သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

India အပူလှိုင်းကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်


အပူဒဏ်ကြောင့် မျက်နှာကို ရေဖျန်းနေတဲ့ အိန္ဒိယအမျိုးသားတဦး။ (မေ ၂၄၊ ၂၀၁၅)
အပူဒဏ်ကြောင့် မျက်နှာကို ရေဖျန်းနေတဲ့ အိန္ဒိယအမျိုးသားတဦး။ (မေ ၂၄၊ ၂၀၁၅)

အိန္ဒိယနိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ၂,၂၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် နှစ်စဉ်ကျရောက်တဲ့ မုတ်သုန်မိုး ရောက်လာမယ့် အချိန်ကို အများစုက စောင့်မျှော်နေကြပါတယ်။

တိုင်းပြည် တောင်ပိုင်းဒေသတချို့မှာ တနင်္ဂနွေနေ့က လိုအပ်နေတဲ့မိုး ရွာပြီး မိုးသက်မုန်တိုင်း ကျရောက်ခဲ့တဲ့အတွက် တချို့ သက်သာရာရခဲ့ပေမယ့် အပူလှိုင်းဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာတော့ နောက်ထပ်တရက် အပူလှိုင်း ဆက်ရှိနေဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သီတင်းပတ်ကုန် ရက်ပိုင်းအတွင်း ပြီးသွားတဲ့ အပူလှိုင်းကြောင့် အဲဒီ ပြည်နယ်နှစ်ခုအတွင်းက နေ့အပူချိန်ဟာ ၁၁၃ ကနေ ၁၁၆ အထိနဲ့ ညီမျှတဲ့ ၄၅ နဲ့ ၄၇ ဒီဂရီ Celsius အကြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ Andhra Pradesh ပြည်နယ်အတွင်း စနေနေ့က သေဆုံးသူ ၁၄၆ ယောက် ရှိခဲ့တဲ့အတွက် အဲဒီ ပြည်နယ်တခုထဲတင် သေဆုံးသူ အရေအတွက်ဟာ ၁,၆၃၆ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

အပူချိန် လျော့ကျစေမယ့် မုတ်သုန်မိုးဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းကို တဖြည်းဖြည်းချင်း ရွေ့မသွားခင် တောင်ပိုင်းဒေသမှာ အခုသီတင်းပတ်အတွင်း ကျရောက်ဖို့ ရှိနေပါတယ်။ မုတ်သုန်မိုးဟာ အခုချိန်ကစပြီး စက်တင်ဘာလအထိ ကြာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG