သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နေရာအတော်များများ အပူလှိုင်းဒဏ်သင့်


အမေရိကန်ပြည်ထောင်စု ဒေသအတော်များများမှာ အပူလှိုင်းဒဏ် ခံစားနေရပါတယ်။

အရှေ့မြောက်နဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာ လက်ရှိမှာကိုပဲ အပူချိန် မြင့်မားနေပြီး အခုသီတင်းပတ်ကုန်အတွင်း အပူချိန်ဟာ စံချိန်တင်မြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်။ ရေဓာတ် ခမ်းခြောက်မသွားအောင် သတိထားနေထိုင်ကြဖို့ လူထုကို သတိပေး ချက် ထုတ်ပြန်ထားပါတယ်။

စနေနေ့ကျရင် အပူချိန် စံချိန်တင်မြင့်မားမယ့် ဒေသတွေမှာ အမေရိကန်နိုင်ငံသား ၈၇ သန်းကျော် နေထိုင်နေကြတယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ရဲ့ အပူချိန်ဟာ ၄၃.၃ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ရောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ကာလီဖိုးနီးယား ပြည်နယ်၊ Death Valley အရပ်မှာ ခံစားရတဲ့ အပူဒဏ်အတိုင်း ခဏတာ ခံစားရလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

အန္တရာယ်ကြီးတဲ့ အပူချိန်မြင့်မားမှုနဲ့ စိုထိုင်းဆကြောင့် ကြိုတင်သတိထားပြီး မကာကွယ်ဘူးဆိုရင် အပူရှပ်တဲ့ဒဏ်ကို ချက်ခြင်း ခံစားရနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာန NWS က သတိပေးထားပါတယ်။

ကလေးငယ်တွေ၊ အသက်ကြီးရင့်သူတွေ၊ လေအေးပေးစက်မရှိဘဲ နေထိုင်နေရသူတွေနဲ့ ပြင်ပမှာ အပြင်းအထန် လှုပ်ရှားလုပ်ဆောင်သူတွေဟာ အပူဒဏ်ခံရနိုင်ခြေ အများဆုံးဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

မော်တော်ကားထဲမှာလည်း အန္တရာယ်ရှိတဲ့အပူချိန်ကို မိနစ်ပိုင်းအတွင်း ရောက်သွားနိုင်တယ်လို့ NWS ရဲ့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG