သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္အားသံုးပစ္ခတ္မႈကို လူသားထုအေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈနဲ႔အေရးယူႏိုင္ - ကုလအထူးသံတမန္


အင္အားသံုးပစ္ခတ္မႈကို လူသားထုအေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈနဲ႔အေရးယူႏိုင္ - ကုလအထူးသံတမန္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနသူေတြကို အင္အားသုံးႏွိမ္ႏွင္းဖို႔ဆိုၿပီး ဥပေဒနဲ႔မညီတဲ့ အထက္အမိန္႔ကို လုိက္နာျခင္းမျပဳဖုိ႔ လုံၿခဳံေရးတပ္ဖြဲ႔၀င္ေတြမွာ တာဝန္ရွိတယ္လို႔ ျမန္မာ့လူ႔အခြင့္အေရးဆုိ္င္ရာ ကုလသမဂၢအထူးသံတမန္ Tom Andrews က ေျပာလိုက္ပါတယ္။

အဲဒီလိုအမိန္႔ေပးလာသူ၊ အေကာင္အထည္ေဖာ္ေဆာင္ရြက္သူအားလုံးကိုလည္း လူသားထုအေပၚ က်ဴးလြန္တဲ့ရာဇ၀တ္မႈနဲ႔ အေရးယူႏုိင္တယ္လို႔ အထူးသံတမန္ Tom Andrews ကတြစ္တာလူမႈစာမ်က္ႏွာမွာအဂၤါေန႔ကေရးသားထားပါတယ္။

အမိန္႔နာခံတဲ့အေနနဲ႔ အင္အားသုံးႏွိမ္ႏွင္းခဲ့ရတာပါဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကာကြယ္လို႔မရဘူးလို႔လည္း ေဖာ္ျပထားပါတယ္။ ျမန္မာစစ္ဗို္လ္ခ်ဳပ္ေတြရဲ ႔လုပ္ရပ္ဟာ သိပ္ကိုဆိုးရြားရဲတင္းသလို ျမန္မာႏုိင္ငံထဲမွာ တိုးတက္လာတဲ့ အေျခခံအခြင့္အေရးေတြ ျပန္ၿပီးဆုတ္ယုတ္သြားေစတယ္လို႔ VOA နဲ႔ လတ္တေလာ သီးသန္႔ေမးျမန္းခန္းမွာ မစၥတာ Andrews က ေ၀ဖန္ေျပာဆိုထားတာပါ။

ျမန္မာျပည္တြင္းမွာရွိေနၾကတဲ့ ျပည္သူအားလုံး အတြက္ စိုးရိမ္ပူပန္ေၾကာင္းလည္း အထူးကုယ္စားလွယ္ Andrews က ေျပာဆိုခဲ့ပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ကလည္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အထူးအစည္းအေဝးတရပ္ကိုေသာၾကာေန႔မွာ က်င္းပေတာ့မွာပါ။ ျမန္မာစစ္အာဏာသိမ္းခဲ့တဲ့အေျခေနအရပ္ရပ္နဲ႔ပတ္သက္လို႔ အထူးအစည္းအေဝးတရပ္ေခၚယူေပးဖို႔ ၿဗိတိန္နဲ႔ ဥေရာပသမဂၢEU ကဦးေဆာင္းေတာင္းဆိုခဲ့တာပါ။

အစည္းအေဝးက်င္းပဖို႔ လိုအပ္တဲ့ အဖြဲ႔ဝင္နုိင္ငံ ၃ ပုံ၁ ပုံရဲ ႔ ေထာက္ခံမဲရခဲ့တဲ့ အတြက္လည္း ခုလိုေရွ႔ဆက္ေဆာင္ရြက္ႏုိ္င္တာျဖစ္ပါတယ္။ ဒါဟာ စစ္အာဏာသိမ္းခဲ့တဲ့လုပ္ရပ္ကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ၿပီးျမန္မာျပည္သူျပည္သားေတြနဲ႔ အတူရပ္တည္ေနပါတယ္ဆိုတာကုိ ျပသတဲ့လုပ္ရပ္ျဖစ္ပါတယ္လို႔ လည္း တာ၀န္ရိွသူေတြကေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း စစ္အာဏာသိမ္းမႈဟာ ျမန္မာ့ဒီမိုကေရစီေရးကို ျပင္းျပင္းထန္ထန္ထိခိုက္ေစတယ္ဆိုၿပီး ျပစ္တင္ရႈတ္ခဲ့သလို ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီကလည္း ျမန္မာစစ္တပ္က ဖမ္းဆီးထားသူေတြျပန္လႊတ္ေပးဖို႔၊ ဒီမိုကေရစီစနစ္ျပန္လည္က်င့္သုံးဖို႔၊ အင္အားသုံးအၾကမ္းဖက္တာမလုပ္ဖို႔၊ အေျခခံအခြင့္အေရးနဲ႔ ဥပေဒစိုးမိုးေရးကို ေလးစားလိုက္နာဖို႔ဆိုၿပီး အဖြဲ႔၀င္ ၁၅ ႏုိင္ငံက တညီတညႊတ္ထဲေၾကျငာခ်က္ထုတ္ ေတာင္းဆိုထားၾကပါတယ္။

....................................................................

{{Unicode}}

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို အင်အားသုံးနှိမ်နှင်းဖို့ဆိုပြီး ဥပဒေနဲ့မညီတဲ့ အထက်အမိန့်ကို လိုက်နာခြင်းမပြုဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews က ပြောလိုက်ပါတယ်။

အဲဒီလိုအမိန့်ပေးလာသူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူအားလုံးကိုလည်း လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ အရေးယူနိုင်တယ်လို့ အထူးသံတမန် Tom Andrews ကတွစ်တာလူမှုစာမျက်နှာမှာအင်္ဂါနေ့ကရေးသားထားပါတယ်။

အမိန့်နာခံတဲ့အနေနဲ့ အင်အားသုံးနှိမ်နှင်းခဲ့ရတာပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်လို့မရဘူးလို့လည်း ဖော်ပြထားပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့လုပ်ရပ်ဟာ သိပ်ကိုဆိုးရွားရဲတင်းသလို မြန်မာနိုင်ငံထဲမှာ တိုးတက်လာတဲ့ အခြေခံအခွင့်အရေးတွေ ပြန်ပြီးဆုတ်ယုတ်သွားစေတယ်လို့ VOA နဲ့ လတ်တလော သီးသန့်မေးမြန်းခန်းမှာ မစ္စတာ Andrews က ဝေဖန်ပြောဆိုထားတာပါ။

မြန်မာပြည်တွင်းမှာရှိနေကြတဲ့ ပြည်သူအားလုံး အတွက် စိုးရိမ်ပူပန်ကြောင်းလည်း အထူးကုယ်စားလှယ် Andrews က ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးတရပ်ကိုသောကြာနေ့မှာ ကျင်းပတော့မှာပါ။ မြန်မာစစ်အာဏာသိမ်းခဲ့တဲ့အခြေနေအရပ်ရပ်နဲ့ပတ်သက်လို့ အထူးအစည်းအဝေးတရပ်ခေါ်ယူပေးဖို့ ဗြိတိန်နဲ့ ဥရောပသမဂ္ဂEU ကဦးဆောင်းတောင်းဆိုခဲ့တာပါ။

အစည်းအဝေးကျင်းပဖို့ လိုအပ်တဲ့ အဖွဲ့ဝင်နိုင်ငံ ၃ ပုံ၁ ပုံရဲ့ ထောက်ခံမဲရခဲ့တဲ့ အတွက်လည်း ခုလိုရှေ့ဆက်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းခဲ့တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေပါတယ်ဆိုတာကို ပြသတဲ့လုပ်ရပ်ဖြစ်ပါတယ်လို့ လည်း တာဝန်ရှိသူတွေကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း စစ်အာဏသိမ်းမှုဟာ မြန်မာ့ဒီမိုကရေစီရေးကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်ဆိုပြီး ပြစ်တင်ရှုတ်ခဲ့သလို ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာစစ်တပ်က ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးဖို့၊ အင်အားသုံးအကြမ်းဖက်တာမလုပ်ဖို့၊ အခြေခံအခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့ဆိုပြီး အဖွဲ့ဝင် ၁၅ နိုင်ငံက တညီတညွှတ်ထဲကြေငြာချက်ထုတ် တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG