အပူချိန်လွန်ကဲမှုကြောင့် အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှာ ၂၄ နာရီအတွင်း လူဒါဇင်နဲ့ချီ သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေ နေ့မှာ ပြောပါတယ်။ အိန္ဒိယမှာ အပူချိန် မြင့်တက်နေတာ သီတင်း ၃ပတ်လောက် ကြာနေပါပြီ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အပူချိန်ဟာ ၄၅ ဒီဂရီ Celsius တဝိုက်မှာရှိနေပြီး ဆင်းရဲတဲ့ အိန္ဒိယမြောက်ပိုင်းပြည်နယ် ၃ခုမှာ လူသေဆုံးမှု ဖြစ်ခဲ့ တယ်လို့ ကျန်းမာရေးဌာန အကြီးအကဲ ဗီဂျေး-ကူးမားက AFP ကိုပြောပါတယ်။
အိန္ဒိယအရှေ့ခြမ်း Magadh ဒေသမှာတော့ မိုးခေါင်ရေရှားမှုကြောင့် ခရိုင်သုံးခုမှာ လူ ၅၀ နီးပါးသေဆုံးသွားတယ်လို့ ကူးမားက ပြောပါတယ်။ စနေနေ့ နေ့လည်ပိုင်းက လူတွေ ရုတ်တရက်အပူရှပ်ပြီး ဆေးရုံကို ရောက်လာကြောင်းနဲ့ သူတို့ထဲက အများစုဟာ သေဆုံးသွားကြတယ်လို့ သူကဆိုပါတယ်။
Aurangabad ပြည်နယ် Aurangabad ဘက် အစိုးရဆေးရုံမှာတော့ နောက်ထပ်လူ ၄၀လောက် ဆေးကုသမှုခံယူနေရပါတယ်။ အများစုဟာ အသက် ၅၀ကျော် အရွယ်တွေဖြစ်ပြီး အဖျားတက်တာ၊ ဝမ်းလျှောတာ အန်တာတွေဖြစ်ကြပါတယ်။ အော်ရမ်ဂါဘက် ခရိုင်မှာ လူ ၂၇ဦး သေဆုံးပြီး ၊ Gaya မှာ ၁၅ ဦး ၊ Nawada မှာ ၇ဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေအတွက် မိသားစု တစုကို ဒေါ်လာ (၅၇၀၀)စီ ကူညီသွားမယ်လို့ပြည်နယ်ဝန်ကြီးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း အိန္ဒိယနဲ့ ပါကစ္စတန်မှာ အပူလှိုင်း ဖြတ်တာကြောင့် လူပေါင်း (၃၅၀၀)ကျော် သေဆုံးခဲ့ရပါတယ်။