သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကို အကူအညီေပးတဲ႔ကိစၥ အေမရိကန္ ျပန္လည္သံုးသပ္ေနၿပီ


ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price

(Zawgyi/Unicode)

စစ္အာဏာသိမ္းခံထားရတဲ႔ ျမန္မာ႔ အေရးကို အေမရိကန္က ဦးစားေပး အျဖစ္ထားရွိၿပီး အာဏာသိမ္းတဲ႔သူေတြ သိသာတဲ႔ အက်ိဳးဆက္ ခံစားရေစေရး အတြက္ သံုးသပ္ ေဆာင္ရြက္ေနေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေဖေဖာ္၀ါရီလ ၉ ရက္ေန႔ အဂၤါေန႔မွာ ေျပာဆိုလုိက္ပါတယ္။

အေမရိကန္ သမၼတ Joe Biden အစိုးရ အဖြဲ႔ရဲ႕ ျမန္မာ အေရး တုံ႔ျပန္ကိုင္တြယ္မႈေတြ ဒီရက္ပိုင္း အတြင္း ထပ္ၿပီး ထြက္ေပၚလာဖို႔ ရွိတယ္လို႔လည္း ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က ေျပာပါတယ္။

“ဆႏၵျပသူေတြကို အၾကမ္းဖက္မႈကို ျပင္းျပင္းထန္ထန္ ဆန္႔က်င္ ရႈတ္ခ်ပါတယ္။ ျမန္မာ ျပည္သူေတြမွာ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ သင္းပင္းဖြဲ႔စည္းခြင့္ ဆႏၵျပခြင့္ ရွိတယ္” လို႔ ေျပာခြင့္ရ Price ေျပာခဲ႔တာပါ။

စစ္တပ္အာဏာစြန္႔ၿပီး ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာ ျပန္အပ္ေရး၊ ဖမ္းထားသူေတြ ျပန္လႊတ္ေပးေရး၊ ဆက္သြယ္မႈ စနစ္ေတြ အေပၚ ထိန္းခ်ဳပ္ကန္႔သတ္မႈေတြ ဖယ္ရွားၿပီး အၾကမ္းဖက္တာေတြ မလုပ္ဖို႔လည္း အေမရိကန္ ျပည္ေထာင္စုက ထပ္ၿပီး ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာကို အကူအညီပေးတဲ့ ကိစ္စ အမေရိကန်ပြန်လည်သုံးသပ်နေပြီ

(Unicode)

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာ့ အရေးကို အမေရိကန်က ဦးစားပေး အဖြစ်ထားရှိပြီး အာဏာသိမ်းတဲ့သူတွေ သိသာတဲ့ အကျိုးဆက် ခံစားရစေရေး အတွက် သုံးသပ် ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ Joe Biden အစိုးရ အဖွဲ့ရဲ့ မြန်မာ အရေး တုံ့ပြန်ကိုင်တွယ်မှုတွေ ဒီရက်ပိုင်း အတွင်း ထပ်ပြီး ထွက်ပေါ်လာဖို့ ရှိတယ်လို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

“ဆန္ဒပြသူတွေကို အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချပါတယ်။ မြန်မာ ပြည်သူတွေမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့် ဆန္ဒပြခွင့် ရှိတယ်” လို့ ပြောခွင့်ရ Price ပြောခဲ့တာပါ။

စစ်တပ်အာဏာစွန့်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာ ပြန်အပ်ရေး၊ ဖမ်းထားသူတွေ ပြန်လွှတ်ပေးရေး၊ ဆက်သွယ်မှု စနစ်တွေ အပေါ် ထိန်းချုပ်ကန့်သတ်မှုတွေ ဖယ်ရှားပြီး အကြမ်းဖက်တာတွေ မလုပ်ဖို့လည်း အမေရိကန် ပြည်ထောင်စုက ထပ်ပြီး တောင်းဆိုထားပါတယ်။

XS
SM
MD
LG