သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္မႈ ရန္ကုန္ၿမိဳ႕ခံသိန္းနဲ႔ခ်ီ စုေဝး


ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ အရပ္သားအစုိးရဆီကေန အုပ္ခ်ဳပ္ေရးအာဏာကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိမ္းယူအုပ္ခ်ဳပ္ေနတာကို မေက်နပ္တဲ့ ကန္႔ကြက္ဆႏၵျပပြဲေတြ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေပၚေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ဒုတိယေန႔အျဖစ္ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပပဲြေတြမွာ ဆႏၵျပသူ သိန္းဂဏန္းေလာက္အထိ ႐ွိခဲ့ပါတယ္။

ဆႏၵျပတဲ့သူေတြဟာ လွည္းတန္းမီးပြိဳင့္လမ္းဆုံမွာ ဒီေန႔မနက္ အေစာပိုင္းမွာ စုေ၀းခဲ့ၾကၿပီး စစ္အာဏာရွင္စနစ္က်ဆုံးေရး၊ ဒီမုိကေရစီရရွိေရး၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္အပါအ၀င္ ဖမ္းဆီးထားတဲ့သူေတြ အျမန္ဆုံးလႊတ္ေပးေရး စတဲ့အခ်က္ေတြကို ေႂကြးေၾကာ္ခ်ီတက္ခဲ့ၾကပါတယ္။ လွည္းတန္းကေန စတင္ဆႏၵျပသူေတြအျပင္ ရန္ကုန္ၿမိဳ႕တျခားေနရာေတြကေန စုေဝးခ်ီတက္ၾကတဲ့ ဆႏၵျပအဖဲ႔ြေတြဟာ ၿမိဳ႕လယ္ ဆူးေလအဝိုင္းမွာ သြားၿပီး စုခဲ့ၾကပါတယ္။ ပါဝင္ဆႏၵျပၾကသူလူငယ္ေတြက စစ္အာဏာ႐ွင္စနစ္ကို ေနာင္မ်ဳိးဆက္ေတြ မႀကံဳရေအာင္ ခုလို လမ္းေပၚထြက္ ဆႏၵျပရတာျဖစ္တယ္လို႔ ခုလို ေျပာၾကပါတယ္။

"၈၈ တုန္းကလို မျဖစ္ေတာ့ေအာင္ က်မတို႔ေခတ္မွာ အခု ၂၀၂၁ မွာ စစ္အာဏာရွင္ကို အၿပီးတိုင္ ေတာ္လွန္မယ္လို႔ ခံယူခ်က္နဲ႔ လာတာပါရွင့္။"

"က်ေနာ္တို႔ကေတာ့ ဆံုးျဖတ္ၿပီးသြားၿပီ။ က်ေနာ္တို႔ မ်ိဳးဆက္မွာ က်ေနာ္တို႔ဒီဟာေတြ ၾကံဳလာခဲ့ရတဲ့အတြက္ က်ေနာ္တို႔ မ်ိဳးဆက္ေတြကေတာ့ အေသခံၿပီးေတာ့ တိုက္ပြဲဝင္သြားမယ္။ အဲ့ဒီအတြက္ က်ေနာ္တို႔မ်ိဳးဆက္ေတြ အေသခံၿပီး တိုက္ပဲြဝင္ၿပီး ဒီအာဏာရွင္စနစ္ကို ဖ်က္သိမ္းမွ က်ေနာ္တို႔မ်ိဳးဆက္ေတြက ဒီမိုကေရစီစနစ္ကို ရၿပီးေတာ့မွ က်ေနာ္တို႔ ပိုၿပီးေတာ့မွ က်ေနာ္တို႔ေနာင္မ်ိဳးဆက္ေတြ ေကာင္းစားေရးအတြက္ က်ေနာ္တို႔ လုပ္ရမွာ ျဖစ္ပါတယ္။"

ဒီေန႔ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြမွာ အသက္အရြယ္မ်ိဳးစုံ၊ လူတန္းစား အလႊာေပါင္းစုံက ေက်ာင္းသားလူငယ္ေတြနဲ႔ အဖဲြ႔စည္းအသီးသီးပါ၀င္ခဲ့သလို၊ ဆႏၵျပရာလမ္းတေလွ်ာက္မွာလည္း တခ်ိဳ႕ျပည္သူေတြက ေရဗူးေတြ၊ အေအးေတြ နဲ႔ အစားအေသာက္ေတြ ေပးေဝတာေတြ အမႈိက္ေကာက္ေပးတာေတြလည္း ရွိခဲ့ပါတယ္။ ဒါ့အျပင္ က်န္းမာေရးအရ အကူအညီလိုအပ္တဲ့သူေတြကိုေပးဖို႔အတြက္လည္း က်န္းမာေရး၀န္ထမ္းတခ်ိဳ႕နဲ႔ လူနာတင္ယာဥ္တခ်ိဳ႕လည္း ကူညီဖို႔ အသင့္ေစာင့္ေပးခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕က ခ်ီတက္ဆႏၵျပၾကတဲ့ တခ်ဳိ႕ေနရာေတြမွာ ရဲလုံၿခဳံေရးေတြက တားဆီးၿပီး လမ္းပိတ္တာေတြရွိခဲ့ေပမဲ့ ဆႏၵျပတဲ့သူေတြက အဲဒီေနရာေတြကို ေရွာင္ၿပီး တျခားလမ္းေတြက ပတ္ၿပီးသြားခဲ့တဲ့အတြက္ ထိပ္တိုက္ရင္ဆိုင္မႈမ်ဳိး မျဖစ္ဘဲ ဆႏၵျပပြဲေတြ ျငိမ္းၿငိမ္းခ်မ္းခ်မ္းပဲရွိခဲ့ပါတယ္။ ဆူးေလ ၿမိဳ႕ေတာ္ခန္းမေရွ႕ တည့္တည့္မွာေတာ့ ရဲလုံၿခဳံေရးေတြ ေနရာယူၿပီး ပိတ္ထားတာကိုေတြ႔ရပါတယ္။

ခုလို ရန္ကုန္အျပင္၊ ပဲခူး၊ မႏၱေလး၊ မံု႐ြာ၊ မေကြး၊ ေတာင္ႀကီး၊ ေပါင္းတည္၊ ဇီကုန္း၊ ပုသိမ္၊ ေျမာင္းျမ စတဲ့ ၿမိဳ႕ႀကီးေတြအပါအဝင္ ႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာလည္း စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္ၿပီး လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ မႏၱေလးမွာဆိုရင္ ေထာင္နဲ႔ခ်ီတဲ့ ဆိုင္ကယ္စီး ဆႏၵျပသူေတြ ၿမိဳ႕ထဲလွည့္လည္ ေတာင္းဆိုဆႏၵျပၾကပါတယ္။ မနက္ျဖန္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က်ရင္ ျမန္မာတႏိုင္ငံလံုးက ျပည္သူေတြ၊ ဝန္ထမ္းေတြအားလံုးတဲ့ အေထြေထြသပိတ္ဆင္ႏြဲၾကဖုိ႔ ဆႏၵျပပြဲစီစဥ္သူေတြက ေဆာ္ၾသတိုက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းဆန့်ကျင်မှု ရန်ကုန်မြို့ခံသိန်းနဲ့ချီ စုဝေး

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိမ်းယူအုပ်ချုပ်နေတာကို မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ မြို့တော်တော်များများမှာ ဖြစ်ပေါ်နေပါတယ်။ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ သိန်းဂဏန်းလောက်အထိ ရှိခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်းမီးပွိုင့်လမ်းဆုံမှာ ဒီနေ့မနက် အစောပိုင်းမှာ စုဝေးခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားတဲ့သူတွေ အမြန်ဆုံးလွှတ်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။ လှည်းတန်းကနေ စတင်ဆန္ဒပြသူတွေအပြင် ရန်ကုန်မြို့တခြားနေရာတွေကနေ စုဝေးချီတက်ကြတဲ့ ဆန္ဒပြအဖဲ့ွတွေဟာ မြို့လယ် ဆူးလေအဝိုင်းမှာ သွားပြီး စုခဲ့ကြပါတယ်။ ပါဝင်ဆန္ဒပြကြသူလူငယ်တွေက စစ်အာဏာရှင်စနစ်ကို နောင်မျိုးဆက်တွေ မကြုံရအောင် ခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာဖြစ်တယ်လို့ ခုလို ပြောကြပါတယ်။

"၈၈ တုန်းကလို မဖြစ်တော့အောင် ကျမတို့ခေတ်မှာ အခု ၂၀၂၁ မှာ စစ်အာဏာရှင်ကို အပြီးတိုင် တော်လှန်မယ်လို့ ခံယူချက်နဲ့ လာတာပါရှင့်။"

"ကျနော်တို့ကတော့ ဆုံးဖြတ်ပြီးသွားပြီ။ ကျနော်တို့ မျိုးဆက်မှာ ကျနော်တို့ဒီဟာတွေ ကြုံလာခဲ့ရတဲ့အတွက် ကျနော်တို့ မျိုးဆက်တွေကတော့ အသေခံပြီးတော့ တိုက်ပွဲဝင်သွားမယ်။ အဲ့ဒီအတွက် ကျနော်တို့မျိုးဆက်တွေ အသေခံပြီး တိုက်ပွဲဝင်ပြီး ဒီအာဏာရှင်စနစ်ကို ဖျက်သိမ်းမှ ကျနော်တို့မျိုးဆက်တွေက ဒီမိုကရေစီစနစ်ကို ရပြီးတော့မှ ကျနော်တို့ ပိုပြီးတော့မှ ကျနော်တို့နောင်မျိုးဆက်တွေ ကောင်းစားရေးအတွက် ကျနော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။"

ဒီနေ့ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ အသက်အရွယ်မျိုးစုံ၊ လူတန်းစား အလွှာပေါင်းစုံက ကျောင်းသားလူငယ်တွေနဲ့ အဖွဲ့စည်းအသီးသီးပါဝင်ခဲ့သလို၊ ဆန္ဒပြရာလမ်းတလျှောက်မှာလည်း တချို့ပြည်သူတွေက ရေဗူးတွေ၊ အအေးတွေ နဲ့ အစားအသောက်တွေ ပေးဝေတာတွေ အမှိုက်ကောက်ပေးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအရ အကူအညီလိုအပ်တဲ့သူတွေကိုပေးဖို့အတွက်လည်း ကျန်းမာရေးဝန်ထမ်းတချို့နဲ့ လူနာတင်ယာဉ်တချို့လည်း ကူညီဖို့ အသင့်စောင့်ပေးခဲ့ကြပါတယ်။

ရန်ကုန်မြို့က ချီတက်ဆန္ဒပြကြတဲ့ တချို့နေရာတွေမှာ ရဲလုံခြုံရေးတွေက တားဆီးပြီး လမ်းပိတ်တာတွေရှိခဲ့ပေမဲ့ ဆန္ဒပြတဲ့သူတွေက အဲဒီနေရာတွေကို ရှောင်ပြီး တခြားလမ်းတွေက ပတ်ပြီးသွားခဲ့တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်ဘဲ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းပဲရှိခဲ့ပါတယ်။ ဆူးလေ မြို့တော်ခန်းမရှေ့ တည့်တည့်မှာတော့ ရဲလုံခြုံရေးတွေ နေရာယူပြီး ပိတ်ထားတာကိုတွေ့ရပါတယ်။

ခုလို ရန်ကုန်အပြင်၊ ပဲခူး၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်ကြီး၊ ပေါင်းတည်၊ ဇီကုန်း၊ ပုသိမ်၊ မြောင်းမြ စတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့က မြို့တွေမှာလည်း စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမှာဆိုရင် ထောင်နဲ့ချီတဲ့ ဆိုင်ကယ်စီး ဆန္ဒပြသူတွေ မြို့ထဲလှည့်လည် တောင်းဆိုဆန္ဒပြကြပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် မြန်မာတနိုင်ငံလုံးက ပြည်သူတွေ၊ ဝန်ထမ်းတွေအားလုံးတဲ့ အထွေထွေသပိတ်ဆင်နွဲကြဖို့ ဆန္ဒပြပွဲစီစဉ်သူတွေက ဆော်သြတိုက်တွန်းထားကြပါတယ်။

XS
SM
MD
LG