သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူထုဆႏၵျပပဲြေတြအေပၚ ေမွ်ာ္မွန္းခ်က္


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းၿပီး ၇ ရက္ေျမာက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ လူ ေသာင္းနဲ႔ ခ်ီ ဆႏၵျပခဲ့ၾကသလို ၿမိဳ႕ၾကီးအေတာ္မ်ားမ်ားမွာလည္း လူထုဆႏၵျပပဲြေတြ ျဖစ္ေပၚခဲ့တဲ့အေပၚ ဘယ္လုိေမွ်ာ္လင့္ခ်က္ေတြ ရိွေနသလဲဆုိတာကို ဗီြအိုေအ ျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပပါမယ္။

ဒီကေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ ၿမိဳ႕နယ္အေတာ္မ်ားမ်ားက ျပည္သူေတြဟာ ေထာင္နဲ႔ခ်ီစုဖဲြ႔ၿပီး ဆူးေလဘုရားနဲ႔ ၿမိဳ႕ေတာ္ခန္းမဘက္ကို ခ်ီတက္လာခဲ့ပါတယ္။ ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပခဲ့သူေတြဟာ သိန္းဂဏန္းအထိ ရိွႏိုင္တယ္လုိ႔လည္း ခန္႔မွန္းထားၾကတာပါ။

ဒီလို ဆႏၵျပပဲြေတြဟာ ျမန္မာျပည္အေျပာင္းအလဲအတြက္ ဘယ္ေလာက္ထိ ေမွ်ာ္လင့္ခ်က္ေတြ ရိွေနပါသလဲ။

ျပည္သူ႔ပါတီ အေထြေထြအတြင္းေရးမွဴး ဦးရဲႏိုင္ေအာင္ သူ႔အျမင္ကို အခုလုိ ေျပာပါတယ္။

"ဘာျဖစ္မလဲဆိုတာကေတာ့ ေလာေလာဆယ္ က်ေနာ္တို႔ အတိအက် မွန္းေျပာဖို႔ကေတာ့ မလြယ္ဘူး။ သို႔ေသာ္ ဒီဆႏၵျပပဲြေတြကေနၿပီးေတာ့ စစ္အာဏာရွင္ ဒီအာဏာသိမ္းလိုက္တဲ့ တပ္မေတာ္ကို ေရွ႕ဆက္တုိးရင္ေတာ့ ဒါလူထုနဲ႔ ေကာင္းေကာင္းထိပ္တိုက္တိုးမယ္။ လူထုရဲ႕ ဆႏၵကို ေလးစားပါ၊ ေရွ႕ဆက္မတိုးပါနဲ႔ဆိုတဲ့ ပီသတဲ့သတင္းစကားကို ေျပာလိုက္တယ္။ ဒီကေနၿပီးေတာ့ က်ေနာ့္အေနနဲ႔ေတာ့ တိုင္းျပည္နဲ႔ လူထုအတြက္ ေပ်ာ္စရာေကာင္းတဲ့ ရလဒ္ေတြ ထြက္ေပၚလာမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္တယ္။"

ဒီဆႏၵျပပဲြေတြဟာ လူထုက ေရြးေကာက္ပဲြမွာ သူတို႔ ေပးခဲ့တဲ့ ဆႏၵမဲအတြက္ အလြယ္တကူ အေလွ်ာ့မေပးဘူးဆိုတဲ့ သိႏိၷဌာန္စိတ္ကို ျပသတာျဖစ္သလို မ်ိဳးဆက္သစ္လူငယ္ေတြပါ၀င္လာတာဟာလည္း အနာဂတ္အတြက္ အားရစရာအခ်က္အျဖစ္ သံုးသပ္ေျပာဆုိပါတယ္။

ဆူးေလဘုရားအနီးဆႏၵျပပဲြမွာ ပါ၀င္ခဲ့သူတစ္ဦးကလည္း သူ႔ရဲ့ ေမွ်ာ္လင့္ခ်က္ကို အခုလုိ ေျပာပါတယ္။

“ဒီေန႔ ျပည္သူလူထုရဲ႕ ဆႏၵျပပဲြကိုေပါ့ေနာ္...က်ေနာ္တို႔ ငယ္ငယ္ကၾကံဳခဲ့တဲ့ ၁၉၈၈ မွာ ဒီလိုမ်ိဳး ၾကံဳခဲ့ဖူးတယ္ေပါ့ေလ။ ဒါေပမဲ့ ဒီေန႔ရဲ႕ ေမွ်ာ္လင့္ခ်က္မွာေတာ့ လူငယ္ေတြအပါအဝင္ က်ေနာ္တို႔ လူလတ္ပိုင္းေတြ၊ လူၾကီးပိုင္းေတြရဲ႕ ေမွ်ာ္လင့္ခ်က္က ပိုၿပီးေတာ့ ျပင္းျပပါတယ္။ အဓိက အခ်က္ကေတာ့ ျပည္သူေတြက တရားဝင္တင္ခဲ့ၾကတဲ့ ျပည္သူ႔ အစိုးရကထံကေန အာဏာကို ထိန္းသိမ္းယူထားတဲ့အေပၚမွာ က်ေနာ္တို႔ ျပည္သူေတြက ျပည္သူ႔အာဏာ ျပည္သူ႔ကို ျပန္ေပးဖို႔ ေတာင္းဆိုတဲ့ ပဲြတခုပါ။ ဒီလိုပဲြမ်ိဳးက ေအာင္ျမင္ရမယ္လုိ႔ ယံုၾကည္ခ်က္အျပည့္ရွိပါတယ္။ ဒီေပၚမွာလည္း။"

ရန္ကုန္ၿမိဳ႕ဆႏၵျပပဲြမွာ ပါ၀င္ခဲ့တဲ့ တုိင္းရင္းသားလူငယ္တစ္ဦးကေတာ့ တိုင္းရင္းသားေတြရဲ့လိုလားခ်က္၊ NLD ပါတီနဲ႔ ျပည္သူေတြရဲ့ လိုလားခ်က္ေတြဟာ မတူညီတဲ့အခ်က္ေတြ ရိွေနသလို ျပင္ဆင္မႈအားနည္းတဲ့အေပၚ အားမရေၾကာင္းေျပာဆုိၿပီး လက္ရိွ ဆႏၵျပပဲြေတြအေပၚကို အခုလို ေျပာပါတယ္။

“က်မတို႔ ေတာင္းဆိုတဲ့ေနတဲ့ဟာေတြကလည္း စစ္အာဏာရွင္ က်ရံႈးဖို႔ဆိုတာကလည္း က်မတို႔ ၆၂ ေနာက္ပိုင္းကတည္းက ေတာင္းဆိုလာတာ ယေန႔အထိပဲေပါ့ေနာ္။ ဆိုေတာ့ ဒါေတြက ႏွစ္ ၇၀ ေက်ာ္ၾကာေနၿပီ။ ဒါေတြကိုလည္း ေတာင္းဆိုေနတုန္းပဲ လက္ရွိ အေျခအေနအထိေပါ့ေနာ္။ ဘာမွ ေျပာင္းလဲသြားတာ မရွိဘူး။ အစိုးရသာ ေျပာင္းလဲသြားတယ္။ စစ္အာဏာရွင္ျပန္လာတဲ့အခါမွာ ေျပာင္းလဲမႈေထြေထြထူးထူးကေတာ့ မရွိဘူး။ ဒါေပမဲ့ ဒါေတြကို က်မတို႔ အင္တိုက္အားတိုက္နဲ႔ က်မတို႔ ဘံုေပါ့ေနာ္... တိုင္းရင္းသားေတြရဲ႕ လိုခ်င္တဲ့အရာေတြရယ္၊ ၿပီးသြားလု႔ိရွိရင္ ပါတီ အဓိကေတာ့ NLD ပါတီေပါ့ေနာ္... ပါတီေတြကို ေထာက္ခံတဲ့ ျပည္သူ႔လူထု။ ဒါေတြကို ဘံုေပါ့ေနာ္... စုလိုက္ၿပီးေတာ့ အတူတကြလုပ္မယ္ဆိုလို႔ရွိရင္ ေျပာင္းလဲမႈၾကီးၾကီးျဖစ္ႏိုင္တယ္။ က်မတို႔ ဘုံရန္သူေပါ့ေနာ္...ျဖစ္တဲ့ စစ္အာဏာရွင္ကို ျဖဳတ္ခ်ႏိုင္မယ္လို႔ က်မတို႔ ျမင္တယ္။”

ႏိုင္ငံတကာနဲ႔ ျပည္တြင္း ႏိုင္ငံေရးအင္အားစုအေတာ္မ်ားမ်ားကေတာ့ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတြအတိုင္ပင္ခံပုဂၢိဳလ္ကို လႊတ္ေပးဖို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးအေျဖရွာဖို႔ ေတာင္းဆိုတာေတြရိွေနေပမဲ့ ဒီေန႔ ညေနပိုင္းအထိမွာေတာ့ လႊတ္ေပးတာ မရိွေသးပါဘူး။

လူထုဆန္ဒပြပွဲတွေအပေါ် မျှော်မှန်းချက်
please wait

No media source currently available

0:00 0:03:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူထုဆန္ဒပြပွဲတွေအပေါ် မျှော်မှန်းချက်

စစ်အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူ သောင်းနဲ့ ချီ ဆန္ဒပြခဲ့ကြသလို မြို့ကြီးအတော်များများမှာလည်း လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ဘယ်လိုမျှော်လင့်ချက်တွေ ရှိနေသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ မြို့နယ်အတော်များများက ပြည်သူတွေဟာ ထောင်နဲ့ချီစုဖွဲ့ပြီး ဆူးလေဘုရားနဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့သူတွေဟာ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။

ဒီလို ဆန္ဒပြပွဲတွေဟာ မြန်မာပြည်အပြောင်းအလဲအတွက် ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ရှိနေပါသလဲ။

ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဘာဖြစ်မလဲဆိုတာကတော့ လောလောဆယ် ကျနော်တို့ အတိအကျ မှန်းပြောဖို့ကတော့ မလွယ်ဘူး။ သို့သော် ဒီဆန္ဒပြပွဲတွေကနေပြီးတော့ စစ်အာဏာရှင် ဒီအာဏာသိမ်းလိုက်တဲ့ တပ်မတော်ကို ရှေ့ဆက်တိုးရင်တော့ ဒါလူထုနဲ့ ကောင်းကောင်းထိပ်တိုက်တိုးမယ်။ လူထုရဲ့ ဆန္ဒကို လေးစားပါ၊ ရှေ့ဆက်မတိုးပါနဲ့ဆိုတဲ့ ပီသတဲ့သတင်းစကားကို ပြောလိုက်တယ်။ ဒီကနေပြီးတော့ ကျနော့်အနေနဲ့တော့ တိုင်းပြည်နဲ့ လူထုအတွက် ပျော်စရာကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ကျနော် မျှော်လင့်တယ်။"

ဒီဆန္ဒပြပွဲတွေဟာ လူထုက ရွေးကောက်ပွဲမှာ သူတို့ ပေးခဲ့တဲ့ ဆန္ဒမဲအတွက် အလွယ်တကူ အလျှော့မပေးဘူးဆိုတဲ့ သိန္နိဌာန်စိတ်ကို ပြသတာဖြစ်သလို မျိုးဆက်သစ်လူငယ်တွေပါဝင်လာတာဟာလည်း အနာဂတ်အတွက် အားရစရာအချက်အဖြစ် သုံးသပ်ပြောဆိုပါတယ်။

ဆူးလေဘုရားအနီးဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးကလည်း သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

“ဒီနေ့ ပြည်သူလူထုရဲ့ ဆန္ဒပြပွဲကိုပေါ့နော်...ကျနော်တို့ ငယ်ငယ်ကကြုံခဲ့တဲ့ ၁၉၈၈ မှာ ဒီလိုမျိုး ကြုံခဲ့ဖူးတယ်ပေါ့လေ။ ဒါပေမဲ့ ဒီနေ့ရဲ့ မျှော်လင့်ချက်မှာတော့ လူငယ်တွေအပါအဝင် ကျနော်တို့ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေရဲ့ မျှော်လင့်ချက်က ပိုပြီးတော့ ပြင်းပြပါတယ်။ အဓိက အချက်ကတော့ ပြည်သူတွေက တရားဝင်တင်ခဲ့ကြတဲ့ ပြည်သူ့ အစိုးရကထံကနေ အာဏာကို ထိန်းသိမ်းယူထားတဲ့အပေါ်မှာ ကျနော်တို့ ပြည်သူတွေက ပြည်သူ့အာဏာ ပြည်သူ့ကို ပြန်ပေးဖို့ တောင်းဆိုတဲ့ ပွဲတခုပါ။ ဒီလိုပွဲမျိုးက အောင်မြင်ရမယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်။ ဒီပေါ်မှာလည်း။"

ရန်ကုန်မြို့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလူငယ်တစ်ဦးကတော့ တိုင်းရင်းသားတွေရဲ့လိုလားချက်၊ NLD ပါတီနဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေဟာ မတူညီတဲ့အချက်တွေ ရှိနေသလို ပြင်ဆင်မှုအားနည်းတဲ့အပေါ် အားမရကြောင်းပြောဆိုပြီး လက်ရှိ ဆန္ဒပြပွဲတွေအပေါ်ကို အခုလို ပြောပါတယ်။

“ကျမတို့ တောင်းဆိုတဲ့နေတဲ့ဟာတွေကလည်း စစ်အာဏာရှင် ကျရှုံးဖို့ဆိုတာကလည်း ကျမတို့ ၆၂ နောက်ပိုင်းကတည်းက တောင်းဆိုလာတာ ယနေ့အထိပဲပေါ့နော်။ ဆိုတော့ ဒါတွေက နှစ် ၇၀ ကျော်ကြာနေပြီ။ ဒါတွေကိုလည်း တောင်းဆိုနေတုန်းပဲ လက်ရှိ အခြေအနေအထိပေါ့နော်။ ဘာမှ ပြောင်းလဲသွားတာ မရှိဘူး။ အစိုးရသာ ပြောင်းလဲသွားတယ်။ စစ်အာဏာရှင်ပြန်လာတဲ့အခါမှာ ပြောင်းလဲမှုထွေထွေထူးထူးကတော့ မရှိဘူး။ ဒါပေမဲ့ ဒါတွေကို ကျမတို့ အင်တိုက်အားတိုက်နဲ့ ကျမတို့ ဘုံပေါ့နော်... တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့အရာတွေရယ်၊ ပြီးသွားလု့ိရှိရင် ပါတီ အဓိကတော့ NLD ပါတီပေါ့နော်... ပါတီတွေကို ထောက်ခံတဲ့ ပြည်သူ့လူထု။ ဒါတွေကို ဘုံပေါ့နော်... စုလိုက်ပြီးတော့ အတူတကွလုပ်မယ်ဆိုလို့ရှိရင် ပြောင်းလဲမှုကြီးကြီးဖြစ်နိုင်တယ်။ ကျမတို့ ဘုံရန်သူပေါ့နော်...ဖြစ်တဲ့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မယ်လို့ ကျမတို့ မြင်တယ်။”

နိုင်ငံတကာနဲ့ ပြည်တွင်း နိုင်ငံရေးအင်အားစုအတော်များများကတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတွေအတိုင်ပင်ခံပုဂ္ဂိုလ်ကို လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုတာတွေရှိနေပေမဲ့ ဒီနေ့ ညနေပိုင်းအထိမှာတော့ လွှတ်ပေးတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG