သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပလူအုပ္ နဲ႔ လံုၿခံဳေရးတပ္ဖဲြ႕၀င္တခ်ိဳ႕ ထိပ္တိုက္ေတ႔ြၾကၿပီ


လံုၿခံဳေရးတပ္ဖဲြ႕၀င္ေတြက ဆႏၵျပလူအုပ္ကို ၿဖိဳခြဲေန

(Zawgyi/Unicode)

ျမန္မာ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ႔ လမ္းေပၚထြက္ ဆႏၵျပမႈ ၄ ရက္ေျမာက္ေန႔ အဂၤါေန႔မွာေတာ့ ဆႏၵျပသူေတြနဲ႔ လံုၿခံဳေရး တပ္ဖြဲ႔ေတြၾကား ထိပ္တိုက္ေတြ႔ ရုန္းရင္းဆန္ခတ္ျဖစ္ၿပီး ၂ ဖက္လံုးမွာ ထိခိုက္ဒဏ္ရာရခဲ႔ပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္မႈ ေနာက္ပိုင္း ပထမဆံုး ေသြးထြက္သံယို ျဖစ္ရပ္ပါ။ အာဏာသိမ္း အဖြဲ႔က ႏုိင္ငံတြင္း ဆႏၵျပမႈေတြကို အဂၤါေန႔မွာ ပထမဆံုး အႀကိမ္အျဖစ္ အသိအမွတ္ျပဳ ျပသခဲ႔ပါတယ္။ ၿမိဳ႕ေတာ္ ေနျပည္ေတာ္မွာေတာ့ အမ်ိဳးသမီးငယ္ တဦး ေခါင္းကို ေသနတ္က်ည္ ထိမွန္ပါတယ္။ ေနျပည္ေတာ္ ေဆးရံုႀကီးက က်န္းမာေရး ၀န္ထမ္းက VOA ကို အခုလို အတည္ျပဳပါတယ္။

“အေနအထားက ရွင္းရွင္းေျပာလို႔ရွိရင္ ဒါက ေသၿပီလို႔ ေျပာလို႔ရတဲ့ အေနအထားပဲ။”

ဒီအမ်ိဳးသမီးငယ္ရဲ႕ ဦးေခါင္းကို ဓာတ္မွန္ရိုက္ထားတာကို ကိုးကားၿပီး က်ည္အစစ္နဲ႔ ပစ္တာလို႔လည္း ေျပာဆိုေနၾကပါတယ္။ အဂၤါေန႔က ဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႔က လမ္းေတြ ပိတ္ဆို႔၊ မီးသတ္ပုိက္နဲ႔ ဆႏၵျပသူေတြကို ထိုးၿပီး ဒိုင္းကာ ရဲတပ္ဖြဲ႔၀င္ေတြက နံပတ္တုတ္နဲ႔ ရုိက္ လူစုခြဲသလို ေနျပည္ေတာ္မွာေတာ့ ေသနတ္နဲ႔ ပစ္ပါတယ္။ ေသနတ္ ထိမွန္တဲ႔ တျခား သံုးဦးကိုလည္း ကုသေပးေနဆဲပါ။ ရာဘာ က်ည္ဆန္လား က်ည္ဆန္ အစစ္လားဆိုတာကေတာ့ ခြဲခြဲျခားျခား မသိရပါဘူး။ ရန္ကုန္၊ မႏၱေလး တို႔လို ၿမိဳ႕ႀကီးေတြမွာေတာ့ မီးသတ္ပိုက္နဲ႔ ထိုးၿပီး ၿဖိဳခြဲမႈ အတြင္း ထိခုိက္ဒဏ္ရာရသူေတြ ရွိပါတယ္။ မ်က္ရည္ယိုဗံုးလည္း သံုးပါတယ္။

တခ်ိဳ႕ ၿမိဳ႕ေတြမွာေတာ့ ဆႏၵျပသူေတြနဲ႔ လံုၿခံဳေရးၾကား ညွိႏိႈင္း ခ်ီတက္ေနၾကတာလည္း ေတြ႔ရပါတယ္။ ပုသိမ္မွာ ဆိုရင္ ဆႏၵျပသူေတြရဲ႕ ေတာင္းဆိုခ်က္ အတိုင္း ရဲတပ္ဖြဲ႔က လမ္းေပၚက အတားအဆီးေတြကို ဖယ္ရွားေပးခဲ႔ၿပီး လူထုကလည္း ျပည္သူ႔ရဲ ဆိုၿပီး ေၾကြးေၾကာ္ခဲ႔ၾကပါတယ္။ မေကြးက ဆႏၵျပပြဲ တခု အတြင္းမွာေတာ့ မီးသတ္ပိုက္နဲ႔ လူထုကို ၿဖိဳခြဲေနခ်ိန္မွာ ရဲတပ္ဖြဲ႔၀င္ တခ်ိဳ႕က လူထုဘက္ကို ေျပာင္းၿပီး မီးသတ္ပိုက္ကို ဒိုင္းနဲ႔ ကာေပးခဲ႔ၾကတာကို တိုက္ရိုက္ထုတ္လႊင့္မႈမွာ ေတြ႔ရပါတယ္။

တခ်ိန္တည္းမွာဘဲ အာဏာသိမ္း အဖြဲ႔ဘက္ကေတာ့ ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြ ျဖစ္တယ္ဆိုတာကို ပထမဆံုး အႀကိမ္ အျဖစ္ ရုပ္သံကေန ျပသခဲ႔ပါတယ္။ ရဲတပ္ဖြဲ႔၀င္ တခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရတယ္လို႔ ေျပာေပမယ့္ ဆႏၵျပသူေတြ ထိခိုက္ဒဏ္ရာရမႈကိုေတာ့ မေဖာ္ျပပါဘူး။ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢရဲ႕ ျမန္မာ ဌာေနကိုယ္စားလွယ္ Ola Almgren ကေတာ့ ျမန္မာ လံုၿခံဳေရး တပ္ဖြဲ႔ေတြ လူထုရဲ႕ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္ လြတ္လပ္စြာ ဆႏၵျပခြင့္ အပါအ၀င္ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြကို ေလးစားလုိက္နာဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဆန္ဒပြလူအုပ် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိပ်တိုက်တေ့ွကြပြီ

(Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှု ၄ ရက်မြောက်နေ့ အင်္ဂါနေ့မှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၂ ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်မှု နောက်ပိုင်း ပထမဆုံး သွေးထွက်သံယို ဖြစ်ရပ်ပါ။ အာဏာသိမ်း အဖွဲ့က နိုင်ငံတွင်း ဆန္ဒပြမှုတွေကို အင်္ဂါနေ့မှာ ပထမဆုံး အကြိမ်အဖြစ် အသိအမှတ်ပြု ပြသခဲ့ပါတယ်။ မြို့တော် နေပြည်တော်မှာတော့ အမျိုးသမီးငယ် တဦး ခေါင်းကို သေနတ်ကျည် ထိမှန်ပါတယ်။ နေပြည်တော် ဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းက VOA ကို အခုလို အတည်ပြုပါတယ်။

“အနေအထားက ရှင်းရှင်းပြောလို့ရှိရင် ဒါက သေပြီလို့ ပြောလို့ရတဲ့ အနေအထားပဲ။”

ဒီအမျိုးသမီးငယ်ရဲ့ ဦးခေါင်းကို ဓာတ်မှန်ရိုက်ထားတာကို ကိုးကားပြီး ကျည်အစစ်နဲ့ ပစ်တာလို့လည်း ပြောဆိုနေကြပါတယ်။ အင်္ဂါနေ့က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က လမ်းတွေ ပိတ်ဆို့၊ မီးသတ်ပိုက်နဲ့ ဆန္ဒပြသူတွေကို ထိုးပြီး ဒိုင်းကာ ရဲတပ်ဖွဲ့ဝင်တွေက နံပတ်တုတ်နဲ့ ရိုက် လူစုခွဲသလို နေပြည်တော်မှာတော့ သေနတ်နဲ့ ပစ်ပါတယ်။ သေနတ် ထိမှန်တဲ့ တခြား သုံးဦးကိုလည်း ကုသပေးနေဆဲပါ။ ရာဘာ ကျည်ဆန်လား ကျည်ဆန် အစစ်လားဆိုတာကတော့ ခွဲခွဲခြားခြား မသိရပါဘူး။ ရန်ကုန်၊ မန္တလေး တို့လို မြို့ကြီးတွေမှာတော့ မီးသတ်ပိုက်နဲ့ ထိုးပြီး ဖြိုခွဲမှု အတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။ မျက်ရည်ယိုဗုံးလည်း သုံးပါတယ်။

တချို့ မြို့တွေမှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးကြား ညှိနှိုင်း ချီတက်နေကြတာလည်း တွေ့ရပါတယ်။ ပုသိမ်မှာ ဆိုရင် ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် အတိုင်း ရဲတပ်ဖွဲ့က လမ်းပေါ်က အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ပြီး လူထုကလည်း ပြည်သူ့ရဲ ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ မကွေးက ဆန္ဒပြပွဲ တခု အတွင်းမှာတော့ မီးသတ်ပိုက်နဲ့ လူထုကို ဖြိုခွဲနေချိန်မှာ ရဲတပ်ဖွဲ့ဝင် တချို့က လူထုဘက်ကို ပြောင်းပြီး မီးသတ်ပိုက်ကို ဒိုင်းနဲ့ ကာပေးခဲ့ကြတာကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။

တချိန်တည်းမှာဘဲ အာဏာသိမ်း အဖွဲ့ဘက်ကတော့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်တယ်ဆိုတာကို ပထမဆုံး အကြိမ် အဖြစ် ရုပ်သံကနေ ပြသခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာ ရတယ်လို့ ပြောပေမယ့် ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရမှုကိုတော့ မဖော်ပြပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ် Ola Almgren ကတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ လူထုရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် လွတ်လပ်စွာ ဆန္ဒပြခွင့် အပါအဝင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG