သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါအပူလှိုင်း လူ ၅၀ မက သေဆုံး


၂၀၁၂ ခု၊ ဇူလိုင်လ ၅ ရက်က ကနေဒါအပူလှိုင်းကြောင့် ရေခန်းခြောက်နေတဲ့ ချိုင် (cove) တခုမြင်ကွင်း။
၂၀၁၂ ခု၊ ဇူလိုင်လ ၅ ရက်က ကနေဒါအပူလှိုင်းကြောင့် ရေခန်းခြောက်နေတဲ့ ချိုင် (cove) တခုမြင်ကွင်း။

Canada အရှေ့ပိုင်းနဲ့ အလယ်ပိုင်းကို ပြင်းထန်တဲ့ အပူလှိုင်း ဆက်လက်ဝင်ရောက်နေချိန် မှာ ပဲ Quebec နယ်မှာ အပူရှိန်ကြောင့် သေဆုံးသူ သီတင်းတပါတ်ထဲမှာ ၅၄ ယောက် ထက် မနည်း ရှိသွားပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက သောကြာနေ့က ပြောကြားခဲ့ပါ တယ်။

သေဆုံးသူ ၃၀ နီးပါးက Montreal မြို့ကဖြစ်ပြီး ကျန်သေဆုံးသူတွေက Quebec နယ် တောင်ပိုင်းက ဖြစ်ကြပါတယ်။ သက်ကြီးရွယ်အို အမျိုးသားတွေများတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဆယ်စုနှစ်နဲ့ချီအတွင်း အပူလှိုင်းဒဏ်ကို Quebec နယ်မှာ ခံစားနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ရပ်ကွက်တော်တော်များများမှာ တအိမ်တက်ဆင်း အခြေအနေကောင်းမကောင်း လိုက်လံမေးမြန်းနေကြပါတယ်။ ဒေသခံတော်တော်များများရဲ့ အိမ်တွေမှာ လေအေးပေးစက်မရှိကြပါဘူး။ လူတွေကို ရေများများသောက်ကြဖို့နဲ့ ကိုယ့်နီးနားချင်းတွေ အချင်းချင်း ကြည့်ရှုစောင့်ရှောက်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

Ontario, Nova Scotia နဲ့ New Brunswick နယ်တွေမှာလည်း အပူလှိုင်းသတိကို သောကြာနေ့အထိ ထုတ်ပြန်ထားခဲ့ရပါတယ်။

ကနေဒါအပူလှိုင်း လူ ၅၀ မက သေဆုံး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG