သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိ္မ္းမႈကို ေထာက္ခံသူတို႔ရဲ႕ တန္ျပန္ဆႏၵျပပဲြ


မွတ္တမ္းဓါတ္ပံု- ၂၀၂၁ ဇန္န၀ါရီလ ၃၀ ရက္ေန႔က စစ္တပ္ေထာက္ခံသူမ်ား ဆႏၵျပေနစဥ္

(Zawgyi/Unicode)

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက အစိုးရ ဖြဲ႔ႏုိင္တဲ႔ အထိ အႏုိင္ရခဲ႔တဲ႔ ၂၀၂၀ ေရြးေကာက္ပြဲဟာ မဲမသမာမႈေတြ ရွိတယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ အစိုးရ အဖြဲ႔နဲ႔ NLD ပါတီက တာ၀န္ရွိသူေတြကို ဖမ္းၿပီး အာဏာသိမ္းလိုက္တဲ႔ စစ္တပ္ကို ေထာက္ခံသူေတြရဲ႕ တန္ျပန္ ဆႏၵျပမႈလည္း အနည္းငယ္ ရွိေနပါတယ္။

ဒါေပမယ့္ စစ္တပ္ကို ဆန္႔က်င္သူေတြက ႏုိင္ငံတ၀န္း က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနတာေၾကာင့္ စစ္တပ္ ေထာက္ခံသူေတြရဲ႕ ဆႏၵျပပြဲေတြက ေပၚေပၚထင္ထင္ေတာ့ မေတြ႔ရပါဘူး။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို လံုၿခံဳေရး တပ္ဖြဲ႔က စၿပီး ႏွိမ္ႏွင္း ၿဖိဳခြဲတဲ႔ အဂၤါေန႔မွာဘဲ ရမည္းသင္း ၿမဳိ႕နယ္က ျပည္ေထာင္စု ႀကံံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရး ရံုးမွာ စစ္တပ္ ေထာက္ခံပြဲ ဆႏၵျပဖို႔ စီစဥ္ေနတယ္ဆိုတဲ႔ ဗီြဒီယို တခုလည္း ေပါက္ၾကားထြက္လာခဲ႔ပါတယ္။ အဲဒီ ဗီြဒီယိုထဲမွာေတာ့ ဦးေဆာင္ ေျပာဆိုေနသူက သူ႔ကိုယ္သူ ရမည္းသင္းပါလို႔ ေျပာဆိုၿပီး ဆႏၵျပပြဲ အစီအစဥ္ကို ေျပာဆိုေနတာကို ေတြ႔ရပါတယ္။

“ဟိုဘက္ဟာေတြက ၾကည့္လိုက္ က်ေနာ္တို႔ အမ်ိဳးဘာသာသာသနာကို ပ်က္ေအာင္လုပ္လိုက္တယ္။ က်ေနာ္တို႔ အမ်ိဳးဘာသာသာသနာကို ခ်စ္ျမတ္ႏိုးတဲ့သူတိုင္းလုိက္ခဲ့ပါ။ ကား ၁ စီးကို က်ေနာ္တို႔ေျပာထားတယ္ ၂ ေသာင္းေပးလိုက္ပါမယ္။ ျပည့္ေအာင္သာ ေခၚခဲ့ အေယာက္ ၂၀ ေလာက္ပါေအာင္ကို ေခၚခဲ့။”

ဒါကေတာ့ လူမႈကြန္ယက္ Facebook မွာ ေပါက္ၾကားထြက္လာတဲ႔ ဗီြဒီယိုထဲမွာေတာ့ ရမည္းသင္း ျပည္ေထာင္စု ႀကံံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရး ပါတီဆိုတဲ႔ ဆိုင္းဘုတ္ကို ေတြ႔ရသလို၊ တပ္မေတာ္ကို ပံ႔ပိုးေပးၾကဖို႔ စည္းရံုးေျပာဆိုေနတာကိုလည္း ေတြ႔ရပါတယ္။ သူ႔တို႔ကို ဗီြဒီယို ရိုက္ကူးထားတယ္ဆိုတာကိုေတာ့ သိရွိပံု ရတဲ႔ အေနအထား မေတြ႔ရပါဘူး။ ဘယ္ေန႔ ဘယ္အခ်ိန္က ဘယ္သူ ရိုက္ကူးထားတာလဲ ဆိုတာကေတာ့ ဗီြအိုေအ အေနနဲ႔ သီးျခား အတည္ျပဳခ်က္ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

စစ်အာဏာသိမ်းမှုကို ထောက်ခံသူတို့ရဲ့တန်ပြန်ဆန္ဒပြပွဲ

(Unicode)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖွဲ့နိုင်တဲ့ အထိ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရ အဖွဲ့နဲ့ NLD ပါတီက တာဝန်ရှိသူတွေကို ဖမ်းပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံသူတွေရဲ့ တန်ပြန် ဆန္ဒပြမှုလည်း အနည်းငယ် ရှိနေပါတယ်။

ဒါပေမယ့် စစ်တပ်ကို ဆန့်ကျင်သူတွေက နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကြောင့် စစ်တပ် ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေက ပေါ်ပေါ်ထင်ထင်တော့ မတွေ့ရပါဘူး။ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့က စပြီး နှိမ်နှင်း ဖြိုခွဲတဲ့ အင်္ဂါနေ့မှာဘဲ ရမည်းသင်း မြို့နယ်က ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးမှာ စစ်တပ် ထောက်ခံပွဲ ဆန္ဒပြဖို့ စီစဉ်နေတယ်ဆိုတဲ့ ဗွီဒီယို တခုလည်း ပေါက်ကြားထွက်လာခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုထဲမှာတော့ ဦးဆောင် ပြောဆိုနေသူက သူ့ကိုယ်သူ ရမည်းသင်းပါလို့ ပြောဆိုပြီး ဆန္ဒပြပွဲ အစီအစဉ်ကို ပြောဆိုနေတာကို တွေ့ရပါတယ်။

“ဟိုဘက်ဟာတွေက ကြည့်လိုက် ကျနော်တို့ အမျိုးဘာသာသာသနာကို ပျက်အောင်လုပ်လိုက်တယ်။ ကျနော်တို့ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတဲ့သူတိုင်းလိုက်ခဲ့ပါ။ ကား ၁ စီးကို ကျနော်တို့ပြောထားတယ် ၂ သောင်းပေးလိုက်ပါမယ်။ ပြည့်အောင်သာ ခေါ်ခဲ့ အယောက် ၂၀ လောက်ပါအောင်ကို ခေါ်ခဲ့။”

ဒါကတော့ လူမှုကွန်ယက် Facebook မှာ ပေါက်ကြားထွက်လာတဲ့ ဗွီဒီယိုထဲမှာတော့ ရမည်းသင်း ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရသလို၊ တပ်မတော်ကို ပံ့ပိုးပေးကြဖို့ စည်းရုံးပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။ သူ့တို့ကို ဗွီဒီယို ရိုက်ကူးထားတယ်ဆိုတာကိုတော့ သိရှိပုံ ရတဲ့ အနေအထား မတွေ့ရပါဘူး။ ဘယ်နေ့ ဘယ်အချိန်က ဘယ်သူ ရိုက်ကူးထားတာလဲ ဆိုတာကတော့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG