သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟိမ၀ႏၱာ ေရခဲစိုင္ၿပိဳလို႔ အိႏၵိယ ေရကာတာက်ိဳးေပါက္မႈ လူေပါင္း ၁၅၀ ခန္႔ ေပ်ာက္ဆံုး


ဟိမဝႏၱာေဒသ

[ ZAWGYI ]

အိႏၵိယႏိုင္ငံေျမာက္ပိုင္း Uttarakhand ေဒသမွာ တနဂၤေႏြေန႔က ဟိမဝႏၱာေရခဲျပင္က ႀကီးမားတဲ့ေရခဲစိုင္ၿပိဳက်တဲ့အတြက္ ေရကာတာ က်ိဳးေပါက္ၿပီး အဂၤါျမစ္မႀကီးထဲ စီးဝင္တဲ့ Dhauli Ganga ျမစ္ေရႀကီးမႈကေန လူေပါင္း ၁၄၀ ေက်ာ္ ေပ်ာက္ဆံုးေနတယ္လို႔ ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။

ေရကာတာေအာက္ပိုင္း ျမစ္ေၾကာင္းတေလ ွ်ာက္က ေက်းရြာေန ရြာသားေတြကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ခိုင္းခဲ့ရပါတယ္။ အခုအခ်ိန္အထိေတာ့ အေလာင္း ၉ ေလာင္း ျပန္ေတြ႔ရၿပီ လို႔ေျပာပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ Uttarakhand ေဒသခံေတြနဲ႔ အတူ အိႏၵိယတႏိုင္ငံလံုးက ရပ္တည္ၾကမွာ ျဖစ္ေၾကာင္းနဲ႔ ေဒသခံအားလံုး ေဘးကင္းဖို႔ တႏိုင္ငံလံုးက ဆုေတာင္းေနေၾကာင္း တြစ္တာမွာ ေရးပါတယ္။

ေပ်ာက္ဆံုးေနသူ အမ်ားစုဟာ အဲဒီေရကာတာမွာ တည္ေဆာက္ေနဆဲ ေရအားလ ွ်ပ္စစ္ဓါတ္အားေပးစက္ရံု က အလုပ္သမားေတြ ျဖစ္ၿပီး အဲဒီက လႈိဏ္္ေခါင္းထဲ ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔ ကူညီကယ္ဆယ္ေရးေတြကို ေစလႊတ္ေပးေနၿပီ ျဖစ္ပါတယ္။

ျဖစ္စဥ္ဟာ သိပ္ကို ျမန္ဆန္တဲ့ အတြက္ သတိေပးခ်ိန္ေတာင္ မရလိုက္ဘူးလို႔ ေဒသခံ တဦးက ရိုက္တာ သတင္းဌာနကို ေျပာပါတယ္။

သဘာဝေဘးအႏၱရာယ္ တုန္႔ျပန္ေရးအဖြဲ႔ေတြကို ေလေၾကာင္းနဲ႔ အဲဒီ Chamoli ေဒသကို ေစလႊတ္ေနၿပီလို႔လည္း အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

= = = = = = =

တိုက္႐ိုက္ လင့္ခ္

[ UNICODE ]

ဟိမဝန္တာ ရေခဲစိုင်ပြိုလို့ အိန္ဒိယ ရေကာတာကျိုးပေါက်မှု လူပေါင်း ၁၅၀ ခန့် ပျောက်ဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း. Uttarakhand ဒေသမှာ တနင်္ဂနွေနေ့က ဟိမဝန္တာရေခဲပြင်က ကြီးမားတဲ့ရေခဲစိုင်ပြိုကျတဲ့အတွက် ရေကာတာ ကျိုးပေါက်ပြီး အင်္ဂါမြစ်မကြီးထဲ စီးဝင်တဲ့ Dhauli Ganga မြစ်ရေကြီးမှုကနေ လူပေါင်း ၁၄၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ရေကာတာအောက်ပိုင်း မြစ်ကြောင်းတလေ ျှာက်က ကျေးရွာနေ ရွာသားတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရပါတယ်။ အခုအချိန်အထိတော့ အလောင်း ၉ လောင်း ပြန်တွေ့ရပြီ လို့ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ Uttarakhand ဒေသခံတွေနဲ့ အတူ အိန္ဒိယတနိုင်ငံလုံးက ရပ်တည်ကြမှာ ဖြစ်ကြောင်းနဲ့ ဒေသခံအားလုံး ဘေးကင်းဖို့ တနိုင်ငံလုံးက ဆုတောင်းနေကြောင်း တွစ်တာမှာ ရေးပါတယ်။

ပျောက်ဆုံးနေသူ အများစုဟာ အဲဒီရေကာတာမှာ တည်ဆောက်နေဆဲ ရေအားလ ျှပ်စစ်ဓါတ်အားပေးစက်ရုံ က အလုပ်သမားတွေ ဖြစ်ပြီး အဲဒီက လှိုဏ်ခေါင်းထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကူညီကယ်ဆယ်ရေးတွေကို စေလွှတ်ပေးနေပြီဖြစ်ပါတယ်။

ဖြစ်စဉ်ဟာ သိပ်ကို မြန်ဆန်တဲ့ အတွက် သတိပေးချိန်တောင် မရလိုက်ဘူးလို့ ဒေသခံ တဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့တွေကို လေကြောင်းနဲ့ အဲဒီ Chamoli ဒေသကို စေလွှတ်နေပြီလို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG