သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အနောက်တောင်ခြမ်း အပူလှိုင်းပြင်းထန်လို့ လူသေဆုံး


Arizona Sonoita မှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့်တောမီးလောင်ကျွမ်းမှုဖြစ် ( ဇွန် ၂၀-၂၀၁၇)
Arizona Sonoita မှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့်တောမီးလောင်ကျွမ်းမှုဖြစ် ( ဇွန် ၂၀-၂၀၁၇)

အမေရိကန်အနောက်တောင်ဘက်ခြမ်းမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ Los Angeles ဘက်မှာတော့ သောကြာနေ့က အပူချိန်အနည်းငယ် ပြန်လည်သက်သာလာပေမယ့် ပူပြင်းတဲ့နွေရာသီအတွက်ကို ဒေသခံတွေက ကြိုတင်ပြင်ဆင်နေရပါတယ်။

California၊ Palm Springs၊ Arizona နဲ့ Tucson မြို့တွေအပါအဝင် အမေရိကန် အနောက်တောင်ဘက်ခြမ်း နေရာဒေသ အတော်များများမှာ ဒီသီတင်းပတ်အစောပိုင်းက အပူချိန် ၄၅ ဒီဂရီ Celsius နဲ့ အထက်ရှိတာကြောင့် Phoenix မြို့မှာ လေယာဉ်တွေဆင်းသက်ခဲ့ရပါတယ်။

ဒေသတဝိုက်မှာရှိတဲ့ ရပ်ကွက်အတွင်း လုထုစုဝေးရာနေရာတွေက လေအေးစက်ဖွင့်ထားတဲ့နေရာတွေနဲ့ ရေပန်းဖွင့်ထားတဲ့ အပန်းဖြေဥယာဉ်နေရာတွေမှာ လူတွေသွားရောက်စုဝေးကြပြီး အအေးခံနေရပါတယ်။

အနောက်ဘက်ခြမ်းတလျှောက် ဟိုတကွက် ဒီတကွက် မီးလောင်တာတွေ နေရာအနှံ့မှာဖြစ်ပွားနေပြီး Nevada, Arizona နဲ့ California ဒေသတွေမှာ အပူလွန်ကဲမှုကြောင့် သေဆုံးမှုတွေရှိခဲ့ပါတယ်။ အပူဒဏ်ကို လူတွေမက တိရိစ္ဆာန်တွေလည်း ခံစားနေကြရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။

Phoenix တိရိစ္ဆာန်ရုံအတွင်းက ဆင်တွေ အပူသက်သာစေဖို့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဆင်တွေရဲ့ ခြေဖဝါးတွေကို ရေပက်ဖြန်းပေးကြရပါတယ်။ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်အတွက် မိဘတွေနဲ့ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေကိုလည်း သူတို့ရဲ့ ကလေးငယ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ကားထဲမှာချန်မထားကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG