သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုဆႏၵျပမႈ အေမရိကန္သံအမတ္ႀကီးအားေပးေထာက္ခံ


ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Thomas Vajda။ (ႏိုဝင္ဘာ ၂၀၊ ၂၀၁၇)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းလမ္းက် ေ႐ြးေကာက္တင္ေျမာက္ခံထားရတဲ့ အစိုးရကို ေထာက္ခံေၾကာင္းနဲ႔ သတင္းအခ်က္အလက္ေတြ လြတ္လပ္စြာရ႐ွိႏိုင္ဖုိ႔ ေတာင္းဆိုတဲ့ ျမန္မာျပည္သူေတြရဲ႕ ဆႏၵျပမႈကို အေမရိကန္က အားေပးေထာက္ခံတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Thomas Vajda ကေျပာၾကားပါတယ္။ စစ္တပ္အေနနဲ႔ အာဏာသိမ္းယူထားတာကို စြန္႔လႊတ္ဖုိ႔ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရလက္ အာဏာျပန္ေပးဖုိ႔၊ ဖမ္းဆီးထားသူေတြအားလံုးကို ျပန္လႊတ္ေပးဖို႔၊ သတင္းနဲ႔ဆက္သြယ္ေရး ကန္႔သတ္ခ်က္အားလံုးကို ဖယ္႐ွားေပးဖုိ႔နဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြ မလုပ္ဖုိ႔ အေမရိကန္ျပည္ေထာင္စုက ထပ္မံေတာင္းဆိုတဲ့အေၾကာင္း သံအမတ္ႀကီး Vajda ရဲ႕ ထုတ္ျပန္ခ်က္ကို အေမရိကန္သံ႐ံုးရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူၿပီး ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အရပ္သားအစုိးရေခါင္းေဆာင္ေတြကို ဖမ္းဆီးထားတာကို ကန္႔ကြက္တဲ့အေနနဲ႔ ႏိုင္ငံတကာမွာလည္း ဆႏၵျပပြဲေတြ ျပဳလုပ္ေနၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ ဝါ႐ွင္တန္ၿမိဳ႕ေတာ္ ျမန္မာသံ႐ံုးေ႐ွ႕၊ ေျမာက္ Carolina ျပည္နယ္၊ Charlotte ၿမိဳ႕ေတာ္ ၿမိဳ႕ေတာ္ခန္းမေ႐ွ႕၊ Indiana ျပည္နယ္၊ Indianapolis ၿမိဳ႕ေတာ္က World War Memorial Plaza အထိမ္းအမွတ္ေနရာ၊ Texas ျပည္နယ္ Austin ၿမိဳ႕ ျပည္နယ္လႊတ္ေတာ္အေဆာက္အဦးေရွ႕၊ San Francisco ၿမိဳ႕က ကုလသမဂၢ UN Plaza ေရွ႕ စတဲ့ ေနရာစံုမွာ စေနေန႔က ဆႏၵျပပြဲေတြ ႐ွိခဲ့ပါတယ္။

တျခားႏိုင္ငံေတြမွာ ေရာက္ေနၾကတဲ့ ျမန္မာေတြကလည္း ျမန္မာျပည္သူေတြနဲ႔ တသားထဲျဖစ္တယ္ဆုိတာ ျပသတဲ့အေနနဲ႔ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ ည ၈ နာရီအခ်ိန္မွာ သံပံုးေတြ တီးေနၾကပါတယ္။ ၿဗိတိန္ႏိုင္ငံက ျမန္မာလူမ်ဳိးေတြ စေနေန႔တုန္း Online ေပၚမွာ စုၿပီး သံပံုးတီး ဆႏၵျပပြဲမွာ ၃၀၀ နီးပါးေလာက္ ပါဝင္ခဲ့ၾကပါတယ္။ တျခားႏိုင္ငံေတြမွာ ေရာက္ေနၾကတဲ့ ျမန္မာေတြကလည္း သူတို႔ေရာက္ရာ ႏိုင္ငံေတြက အစိုးရေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးစနစ္ အဆံုးသတ္ေအာင္ ကူညီေဆာင္႐ြက္ေပးၾကေအာင္ ဆႏၵျပဳလႊာေတြ၊ စာေတြ ေပးပို႔ ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလူထုဆန္ဒပြမှု အမေရိကန်သံအမတ်ကြီးအားပေးထောက်ခံ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရကို ထောက်ခံကြောင်းနဲ့ သတင်းအချက်အလက်တွေ လွတ်လပ်စွာရရှိနိုင်ဖို့ တောင်းဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုကို အမေရိကန်က အားပေးထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda ကပြောကြားပါတယ်။ စစ်တပ်အနေနဲ့ အာဏာသိမ်းယူထားတာကို စွန့်လွှတ်ဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက် အာဏာပြန်ပေးဖို့၊ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ သတင်းနဲ့ဆက်သွယ်ရေး ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ထပ်မံတောင်းဆိုတဲ့အကြောင်း သံအမတ်ကြီး Vajda ရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတကာမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဝါရှင်တန်မြို့တော် မြန်မာသံရုံးရှေ့၊ မြောက် Carolina ပြည်နယ်၊ Charlotte မြို့တော် မြို့တော်ခန်းမရှေ့၊ Indiana ပြည်နယ်၊ Indianapolis မြို့တော်က World War Memorial Plaza အထိမ်းအမှတ်နေရာ၊ Texas ပြည်နယ် Austin မြို့ ပြည်နယ်လွှတ်တော်အဆောက်အဦးရှေ့၊ San Francisco မြို့က ကုလသမဂ္ဂ UN Plaza ရှေ့ စတဲ့ နေရာစုံမှာ စနေနေ့က ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာတွေကလည်း မြန်မာပြည်သူတွေနဲ့ တသားထဲဖြစ်တယ်ဆိုတာ ပြသတဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ည ၈ နာရီအချိန်မှာ သံပုံးတွေ တီးနေကြပါတယ်။ ဗြိတိန်နိုင်ငံက မြန်မာလူမျိုးတွေ စနေနေ့တုန်း Online ပေါ်မှာ စုပြီး သံပုံးတီး ဆန္ဒပြပွဲမှာ ၃၀၀ နီးပါးလောက် ပါဝင်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာတွေကလည်း သူတို့ရောက်ရာ နိုင်ငံတွေက အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်အောင် ကူညီဆောင်ရွက်ပေးကြအောင် ဆန္ဒပြုလွှာတွေ၊ စာတွေ ပေးပို့ တောင်းဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG