သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းများ အလုပ်မဆင်းသပိတ်မှောက်ဖို့ ၈၈ ငြိမ်း/ပွင့် တိုက်တွန်း


စစ်အာဏာဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ရန်ကုန်မြို့က လူထု။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
စစ်အာဏာဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ရန်ကုန်မြို့က လူထု။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်၊ တနင်္လာနေ့ကစပြီး ဌာနစုံမှ ဝန်ထမ်း အားလုံး အလုပ်မဆင်းဘဲ သပိတ်မှောက်ပေးကြဖို့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်အဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဌာနပေါင်းစုံက ဝန်ထမ်းတွေ ဆန့်ကျင်အာခံမှုတွေ လုပ်နေတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဆန့်ကျင်အာခံတာဟာ အာဏာသိမ်းထားသူတွေကို ကောင်ကောင်းထိုးနှက်နိုင်တယ်ဆိုတာ ထင်ရှားတာကြောင့် မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက် တနင်္လာနေ့ကစပြီး ဌာနစုံကဝန်ထမ်းအားလုံး အလုပ်မဆင်းဘဲ သပိတ်မှောက်ပေးကြဖို့ ပန်ကြားတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




XS
SM
MD
LG