲ႔ဘယ္လိုမွ တားလို႔ရမွာေတာင္မဟုတ္ဘူး။ တၿမိဳ႕လံုးကို လမ္းတုိင္း လမ္းတုိင္း၊ ေနရာတိုင္းမွာ က်ေနာ္တို႔က ဆႏၵျပေနျခင္းျဖစ္ပါတယ္။ က်ဳံးေလးခုလံုးကိုေတာ့ ဝင္လို႔မရေအာင္ လမ္းေတြပိတ္ထားတယ္။

ကိုရန္ႏုိင္။ ။ က်ဳံးကို ပတ္လို႔မရဘူးလား။

ေဒါက္တာေတဇာဆန္း။ ။ ဟုတ္ကဲ့၊ က်ဳံးကိုပတ္လို႔မရဘူး။ က်ဳံးေတြကေတာ့ ပိတ္ထားတယ္။

ကိုရန္ႏုိင္။ ။ အဲဒါဆို တျခားေနရာေတြမွာေတာ့ ဆႏၵျပတယ္။ က်ဳံးကိုပတ္လို႔မရဘူး။ အဲလိုလား။

ေဒါက္တာေတဇာဆန္း။ ။ ဟုတ္ပါတယ္။ က်ဳံးကိုပတ္လို႔သြားလို႔မရဘူး။ က်န္တဲ့အဓိကလမ္းမႀကီးေတြ အမ်ားႀကီးရွိပါတယ္။ မႏၱေလးမွာ ၈၄ လမ္းမႀကီး။ ၇၈ လမ္းမႀကီး၊ လမ္း ၈၀ လမ္းမႀကီး၊ ၆၂ လမ္းမႀကီး၊ လမ္းမႀကီးေတြ အမ်ားႀကီးရွိေသးတယ္ေလ။ လံုၿခံဳေရးကားေတြကေတာ့ အႏွ႔ံအျပားမွာရွိတယ္။ ရဲေတြလည္းရွိတယ္။ သို႔ေသာ္ လူထုအင္အားနဲ႔စာရင္ ရဲအင္အားက ဘာမွ…နည္းတယ္ေပါ့။ က်ေနာ္တို႔က လူထုက သိန္းနဲ႔ခ်ီၿပီးေတာ့ လမ္းမေပၚေရာက္ေနၾကပါတယ္။

ကိုရန္ႏိုင္။ ။ က်ေနာ္ ထင္လုိက္တာက က်ဳံးကိုပတ္လို႔ရတယ္ထင္တာ။ မေန႔က က်ဳံးကို ပတ္လို႔ရတယ္မို႔လား။

ေဒါက္တာေတဇာဆန္း။ ။ ဟုတ္တယ္။ မေန႔ကအထိ က်ံဳးကိုပတ္လို႔ရေသးတယ္။ အခုဟာကေတာ့ က်ဳံးရဲ႕အဓိက ၇၃ လမ္း က်ဳံးအ၀င္မွာ လံုၿခံဳေရးေတြ အတင္းအၾကပ္ ခ်ထားပါတယ္ခင္ဗ်။

ကိုရန္ႏိုင္။ ။ ျပည္သူေတြရဲ႕ပူးေပါင္းပါဝင္မႈကေရာ ဘယ္လိုရွိလဲ။

ေဒါက္တာေတဇာဆန္း။ ။ အား…။ အင္မတန္ေကာင္းပါတယ္ခင္ဗ်။ မႏၱေလးမွာ ျပည္သူလူထုအားလံုးက လမ္းေပၚဆိုင္ကယ္ေတြနဲ႔၊ ေနာက္ လမ္းေလွ်ာက္ၾကတယ္။ ေနာက္ အိမ္တုိင္း အိမ္တုိင္းက အိမ္ေပါက္တုိင္းမွာလည္း ေႂကြးေက်ာ္သံေတြ၊ လက္သံုးေခ်ာင္းေထာင္တဲ့အာဏာရွင္ဆန္႔က်င္တဲ့ သေကၤတေတြ၊ ေနာက္ က်ေနာ္တို႔ လမ္းေလွ်ာက္လာတဲ့ျပည္သူလူထုကို ေရဗူးကမ္းတာေတြ၊ စသျဖင့္ ေႂကြးေက်ာ္သံနဲ႔ လိုက္တိုင္တာေတြ တၿမိဳ႕လံုးပါပဲခင္ဗ်။ က်ေနာ္တို႔ လမ္းေလွ်ာက္ေနတာဆိုရင္ ၂ ရက္ရွိၿပီေပါ့။ ေနရာစံုလည္း ေရာက္ၿပီးၿပီ။ အဲဒီေတာ့ အျပည့္ေပါ့။ တၿမိဳ႕လံုးကို ဆႏၵျပတာပါ။ ျပည္သူလူထုအားလံုးက ဒီဆႏၵျပပြဲကို ပူးေပါင္းပါဝင္ေနၾကျခင္းျဖစ္ပါတယ္။

ကိုရန္ႏိုင္။ ။ ေနာက္ေန႔ေတြမွာေရာ ဘာအစီအစဥ္ေတြ ရွိပါလဲ။

ေဒါက္တာေတဇာဆန္း။ ။ က်ေနာ္တို႔အေနနဲ႔ကေတာ့ က်ေနာ္တို႔ေတာင္းဆိုထားတဲ့ ေႂကြးေက်ာ္သံေတြ၊ က်ေနာ္တို႔ရဲ႕ေတာင္းဆိုခ်က္ေတြရရွိဖို႔ ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္သြားမွာပါ။ ဒီေနရာမွာ က်ေနာ့္အေနနဲ႔ အဓိကေျပာခ်င္တာကက်ေနာ္တို႔အားလံုးသည္ လံုးဝ အၾကမ္းဖက္ျခင္းမရွိပါဘူး။ ၿငိမ္းခ်မ္းစြာ မိမိတို႔ရဲ႕ မူလရပိုင္ခြင့္ျဖစ္တဲ့ ၿငိမ္းခ်မ္းစြာစုေဝးခြင့္နဲ႔ ဆႏၵျပေနျခင္းသာျဖစ္ပါတယ္ခင္ဗ်ာ။ က်ေနာ္တို႔အားလံုးသည္ လံုးဝအၾကမ္းဖက္တာလည္းမဟုတ္ဘူး။ ၿငိမ္းခ်မ္းစြာ မိမိတို႔ရဲ႕လိုအင္ဆႏၵေတြကို ဒီမိုကေရစီအေရးအတြက္ အခုလို ဆႏၵျပ ေတာင္းဆိုေနျခင္းျဖစ္ပါတယ္ခင္ဗ်။

မႏၱေလးက ဒီေန႔ဆႏၵျပပြဲအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ေဒါက္တာေတဇာဆန္းကို ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးလူထုဆန္ဒပြပွဲခေါင်းဆောင်တဦးဖြစ်သူနဲ့ VOA ဆက်သွယ်မေးမြန်းမှု

မန္တလေးမြို့မှာ လုပ်တဲ့ စစ်တပ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို မြို့ခံလူထု သိန်းဂဏန်းနဲ့ချီ ဆက်ပြီး ဆန္ဒပြခဲ့ကြပြီးတော့ စုဝေးခဲ့ကြပြီးတော့ ဆန္ဒပြပွဲတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။ အာဏာပိုင်တွေဘက်က တချို့လမ်းတွေကို ပိတ်ဆို့တားဆီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မန္တလေးလူထုဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်။ ။ ကိုတေဇာဆန်းရေ။ မန္တလေးဘက်က ဆန္ဒပြပွဲအခြေအနေ ဘယ်လိုရှိလဲ။

ဒေါက်တာတေဇာဆန်း။ ။ မန္တလေးကတော့ မနေ့ကစပြီးတော့ ဆန္ဒပြတာကတော့ တမြို့လုံးပါပဲ။ တမြို့လုံးကို လမ်းလျှောက်တယ်၊ ဆိုင်ကယ်တွေနဲ့သွားတယ်။ ကားတွေနဲ့သွားတယ်။ တမြို့လုံး ဆန္ဒပြတယ်လို့ ပြောလို့ရပါတယ်။ တမြို့လုံးပေါင်းမယ်ဆိုရင် သိန်းနဲ့ချီပြီး ဆန္ဒပြနေကြပါတယ်။ အခုအချိန်အထိ လမ်းလျှောက်တဲ့အဖွဲ့တွေ အင်အား သောင်းနဲ့ချီပြီးရှိတယ်။ ဆိုင်ကယ်သမားတွေဆိုနည်းတာမဟုတ်ဘူး။ တမြို့လုံးကြီးကို ပြည့်နေပါပြီ။ မြို့သူမြို့သားအားလုံးက ဆန္ဒပြနေပါတယ်။ အစုံပဲ။ တောင်သူလယ်သမားတွေလည်း ပါတယ်။ အလုပ်သမားတွေက ဦးဆောင်တာလည်းပါတယ်။ ကျောင်းသားတွေ ဦးဆောင်တာလည်းပါတယ်။ လက်ရှိကျောင်းသားတွေ ဦးဆောင်တာလည်းပါတယ်။ ကျောင်းသားဟောင်းတွေရော၊ လက်ရှိကျောင်းသားတွေရော။ အရပ်ဘက်အဖွဲ့အစည်းတွေ ဦးဆောင်တာလည်းပါတယ်။ နောက် ပါတီဝင်တွေလည်းပဲ အများကြီး ပါပါတယ်။ အခုကတော့ လူထုလူတန်းစားပေါင်းစုံ- လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ဆန္ဒပြကြတာဖြစ်ပါတယ်။ မည်သူ တဦးတယောက်ကဦးဆောင်တယ်ဆိုတာထက် နိုင်ငံသူနိုင်ငံသားအားလုံး၊ မြို့သူမြို့သားအားလုံးက ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ …ဆိုတော့ အခုလို တမြို့လုံးထွက်ပြီး ဆန္ဒပြကြတာဆိုတော့ အဓိကတောင်းဆိုချက်တွေကိုလည်း ပြောပြပါအုံးဗျ။

ဒေါက်တာတေဇာဆန်း။ ။ နံပါတ် (၁) ကတော့ ကျနော်တို့ ပြည်သူအားလုံးက ဒီမိုကရေစီကိုပဲ လိုလားပါတယ်ခင်ဗျာ။ ဘယ်အာဏာရှင်စနစ်ကိုမှ မလိုလားဘူး။ အခုလို အာဏာသိမ်းတဲ့လုပ်ရပ်ကို လုံးဝ လုံးဝ လက်မခံဘူး။ ဒီမိုကရေစီရရှိရေးက နံပါတ် (၁) ဖြစ်ပါတယ်။

နံပါတ် (၂) ကတော့ အာဏာရှင်စနစ်ကို အလိုမရှိဘူး။ အာဏာရှင်စနစ်ကို အလုံးစုံအလိုမရှိပါဘူး.

နံပါတ် (၃) ကတော့ အခု မတရား အဓမ္မဖမ်းဆီးခံထားရတဲ့ ကျနော်တို့ခေါင်းဆောင်တွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး။ နောက်ဆုံးကတော့ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရရှိရေးဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒီလွှတ်တော် ကိုယ်စားလှယ်တွေသာလျှင် ကျနော်တို့ရဲ့တရားဝင်ရွေးကောက်ခံ၊ ကျနော်တို့ကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပါပဲခင်ဗျ။

ကိုရန်နိုင်။ ။ ဒီနေ့ဆန္ဒပြပွဲတွေမှာ အာဏာပိုင်တွေဘက်က တစုံတရာအရေးယူတာတွေ၊ ဖမ်းဆီးတာတွေရှိလား။

ဒေါက်တာတေဇာဆန်း။ ။ လုံခြုံရေးကတော့ တမြို့လုံးကို ရဲကားတွေ ချထားပါတယ်။ အခုအချိန်အထိ ပြည်သူနဲ့ထိပ်တိုက်တွေ့တာမျိုး၊ ကျနော်တို့ကိုတားဆီးတာမျိုးတော့ အခုအချိန်အထိ မလုပ်သေးဘူး။ လုပ်မယ်ဆိုရင်လည်း တမြို့လုံးဆန္ဒပြနေတာ။ မန္တလေးက ဆိုင်ကယ်မြို့ဆိုတော့ တမြို့လုံးဆန္ဒပြတာဆိုတော့ သူတို့အနေနဲ့ဘယ်လိုမှ တားလို့ရမှာတောင်မဟုတ်ဘူး။ တမြို့လုံးကို လမ်းတိုင်း လမ်းတိုင်း၊ နေရာတိုင်းမှာ ကျနော်တို့က ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ ကျုံးလေးခုလုံးကိုတော့ ဝင်လို့မရအောင် လမ်းတွေပိတ်ထားတယ်။

ကိုရန်နိုင်။ ။ ကျုံးကို ပတ်လို့မရဘူးလား။

ဒေါက်တာတေဇာဆန်း။ ။ ဟုတ်ကဲ့၊ ကျုံးကိုပတ်လို့မရဘူး။ ကျုံးတွေကတော့ ပိတ်ထားတယ်။

ကိုရန်နိုင်။ ။ အဲဒါဆို တခြားနေရာတွေမှာတော့ ဆန္ဒပြတယ်။ ကျုံးကိုပတ်လို့မရဘူး။ အဲလိုလား။

ဒေါက်တာတေဇာဆန်း။ ။ ဟုတ်ပါတယ်။ ကျုံးကိုပတ်လို့သွားလို့မရဘူး။ ကျန်တဲ့အဓိကလမ်းမကြီးတွေ အများကြီးရှိပါတယ်။ မန္တလေးမှာ ၈၄ လမ်းမကြီး။ ၇၈ လမ်းမကြီး၊ လမ်း ၈၀ လမ်းမကြီး၊ ၆၂ လမ်းမကြီး၊ လမ်းမကြီးတွေ အများကြီးရှိသေးတယ်လေ။ လုံခြုံရေးကားတွေကတော့ အနှံ့အပြားမှာရှိတယ်။ ရဲတွေလည်းရှိတယ်။ သို့သော် လူထုအင်အားနဲ့စာရင် ရဲအင်အားက ဘာမှ…နည်းတယ်ပေါ့။ ကျနော်တို့က လူထုက သိန်းနဲ့ချီပြီးတော့ လမ်းမပေါ်ရောက်နေကြပါတယ်။

ကိုရန်နိုင်။ ။ ကျနော် ထင်လိုက်တာက ကျုံးကိုပတ်လို့ရတယ်ထင်တာ။ မနေ့က ကျုံးကို ပတ်လို့ရတယ်မို့လား။

ဒေါက်တာတေဇာဆန်း။ ။ ဟုတ်တယ်။ မနေ့ကအထိ ကျုံးကိုပတ်လို့ရသေးတယ်။ အခုဟာကတော့ ကျုံးရဲ့အဓိက ၇၃ လမ်း ကျုံးအဝင်မှာ လုံခြုံရေးတွေ အတင်းအကြပ် ချထားပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကရော ဘယ်လိုရှိလဲ။

ဒေါက်တာတေဇာဆန်း။ ။ အား…။ အင်မတန်ကောင်းပါတယ်ခင်ဗျ။ မန္တလေးမှာ ပြည်သူလူထုအားလုံးက လမ်းပေါ်ဆိုင်ကယ်တွေနဲ့၊ နောက် လမ်းလျှောက်ကြတယ်။ နောက် အိမ်တိုင်း အိမ်တိုင်းက အိမ်ပေါက်တိုင်းမှာလည်း ကြွေးကျော်သံတွေ၊ လက်သုံးချောင်းထောင်တဲ့အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတတွေ၊ နောက် ကျနော်တို့ လမ်းလျှောက်လာတဲ့ပြည်သူလူထုကို ရေဗူးကမ်းတာတွေ၊ စသဖြင့် ကြွေးကျော်သံနဲ့ လိုက်တိုင်တာတွေ တမြို့လုံးပါပဲခင်ဗျ။ ကျနော်တို့ လမ်းလျှောက်နေတာဆိုရင် ၂ ရက်ရှိပြီပေါ့။ နေရာစုံလည်း ရောက်ပြီးပြီ။ အဲဒီတော့ အပြည့်ပေါ့။ တမြို့လုံးကို ဆန္ဒပြတာပါ။ ပြည်သူလူထုအားလုံးက ဒီဆန္ဒပြပွဲကို ပူးပေါင်းပါဝင်နေကြခြင်းဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ နောက်နေ့တွေမှာရော ဘာအစီအစဉ်တွေ ရှိပါလဲ။

ဒေါက်တာတေဇာဆန်း။ ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့တောင်းဆိုထားတဲ့ ကြွေးကျော်သံတွေ၊ ကျနော်တို့ရဲ့တောင်းဆိုချက်တွေရရှိဖို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒီနေရာမှာ ကျနော့်အနေနဲ့ အဓိကပြောချင်တာကကျနော်တို့အားလုံးသည် လုံးဝ အကြမ်းဖက်ခြင်းမရှိပါဘူး။ ငြိမ်းချမ်းစွာ မိမိတို့ရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ဆန္ဒပြနေခြင်းသာဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့အားလုံးသည် လုံးဝအကြမ်းဖက်တာလည်းမဟုတ်ဘူး။ ငြိမ်းချမ်းစွာ မိမိတို့ရဲ့လိုအင်ဆန္ဒတွေကို ဒီမိုကရေစီအရေးအတွက် အခုလို ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်ပါတယ်ခင်ဗျ။

မန္တလေးက ဒီနေ့ဆန္ဒပြပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာတေဇာဆန်းကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG