သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာအပူဆံုးႏွစ္ ၃ႏွစ္ထဲ ပါ၀င္တဲ႔ ၂၀၂၀


(Zawgyi/Unicode)

ကမၻာ့ အပူခ်ိန္ ျမင့္တက္လာေနတာက လူသားေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ဥတုရာသီ ေျပာင္းလဲမႈကို ပိုၿပီး အရွိန္ျမႇင့္တက္ေနေစတယ္လို႔ ကမၻာ့ မိုးေလဝသ အဖြဲ႕ခ်ဳပ္ WMO က သတိေပးလိုက္ပါတယ္။

၂၀၂၀ ခုႏွစ္က ကမၻာ့ အပူဆုံး ႏွစ္ေတြအျဖစ္ မွတ္တမ္းတင္ခံထားရတဲ့ ႏွစ္ သုံးႏွစ္ ထဲမွာ ပါဝင္ေနတာပါ။ အပူဆုံးႏွစ္ ျဖစ္တဲ့ ၂၀၁၆ ခုႏွစ္ထက္ အနည္းငယ္သာ အပူခ်ိန္ကြာျခားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ထဲ ကမၻာ့ အပူျပင္းဆုံးႏွစ္ ၆ ႏွစ္ ရွိခဲ့တယ္လို႔လည္း WMO က ေျပာပါတယ္။

ဒီလို ပိုၿပီး ပိုၿပီး ပူလာတဲ့ အပူျပင္းဆုံးႏွစ္ေတြ ရွိလာက ဥတုရာသီ ေျပာင္းလဲမႈ ဆက္လက္ ျဖစ္ေပၚေနတာရဲ့ အမွတ္ လကၡဏာ တစ္ခု ျဖစ္ပါတယ္။ ဒီ အေျခအေန ေလ်ာ့ပါး သက္သာဖို႔လမ္း မျမင္ေသးပါဘူး။ ဥတုရာသီ ေျပာင္းလဲေနတာက တကယ့္ျဖစ္ရပ္ပါ။ ေရွ႕လာမယ့္ အနာဂတ္မွာ ၾကဳံရမွာ မဟုတ္ဘဲ အခုကိုပဲ ျဖစ္ေနတာပါ။ ေပ်ာက္ကြယ္သြားဦးမွာ မဟုတ္ပါဘူးလို႔ WMO ရဲ့ ေျပာခြင့္ရ Clare Nullis က VOA ကို ေျပာပါတယ္။

ကမၻာႀကီးက စက္မႈေတာ္လွန္းေရး မတိုင္ခင္ကထက္ ၁.၂ စင္တီဂရိတ္ ပိုၿပီး ပူလာတယ္လို႔ မိုးဇလ ပညာရွင္ေတြက ေျပာပါတယ္။ ဒီႏႈန္းနဲ႔ဆိုရင္ ဒီ ရာစုႏွစ္ထဲ အပူခ်ိန္ ၃ ဒီဂရီကေန ၅ ဒီဂရီအထိ တက္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

ကမၻာႀကီး ပူေႏြးလာတာေၾကာင့္ ကမၻာ့ေဒသေတြမွာ မၾကဳံစဖူး ေဖာက္ျပန္တဲ့ ရာသီဥတုကို ျဖစ္ေပၚလာေစေၾကာင္းနဲ႔ ဆိုက္ေဘးရီး ယားေဒသမွာ အပူခ်ိန္ လြန္ကဲေနၿပီး ေတာမီးေလာင္မႈေတြ ျဖစ္ေပၚခဲ့ရေၾကာင္းလည္း WMO ေျပာခြင့္ရက ေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ကုန္ခါနီးမွာ La Nina ေရေအးစီးေၾကာင္းေၾကာင့္ အပူခ်ိန္ ေလ်ာ့က်သြားခဲ့ရေပမယ့္လို႔ ၂၀၂၁ ခုႏွစ္ဟာ အပူျပင္းဆုံး ႏွစ္တစ္ႏွစ္ ျဖစ္လာဖြယ္ ရွိတယ္လို႔လည္း ၿဗိတိန္နိုင္ငံ မိုးေလဝသ႐ုံးရဲ႕ ႏွစ္စဥ္ ခန္႔မွန္းခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမၻာအပူဆံုးႏွစ္ ၃ႏွစ္ထဲ ပါ၀င္တဲ႔ ၂၀၂၀
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္


.............

ကမ္ဘာအပူဆုံးနှစ် ၃နှစ်ထဲ ပါဝင်တဲ့ ၂၀၂၀

(Unicode)

ကမ္ဘာ့ အပူချိန် မြင့်တက်လာနေတာက လူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုရာသီ ပြောင်းလဲမှုကို ပိုပြီး အရှိန်မြှင့်တက်နေစေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ချုပ် WMO က သတိပေးလိုက်ပါတယ်။

၂၀၂၀ ခုနှစ်က ကမ္ဘာ့ အပူဆုံး နှစ်တွေအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ နှစ် သုံးနှစ် ထဲမှာ ပါဝင်နေတာပါ။ အပူဆုံးနှစ် ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ထက် အနည်းငယ်သာ အပူချိန်ကွာခြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲ ကမ္ဘာ့ အပူပြင်းဆုံးနှစ် ၆ နှစ် ရှိခဲ့တယ်လို့လည်း WMO က ပြောပါတယ်။

ဒီလို ပိုပြီး ပိုပြီး ပူလာတဲ့ အပူပြင်းဆုံးနှစ်တွေ ရှိလာက ဥတုရာသီ ပြောင်းလဲမှု ဆက်လက် ဖြစ်ပေါ်နေတာရဲ့ အမှတ် လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဒီ အခြေအနေ လျော့ပါး သက်သာဖို့လမ်း မမြင်သေးပါဘူး။ ဥတုရာသီ ပြောင်းလဲနေတာက တကယ့်ဖြစ်ရပ်ပါ။ ရှေ့လာမယ့် အနာဂတ်မှာ ကြုံရမှာ မဟုတ်ဘဲ အခုကိုပဲ ဖြစ်နေတာပါ။ ပျောက်ကွယ်သွားဦးမှာ မဟုတ်ပါဘူးလို့ WMO ရဲ့ ပြောခွင့်ရClare Nullis က VOA ကို ပြောပါတယ်။

ကမ္ဘာကြီးက စက်မှုတော်လှန်းရေး မတိုင်ခင်ကထက် ၁.၂ စင်တီဂရိတ် ပိုပြီး ပူလာတယ်လို့ မိုးဇလ ပညာရှင်တွေက ပြောပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ဒီ ရာစုနှစ်ထဲ အပူချိန် ၃ ဒီဂရီကနေ ၅ ဒီဂရီအထိ တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာတာကြောင့် ကမ္ဘာ့ဒေသတွေမှာ မကြုံစဖူး ဖောက်ပြန်တဲ့ ရာသီဥတုကို ဖြစ်ပေါ်လာစေကြောင်းနဲ့ ဆိုက်ဘေးရီး ယားဒေသမှာ အပူချိန် လွန်ကဲနေပြီး တောမီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း WMO ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ကုန်ခါနီးမှာ La Nina ရေအေးစီးကြောင်းကြောင့် အပူချိန် လျော့ကျသွားခဲ့ရပေမယ့်လို့ ၂၀၂၁ ခုနှစ်ဟာ အပူပြင်းဆုံး နှစ်တစ်နှစ် ဖြစ်လာဖွယ် ရှိတယ်လို့လည်း ဗြိတိန်နိုင်ငံ မိုးလေဝသရုံးရဲ့ နှစ်စဉ် ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG