သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီဆန္ဒပြမှု ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရ


စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ မြဝတီမြို့က ပြည်သူများ။ (ဖေဖော်ဝါရီ ၇၊ ၂၀၂၁)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ မြဝတီမြို့က ပြည်သူများ။ (ဖေဖော်ဝါရီ ၇၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့မှာတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတာကြောင့် ဒေသခံတချို့ ရာဘာကျည်ထိမှန်ခဲ့ပြီး ဆန္ဒပြသူတွေ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ် မြဝတီမှာ မြို့ခံလူထုတွေက ဆန္ဒထုတ်ဖော်ကြတာပါ။ ဆန္ဒထုတ်ဖော်နေတုန်း ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကိုဖမ်းဆီးခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပြီး သေနတ်တွေနဲ့ ပစ်ခတ်မှုတွေပါ ဖြစ်ခဲ့ကြောင်း မြဝတီမြို့ခံတဦးကပြောပြပါတယ်။

"သူတို့က အရင်ဆွဲဖမ်းကြတယ်လေ။ ဆွဲဖမ်းတော့ ပြည်သူတွေက လိုက်ဆွဲတာပေါ့။ ဆွဲမရတော့ ရေဗူးတွေ၊ ဖိနပ်တွေ၊ ခဲလုံးတွေနဲ့ပေါက်တော့မှာ သူတို့က သေနတ်နဲ့ ပစ်တာ။ လူတွေက အဲဒီလူတွေကို ပြန်လွှတ်ခိုင်းတယ်။ သံပုံးတီးတာတွေ ကားဟွန်းတီးတာတွေ အဲဒီလူတွေ ဖမ်းထားတာကိုလည်း ပြန်လွှတ်ခိုင်းနေတယ်။"

သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြမှုမှာပါဝင်သူ တချို့ ရာဘာကျည်ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မနက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပြီး နောက် ညနေပိုင်းမှာတော့ လူတွေက ပိုထွက်လာကြပြီး ဆန္ဒပြမှုတွေက အရှိန်မြင့်လာတယ်လို့လည်း ဆက်ပြောပြပါတယ်။

"ရဲတွေက ပထမ ကာထားတယ်၊ ပေးမသွားဘူး အခုတော့ကာ မထားတော့ဘူး ပေးသွားလိုက်တယ်။ လူတွေကတော့ အခုဆို အများကြီးပဲ မနက်က ထက်ပိုများတယ်။ ကားတွေကော အားကြီးပဲ မနက်ကထက်လူက ၃ဆလောက် ပိုများတယ်။"

မနက်ပိုင်းမှာတော့ ဆန္ဒပြတဲ့အင်အားက ၂၀၀ လောက်ပဲရှိပြီး တဘက်ကလည်း ပြည်ခိုင်းဖြိုးပါတီဝင်တွေက တပ်မတော်ထောက်ခံပွဲ အတွက်လူစုနေကြတယ်လို့လည်း ဆိုပါတယ်။ မြဝတီမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲဝင်တွေကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်မှာတော့ တပ်မတော်ထောက်ခံပွဲလုပ်မယ့်သူတွေ ချီတက်လမ်းလျှောက်တာမျိုး မတွေ့ရတော့ဘူးလို့လည်း မြို့ခံတွေကဆိုပါတယ် ။

ညနေပိုင်းမှာတော့ တမြို့လုံးက လူအတော်များများ ထွက်လာပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

မွဝတီဆန်ဒပွမှု ရာဘာကညြျနဲ့ ပဈခတျလူစုခှဲခဲ့ရ








XS
SM
MD
LG