သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြ ေကာလာဟလေတြ မယုံၾကဖုိ႔ တက္ႂကြလႈပ္ရွားသူေတြ သတိေပး


(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ျပီဆိုတဲ့ ေကာလာဟလ ေၾကာင့္ ျမန္မာျပည္သူေတြေ ပ်ာ္ရြင္ေနၾကေပမယ့္ ဒါဟာ သတင္းအတုသာျဖစ္ျပီး စိတ္ဓါတ္စစ္ဆင္ေရး လုပ္တာလို ့ယူဆေနၾကတဲ့အေၾကာင္း ထိုင္း အေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းျပီး ၆ ရက္ေျမာက္ေန ့ျဖစ္တဲ့ စေနေန႔မွာ လူထုေတြ ကန့္ကြက္ဆႏၵျပမူေတြ က်ယ္က်ယ္ျပန္႔့ျပန္ ့ျဖစ္လာခဲ့ျပီး ေနာက္ ညဘက္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္လာျပီဆိုျပီး အတည္ျပဳမရတဲ့ ေကာလာဟလ ထြက္ေပၚလာတာပါ။

မႏၱေလးျမိဳခံ ၈၈မ်ိဳးဆက္ေက်ာင္းသား တဦးကေတာ့ အခုလို သံုးသပ္ေျပာဆုိခဲ့ပါတယ္။
“ မနက္ဖန္ အတြက္ေ၀၀ါးသြားေအာင္ လုပ္တယ္လို ့ ထင္တယ္။ က်ေနာ္တို႔ ရည္မွန္းခ်က္ ေပ်ာက္ေအာင္ လုပ္တယ္ထင္တယ္။ မနက္ျဖန္ မွာ လူေတြက တအိမ္တေယာက္ ထြက္မယ္လို့ လုပ္္ထားတယ္။ ဒါကို အင္အားခ်ိနဲ ့သြားေအာင္ လုပ္တယ္လို ့ထင္တယ္။ တအိမ္တေယာက္ ထြက္မယ္ဆိုေတာ့ တဖက္ကလည္း အေကာင္းဘက္က ေျပာရင္ေတာ့ လူထုေတြက လမ္းေပၚထြက္ရဲ သြားတာေပါ့” လို႔ ့ဆိုပါတယ္။

ရန္ကုန္ျမိဳ႔ခံ ၈၈မ်ိဳးဆက္ေက်ာင္းသူ တဦးျဖစ္တဲ့ မျမျဖဴျပာကေတာ့အခုလိုေျပာျပပါတယ္။

“က်မတုိ့ထင္တာက ဒီလုိမ်ိဳး ဘယ္လိုမွ မျဖစ္ႏုိင္ဘူးထင္တယ္။ သူတို ့ကအျမဲတမ္းပဲ လူထုကို ေ၀ေ၀၀ါး၀ါးျဖစ္ေအာင္ ္ဆုိက္၀ါးလုပ္တာလို့ ထင္တယ္။ ေဒၚစု လြတ္ခဲ့ရင္ေတာင္မွ က်မတို့က စစ္အာဏာရွင္ လက္ေအာက္ကုိ ေရာက္ေနတဲ့အတြက္ မေပ်ာ္ႏိုင္ဘူး။ က်မတုိ့က ဆက္ျပီး လုပ္ရမွာပဲ” လို ့ေျပာသြားတာပါ။

စေနေန ့ည ဘက္မွာ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္တယ္ဆုိတဲ့ ေကာလာဟလ ေၾကာင့္ လူထုေတြကေတာ့ ေပ်ာ္ရႊင္ေနၾကတယ္ ဆိုျပီး အခုလို ဆက္ေျပာပါတယ္။

"အိမ္တိုင္းအိမ္တိုင္းက လက္ခုပ္ေတြ တီးၾကတယ္။ အဲဒီေနာက္ ည ၁၀ နာရီထုိးခါနီး အခ်ိန္မွာေပါ့ ေဗ်ာက္အိုးေတြေဖာက္ျပီး မီးရွူးမီးပန္းေတြနဲ ့ အေမစု က်န္းမာပါေစေပါ့။ အားလံုးက ေအာင္ပဲြေတြခံျပီး အကုန္လံုးကေပ်ာ္ေနၾကတယ္။ "

ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္လာတယ္ ဆိုတဲ့ သတင္းနဲ့ ပတ္သက္လို ့အမ်ိဳးသားဒီမိုကေရစီ အဖဲြ ့ခ်ဳပ္က တာ၀န္ရွိသူေတြကုိ ေမးျမန္းတဲ့ အခါမွာေတာ့ ဒီသတင္းကို အတည္မျပဳၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာပြည်သူတွေ ကောလာဟလတွေ မယုံကြဖို့ တက်ကြွလှုပ်ရှားသူတွေ သတိပေး


မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီဆိုတဲ့ ကောလာဟလ ကြောင့် မြန်မာပြည်သူတွေေ ပျာ်ရွင်နေကြပေမယ့် ဒါဟာ သတင်းအတုသာဖြစ်ပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ယူဆနေကြတဲ့အကြောင်း ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့ဖြစ်တဲ့ စနေနေ့မှာ လူထုတွေ ကန့်ကွက်ဆန္ဒပြမူတွေ ကျယ်ကျယ်ပြန့့်ပြန့်ဖြစ်လာခဲ့ပြီး နောက် ညဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုပြီး အတည်ပြုမရတဲ့ ကောလာဟလ ထွက်ပေါ်လာတာပါ။

မန္တလေးမြိုခံ ၈၈မျိုးဆက်ကျောင်းသား တဦးကတော့ အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။
“ မနက်ဖန် အတွက်ေ၀ဝါးသွားအောင် လုပ်တယ်လို့ ထင်တယ်။ ကျနော်တို့ ရည်မှန်းချက် ပျောက်အောင် လုပ်တယ်ထင်တယ်။ မနက်ဖြန် မှာ လူတွေက တအိမ်တယောက် ထွက်မယ်လို့ လုပ်ထားတယ်။ ဒါကို အင်အားချိနဲ့သွားအောင် လုပ်တယ်လို့ထင်တယ်။ တအိမ်တယောက် ထွက်မယ်ဆိုတော့ တဖက်ကလည်း အကောင်းဘက်က ပြောရင်တော့ လူထုတွေက လမ်းပေါ်ထွက်ရဲ သွားတာပေါ့” လို့ဆိုပါတယ်။

ရန်ကုန်မြို့ခံ ၈၈မျိုးဆက်ကျောင်းသူ တဦးဖြစ်တဲ့ မမြဖြူပြာကတော့အခုလိုပြောပြပါတယ်။

“ကျမတို့ထင်တာက ဒီလိုမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ်။ သူတို့ကအမြဲတမ်းပဲ လူထုကို ဝေေ၀ဝါးဝါးဖြစ်အောင် ်ဆိုက်ဝါးလုပ်တာလို့ ထင်တယ်။ ဒေါ်စု လွတ်ခဲ့ရင်တောင်မှ ကျမတို့က စစ်အာဏာရှင် လက်အောက်ကို ရောက်နေတဲ့အတွက် မပျော်နိုင်ဘူး။ ကျမတို့က ဆက်ပြီး လုပ်ရမှာပဲ” လို့ပြောသွားတာပါ။

စနေနေ့ည ဘက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တယ်ဆိုတဲ့ ကောလာဟလ ကြောင့် လူထုတွေကတော့ ပျော်ရွှင်နေကြတယ် ဆိုပြီး အခုလို ဆက်ပြောပါတယ်။

"အိမ်တိုင်းအိမ်တိုင်းက လက်ခုပ်တွေ တီးကြတယ်။ အဲဒီနောက် ည ၁၀ နာရီထိုးခါနီး အချိန်မှာပေါ့ ဗျောက်အိုးတွေဖောက်ပြီး မီးရှူးမီးပန်းတွေနဲ့ အမေစု ကျန်းမာပါစေပေါ့။ အားလုံးက အောင်ပွဲတွေခံပြီး အကုန်လုံးကပျော်နေကြတယ်။ "

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းကို အတည်မပြုကြပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG