သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အပူလှိုင်း သေဆုံးသူ ၆ ဦး ရှိပြီ


အမေရိကန် ပြည်ထောင်စု တဝန်းမှာ အပူလှိုင်း ရိုတ်ခတ်တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ရပြီး တနင်္ဂနွေနေ့ အထိ ရာသီဥတုက ပူလောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အပူလှိုင်း ရိုက်ခတ်မှု ပြီးဆုံးခါနီးပါပြီလို့လည်း မိုးလေဝသ ပညာရှင်တွေက ပြောဆိုထားပါတယ်။

အနောက်အလယ်ပိုင်းက လေအေးထုက အရှေ့ဘက် ကမ်းခြေဆီကို ဦးတည်လာနေပြီး အပူဒဏ် သက်သာသွားစေမှာနဲ့ အတူဘဲ မုန်တိုင်းနဲ့ မိုးသည်ထန်မှုတွေကြောင့် ရုတ်တရက် ရေကြီးမှုနဲ့ လေပြင်းကြောင့် ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်လို့လည်း အမျိုးသား မိုးလေဝသ ဌာနက ပြောဆိုထားပါတယ်။

အမေရိကန် ပြည်ထောင်စု တဝန်းမှာတော့ ပွဲတော်တွေ၊ ဂီတဖျော်ဖြေပွဲတွေကနေ အားကစားပွဲတွေ အထိ အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ ဖလော်ရီဒါ ပြည်နယ် Clearwater က ကမ်းခြေမှာတော့ မိုးကြိုးထိမှန်ပြီး အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရုပ်သံ WTSP သတင်းမှာ ဖော်ပြပါတယ်။ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက လျှပ်စီး ထိတာကြောင့် ဒဏ်ရာရခဲ့သူတဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားထိ ဒဏ်ရာရခဲ့ပါတယ်။

ဆွေးမျိုးတွေနဲ့ မိတ်ဆွေတွေ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေကို ကြည့်ရှုစောင့်ရှောက်ကြဖို့လည်း အမျိုးသား မိုးလေဝသ ဌာနက အကြံပြုထားပါတယ်။ နိုင်ငံ အနောက် အလယ်ပိုင်းကနေ အရှေ့ဘက် ကမ်းရိုးတန်း အထိ မြို့ကြီးတွေမှာ အပူချိန် မြင့်တက်နေတာပါ။ အများပြည်သူဆိုင်ရာ ရေကူးကန်တွေ အချိန်ပို ဖွင့်ဖို့ ခွင့်ပြုထားပြီး အပူချိန်ကို အကောင်းဆုံး ဘယ်လို နေထိုင်ကြမလဲ ဆိုတဲ့ အကြံပြုချက်တွေကိုလည်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG